အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီးနဲ့အတူ မိသားစုစုံစုံလင်လင် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့တဲ့ လင်းဇာနည်ဇော်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သရုပ္ေဆာင္ လင္းဇာနည္ေဇာ္က ေမာင္ႏွမေတြ စံုစံုလင္လင္နဲ႔ သံဃာေတာ္ ၂၂၅ ပါးကို ဆြမ္းဆန္စိမ္းေလာင္းလွဴခဲ့ပါတယ္။

ဒီအလွဴေလးမွာေတာ့ တရားရင္ဆိုင္ေနရဆဲျဖစ္တဲ့ အစ္ကိုျဖစ္သူ ဒါရိုက္တာ မိုက္တီးလည္း ဆြမ္းဆန္စိမ္းေလာင္းလွဴခဲ့တာေတြ႔ရပါတယ္။ ဒါရိုက္တာမိုက္တီးဟာ မူးယစ္ေဆးဝါးအမွုနဲ႔ တရားရင္ဆိုင္ေနရတာျဖစ္ျပီး တရားရင္ဆိုင္ေနစဥ္အတြင္းမွာပဲ ဖခင္ျဖစ္သူလည္း ဆံုးပါးသြားခဲ့တာျဖစ္ပါတယ္။

အခ်ဳပ္က်ေနစဥ္အတြင္းမွာ အူမၾကီးကင္ဆာေရာဂါကိုခံစားေနရတာေၾကာင့္ အာမခံရရွိခဲ့တာလည္းျဖစ္ပါတယ္။ ေဆးကုသမွုကို ခံယူေနရတဲ့ ဒါရိုက္တာမိုက္တီးဟာ ယေန႔ ဆြမ္းဆန္စိမ္းေလာင္းလွဴေနတဲ့ ပံုရိပ္မွာေတာ့ မမွတ္မိႏိုင္ေလာက္ေအာင္ ဝျဖိဳးစိုျပည္လာခဲ့တယ္လို႔ ပရိသတ္ေတြက မွတ္ခ်က္ေပးထားခဲ့ၾကပါတယ္။ ဒါေတြဟာလည္း ေမာင္ႏွမေတြျဖစ္တဲ့ လင္းဇာနည္ေဇာ္နဲ႔ ခ်စ္ခ်စ္ေဇာ္တုိ႔ရဲ႕ ျပဳစုေစာင့္ေရွာက္မွုေၾကာင့္လို႔ မွတ္ခ်က္ေပးထားတာေတြ႔ရပါတယ္။

အျမတ္တႏိုးတန္ဖိုးထားရတဲ့ ဖခင္ၾကီး ကြယ္လြန္သြားျပီျဖစ္ေပမယ့္ ေမာင္ႏွမေတြ စံုစံုလင္လင္ေလး ျဖတ္သန္းခြင့္ရေနတဲ့အခ်ိန္ေလးေတြကေတာ့ မိသားစုကို တန္ဖိုးထားတတ္သူေတြအတြက္ အဖိုးမျဖတ္ႏိုင္တ့ဲအခ်ိန္ေလးေတြပါပဲ။

လင္းဇာနည္ေဇာ္၊ ဒါရိုက္တာမိုက္တီးနဲ႔ ခ်စ္ခ်စ္ေဇာ္တို႔ ေမာင္ႏွမေတြရဲ႕ ဆြမ္းဆန္စိမ္းေလာင္းလွဴေနတဲ့ပံုရိပ္ေလးေတြကို ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

Cele Star

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် လင်းဇာနည်ဇော်က မောင်နှမတွေ စုံစုံလင်လင်နဲ့ သံဃာတော် ၂၂၅ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပါတယ်။

ဒီအလှူလေးမှာတော့ တရားရင်ဆိုင်နေရဆဲဖြစ်တဲ့ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးလည်း ဆွမ်းဆန်စိမ်းလောင်းလှူခဲ့တာတွေ့ရပါတယ်။ ဒါရိုက်တာမိုက်တီးဟာ မူးယစ်ဆေးဝါးအမှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး တရားရင်ဆိုင်နေစဉ်အတွင်းမှာပဲ ဖခင်ဖြစ်သူလည်း ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

အချုပ်ကျနေစဉ်အတွင်းမှာ အူမကြီးကင်ဆာရောဂါကိုခံစားနေရတာကြောင့် အာမခံရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဆေးကုသမှုကို ခံယူနေရတဲ့ ဒါရိုက်တာမိုက်တီးဟာ ယနေ့ ဆွမ်းဆန်စိမ်းလောင်းလှူနေတဲ့ ပုံရိပ်မှာတော့ မမှတ်မိနိုင်လောက်အောင် ဝဖြိုးစိုပြည်လာခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားခဲ့ကြပါတယ်။ ဒါတွေဟာလည်း မောင်နှမတွေဖြစ်တဲ့ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ရဲ့ ပြုစုစောင့်ရှောက်မှုကြောင့်လို့ မှတ်ချက်ပေးထားတာတွေ့ရပါတယ်။

အမြတ်တနိုးတန်ဖိုးထားရတဲ့ ဖခင်ကြီး ကွယ်လွန်သွားပြီဖြစ်ပေမယ့် မောင်နှမတွေ စုံစုံလင်လင်လေး ဖြတ်သန်းခွင့်ရနေတဲ့အချိန်လေးတွေကတော့ မိသားစုကို တန်ဖိုးထားတတ်သူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့အချိန်လေးတွေပါပဲ။

လင်းဇာနည်ဇော်၊ ဒါရိုက်တာမိုက်တီးနဲ့ ချစ်ချစ်ဇော်တို့ မောင်နှမတွေရဲ့ ဆွမ်းဆန်စိမ်းလောင်းလှူနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Cele Star