နယ်ကိုအလုပ်နဲ့သွားရတဲ့အခါ ကားမရှိတဲ့လုပ်ဖော်ကိုင်ဖက်တွေကို ကူညီဖို့ ကားကိုအရစ်ကျဝယ်လိုက်တယ်ဆိုတဲ့ ကျော်ထူး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေက်ာ္ထူးကေတာ့ နယ္ကို ဇာတ္ကား႐ိုက္သြားတဲ့အခါ၊ ေဖ်ာ္ေျဖေရးေတြ၊ အၿငိမ့္ေတြ သြားကရတဲ့အခ်ိန္မွာ ကားမရွိတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြကို အကူအညီေပးႏိုင္ဖို႔ ကားတစ္စီးဝယ္ခဲ့တယ္လို႔ ဆိုပါတယ္။ သူကိုယ္တိုင္ကလည္း ကိုယ္ပိုင္ကားမရွိတဲ့အခ်ိန္မွာ အခက္အခဲေတြ ႀကဳံခဲ့တယ္လို႔ ေျပာပါတယ္။ေက်ာ္ထူးဟာ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္က ရတဲ့ အႏုပညာေၾကးေတြကို စုေဆာင္းရင္း ကားတစ္စီး ဝယ္ခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုပါ ကား ဝယ္ျဖစ္ခဲ့တာကေတာ့ သူ႔မွာ ကိုယ္ပိုင္ကား မရွိတုန္းက အခက္အခဲေတြကို ကိုယ္ခ်င္းစာမိတဲ့အတြက္ ဝယ္ခဲ့တယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

ကြၽန္ေတာ့္ မိသားစုက ၄ ေယာက္တည္းရွိပါတယ္။ ကားအေသးေလး တစ္စီးေလာက္ရွိရင္ ရၿပီ။ ဒါေပမယ့္ အၿငိမ့္ေတြသြားကတယ္၊ ေဖ်ာ္ေျဖေရးေတြ သြားၾကတယ္၊ ဇာတ္ကားေတြ သြား႐ိုက္ၾကမယ္ဆိုရင္ ကြၽန္ေတာ္ ကိုယ္ခ်င္းစာမိတာကကြၽန္ေတာ္ ကားမရွိတုန္းက ခံစားခဲ့ရတာေတြေၾကာင့္ တခ်ိဳ႕ ကားမရွိတဲ့ လူ႐ႊင္ေတာ္ေတြ၊ ဟာသသ႐ုပ္ေဆာင္ေတြကို ကြၽန္ေတာ့္ကားနဲ႔ ေခၚဖို႔ အခုစီးေနတဲ့ ကားကို အရစ္က်စနစ္နဲ႔ ဝယ္ခဲ့တာပါ” ဆိုၿပီးေတာ့ ဇန္နဝါရီ္လ ၁ ရက္ေန႔ က James ဂ်ိဳကာ ဇာတ္လမ္းတြဲ ကန္ေတာ့ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။သူကေတာ့ အရစ္က် စနစ္နဲ႔ ကားေရာင္းေပးတဲ့သူ ရွိတာေၾကာင့္ ဒါကို အခြင့္အေရးတစ္ခုလို႔ သတ္မွတ္လိုက္ပါတယ္တဲ့။ ကားအေၾကာင္းကို ေသခ်ာ နားမလည္ေပမယ့္ အလုပ္နဲ႔ပတ္သက္ၿပီး ကားမရွိလို႔ အခက္အခဲျဖစ္ေနတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြကို ကိုယ္ခ်င္းစာတဲ့ ဆႏၵေၾကာင့္ပါလို႔ သူကဆိုပါတယ္။

အရစ္က်စနစ္နဲ႔ ရေတာ့လည္း ဝမ္းသာအားရနဲ႔ ဝယ္လိုက္တာေပါ့။ မ်ားရင္လည္း မ်ားတယ္ ကိုယ့္ကံေပါ့ဗ်ာ။ ကြၽန္ေတာ္က ကားအေၾကာင္းမွ နားမလည္တာ။ နားလည္တာကလည္း ပ်က္လုံးပ်က္ဖို႔၊ စာေရးဖို႔ပဲ နားလည္တယ္။ က်န္တာ နားမလည္ေတာ့ အဲဒီအခက္အခဲေလးေတြေတာ့ ႀကဳံရတယ္။ ဝယ္ၿပီးမွာေတာ့လည္း ေနာင္တ မရေတာ့ပါဘူး” လို႔ သူကဆိုပါတယ္။ေက်ာ္ထူးကိုေတာ့ ဟာသလူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ အဲဒီေနာက္ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကား၊ ဇာတ္လမ္းတြဲ နဲ႔ ဇာတ္လမ္းတိုေတြမွာ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

