သားဖြစ်သူရဲ့အနာဂတ်အတွက်စိုးရိမ်နေတဲ့အပြင် မဆင့်ရဲ့ငွေကြေးအလိမ်ခံရမှုတစ်ချို့ကိုပါ ပြောပြလာတဲ့ ဇင်ယော်မောင်မောင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ အကယ္ဒမီေမသန္းႏုရဲ႕ လတ္တေလာျဖစ္ပြားသြားတဲ့ကိစၥနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္မွာ အႏုပညာအသိုင္းအဝိုင္းမွာ ဂယက္႐ိုက္ေနခဲ့တာပါ။ ေငြေၾကးသိန္း(၁၂၀၀)အျပင္ တျခားပိုက္ဆံေခ်းေပးခဲ့တဲ့သူတခ်ိဳ႕ကပါ ေဖာ္ထုတ္လာၾကတာမို႔ မဆင့္အတြက္ေတာ့ ကံဆိုးျခင္းေတြဆက္တိုက္ဆိုသလိုျဖစ္ေနတယ္လို႔ သတ္မွတ္လို႔ ရတဲ့အျပင္ သူနဲ႔ပတ္သက္ေနတဲ့သူေတြကိုပါ ႐ိုက္ခတ္လာတာမို႔ ဇင္ေယာင္ေမာင္ေမာင္ကေတာ့ မီဒီယာေတြကို ေမတၱာရပ္ခံခဲ့တာျဖစ္ပါတယ္။

“ယခုျဖစ္ပြါးေနေသာ မဆင့္ေမသန္းႏု၏ အမူႏွင့္ ပတ္သက္ေသာ ေရးသားေဖာ္ျပခ်က္ႏွင့္ပက္သက္၍ သားျဖစ္သူအတြက္ ရည္မွန္းထားသည့္အနာဂတ္ ထိခိုက္နစ္နာမည္ကို စိုးရိမ္ပါသျဖင့္သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ ဓါတ္ပုံကိုေဖာ္ျပျခင္း အသုံးျပဳျခင္း မျပဳရန္ အထူး ေလးနက္စြာေမတၱာရပ္ခံအပ္ပါသည္။ ဖခင္ျဖစ္သူကြၽန္ေတာ့္အေနနဲ႔ေရာ သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ အေနနဲ႔ေရာ အထူးစိတ္ထိခိုက္ေၾကကြဲလ်က္ရွိပါသည္ ။

၎အျပင္ မဆင့္၏ အမူတြဲႏွင့္ပက္သက္၍ ေငြဘယ္ေလာက္ေခ်းတယ္ ဘယ္ေလာက္ျပန္ဆပ္စရာရွိတယ္ ဘယ္လိုဆုံးျဖတ္တယ္ဆိုတာ စသျဖင့္ တရား႐ုံးကို ေမးျမန္းစုံစမ္းၿပီးမွေဖာ္ျပေစလိုပါသည္။မဆင့္အေနနဲ႔ ကိုယ္တိုင္မွားယြင္းခဲ့သည့္အမွား ေျမာက္ျမားစြာရွိသည္ကို လည္းသိရွိပါသည္။သို႔ရာတြင္ တစ္ဆယ္တိုး ႏွစ္ဆယ္တိုးျဖင့္ေခ်းငွားျခင္း၊ အလိမ္ခံရျခင္း၊ေငြျပန္ဆပ္ေသာအခါ လက္ခံယူမထားျခင္း ေငြလက္ခံစာ႐ြက္ေတာင္းေသာအခါတြင္ မေပးဘဲ အညစ္ခံရျခင္း၊တာဝန္ခံႏိုင္မည့္သူမ်ားထြက္ေျပးျခင္း စသည့္ကိစၥမ်ားလည္း မ်ားစြာရွိပါသည္။သို႔ရာတြင္ ဘယ္သူမျပဳမိမိမူဆိုသည့္အတိုင္း ဥပေဒ၏ဆုံးျဖတ္ခ်က္အတိုင္း သာလ်င္ ခံယူရန္ရွိသည္ကိုလဲ ကြၽန္ေတာ္တို႔သားအဖႏွစ္ေယာက္ နားလည္သိရွိထားပါသည္။