အစီအစဥ္တင္ဆင္သူ အေနနဲ႔လည္း ေဆာင္႐ြက္ေနတာမ်ိဳးေတြရွိပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းကလည္း ႏွစ္ေပါင္း ၂၀ ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။ ေက်ာ္ထူးဟာ ဇာတ္ၫႊန္းေရးဆရာ၊ စာေရး ဆရာတစ္ေယာက္အျဖစ္နဲ႔လည္း ရပ္တည္ေနတာကို ေတြ႕ရပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ကျော်ထူးကတော့ နယ်ကို ဇာတ်ကားရိုက်သွားတဲ့အခါ၊ ဖျော်ဖြေရေးတွေ၊ အငြိမ့်တွေ သွားကရတဲ့အချိန်မှာ ကားမရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီပေးနိုင်ဖို့ ကားတစ်စီးဝယ်ခဲ့တယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ကိုယ်ပိုင်ကားမရှိတဲ့အချိန်မှာ အခက်အခဲတွေ ကြုံခဲ့တယ်လို့ ပြောပါတယ်။ကျော်ထူးဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်က ရတဲ့ အနုပညာကြေးတွေကို စုဆောင်းရင်း ကားတစ်စီး ဝယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကား ဝယ်ဖြစ်ခဲ့တာကတော့ သူ့မှာ ကိုယ်ပိုင်ကား မရှိတုန်းက အခက်အခဲတွေကို ကိုယ်ချင်းစာမိတဲ့အတွက် ဝယ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

ကျွန်တော့် မိသားစုက ၄ ယောက်တည်းရှိပါတယ်။ ကားအသေးလေး တစ်စီးလောက်ရှိရင် ရပြီ။ ဒါပေမယ့် အငြိမ့်တွေသွားကတယ်၊ ဖျော်ဖြေရေးတွေ သွားကြတယ်၊ ဇာတ်ကားတွေ သွားရိုက်ကြမယ်ဆိုရင် ကျွန်တော် ကိုယ်ချင်းစာမိတာကကျွန်တော် ကားမရှိတုန်းက ခံစားခဲ့ရတာတွေကြောင့် တချို့ ကားမရှိတဲ့ လူရွှင်တော်တွေ၊ ဟာသသရုပ်ဆောင်တွေကို ကျွန်တော့်ကားနဲ့ ခေါ်ဖို့ အခုစီးနေတဲ့ ကားကို အရစ်ကျစနစ်နဲ့ ဝယ်ခဲ့တာပါ” ဆိုပြီးတော့ ဇန်နဝါရီ်လ ၁ ရက်နေ့ က James ဂျိုကာ ဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။သူကတော့ အရစ်ကျ စနစ်နဲ့ ကားရောင်းပေးတဲ့သူ ရှိတာကြောင့် ဒါကို အခွင့်အရေးတစ်ခုလို့ သတ်မှတ်လိုက်ပါတယ်တဲ့။ ကားအကြောင်းကို သေချာ နားမလည်ပေမယ့် အလုပ်နဲ့ပတ်သက်ပြီး ကားမရှိလို့ အခက်အခဲဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ်ချင်းစာတဲ့ ဆန္ဒကြောင့်ပါလို့ သူကဆိုပါတယ်။

အရစ်ကျစနစ်နဲ့ ရတော့လည်း ဝမ်းသာအားရနဲ့ ဝယ်လိုက်တာပေါ့။ များရင်လည်း များတယ် ကိုယ့်ကံပေါ့ဗျာ။ ကျွန်တော်က ကားအကြောင်းမှ နားမလည်တာ။ နားလည်တာကလည်း ပျက်လုံးပျက်ဖို့၊ စာရေးဖို့ပဲ နားလည်တယ်။ ကျန်တာ နားမလည်တော့ အဲဒီအခက်အခဲလေးတွေတော့ ကြုံရတယ်။ ဝယ်ပြီးမှာတော့လည်း နောင်တ မရတော့ပါဘူး” လို့ သူကဆိုပါတယ်။ကျော်ထူးကိုတော့ ဟာသလူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ နဲ့ ဇာတ်လမ်းတိုတွေမှာ ဟာသသရုပ်ဆောင် တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အစီအစဉ်တင်ဆင်သူ အနေနဲ့လည်း ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ကျော်ထူးဟာ ဇာတ်ညွှန်းရေးဆရာ၊ စာရေး ဆရာတစ်ယောက်အဖြစ်နဲ့လည်း ရပ်တည်နေတာကို တွေ့ရပါတယ်။