မီဒီယာမ်ားတြင္ အခ်ိဳ႕ေရးသားခ်က္ ေဖာ္ျပခ်က္ interview မ်ားတြင္ အျဖစ္မွန္အတိုင္းကြဲလြဲသည္ မကြဲလြဲသည္ကို အခ်ိန္အတိုင္းအတာတစ္ခုအထိေစာင့္ၾကည့္ေစခ်င္ပါသည္။ မည္သို႔ပင္ျဖစ္ေစကာမူျဖစ္ သားျဖစ္သူ၏ေရွ႕ေရးအနာဂတ္ႏွင့္ပက္သက္၍ ႀကံ့ႀကံ့ခံကာကြယ္လ်က္ရွိေၾကာင္းကိုလဲ ေဆြမ်ိဳးမိတ္သဂၤဟ အေပါင္းႏွင့္ပရိသတ္ႀကီးအားသိရွိရန္တင္ျပျခင္းျဖစ္ပါသည္။ အခ်ိဳ႕ေရးသားေဖာ္ျပခ်က္မ်ားေၾကာင့္ သားျဖစ္သူ၏စိတ္ႏွလုံးအထူးထိခိုက္ခံစား ေနရသည္ကိုလဲ မၾကည့္ရက္သျဖင့္ ဤကဲ့သို႔ေမတၱာရပ္ခံတင္ျပျခင္းျဖစ္ပါသည္။” လို႔ေရးသားခဲ့တာပါ။ မင္းသန႔္ေမာင္ေမာင္ကေတာ့ မၾကာေသးခင္က ႐ုံတင္ခဲ့တဲ့ တိမ္ေတြေပၚကပန္း ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ဖခင္ျဖစ္သူနဲ႔အတူ လက္စြမ္းျပခဲ့တာျဖစ္ၿပီး အေကာင္းဆုံးအရည္အေသြးေတြနဲ႔ အႏုပညာလမ္းကိုေလွ်ာက္လွမ္းဖို႔ ႀကိဳးစားေနသူတစ္ေယာက္မို႔ သားျဖစ္သူရဲ႕အနာဂတ္အတြက္စိုးရိမ္ကာ မီဒီယာေတြကို ေမတၱာရပ္ခံခဲ့တာျဖစ္ပါတယ္။

Source – Zin Yaw Mg Mg
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“သားဖြစ်သူရဲ့အနာဂတ်အတွက်စိုးရိမ်နေတဲ့အပြင် မဆင့်ရဲ့ငွေကြေးအလိမ်ခံရမှုတစ်ချို့ကိုပါ ပြောပြလာတဲ့ ဇင်ယော်မောင်မောင်”

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသန်းနုရဲ့ လတ်တလောဖြစ်ပွားသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ အနုပညာအသိုင်းအဝိုင်းမှာ ဂယက်ရိုက်နေခဲ့တာပါ။ ငွေကြေးသိန်း(၁၂၀၀)အပြင် တခြားပိုက်ဆံချေးပေးခဲ့တဲ့သူတချို့ကပါ ဖော်ထုတ်လာကြတာမို့ မဆင့်အတွက်တော့ ကံဆိုးခြင်းတွေဆက်တိုက်ဆိုသလိုဖြစ်နေတယ်လို့ သတ်မှတ်လို့ ရတဲ့အပြင် သူနဲ့ပတ်သက်နေတဲ့သူတွေကိုပါ ရိုက်ခတ်လာတာမို့ ဇင်ယောင်မောင်မောင်ကတော့ မီဒီယာတွေကို မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။

“ယခုဖြစ်ပွါးနေသော မဆင့်မေသန်းနု၏ အမူနှင့် ပတ်သက်သော ရေးသားဖော်ပြချက်နှင့်ပက်သက်၍ သားဖြစ်သူအတွက် ရည်မှန်းထားသည့်အနာဂတ် ထိခိုက်နစ်နာမည်ကို စိုးရိမ်ပါသဖြင့်သားဖြစ်သူ မင်းသန့်မောင်မောင် ဓါတ်ပုံကိုဖော်ပြခြင်း အသုံးပြုခြင်း မပြုရန် အထူး လေးနက်စွာမေတ္တာရပ်ခံအပ်ပါသည်။ ဖခင်ဖြစ်သူကျွန်တော့်အနေနဲ့ရော သားဖြစ်သူ မင်းသန့်မောင်မောင် အနေနဲ့ရော အထူးစိတ်ထိခိုက်ကြေကွဲလျက်ရှိပါသည် ။၎င်းအပြင် မဆင့်၏ အမူတွဲနှင့်ပက်သက်၍ ငွေဘယ်လောက်ချေးတယ် ဘယ်လောက်ပြန်ဆပ်စရာရှိတယ် ဘယ်လိုဆုံးဖြတ်တယ်ဆိုတာ စသဖြင့် တရားရုံးကို မေးမြန်းစုံစမ်းပြီးမှဖော်ပြစေလိုပါသည်။မဆင့်အနေနဲ့ ကိုယ်တိုင်မှားယွင်းခဲ့သည့်အမှား မြောက်မြားစွာရှိသည်ကို လည်းသိရှိပါသည်။

သို့ရာတွင် တစ်ဆယ်တိုး နှစ်ဆယ်တိုးဖြင့်ချေးငှားခြင်း၊ အလိမ်ခံရခြင်း၊ငွေပြန်ဆပ်သောအခါ လက်ခံယူမထားခြင်း ငွေလက်ခံစာရွက်တောင်းသောအခါတွင် မပေးဘဲ အညစ်ခံရခြင်း၊တာဝန်ခံနိုင်မည့်သူများထွက်ပြေးခြင်း စသည့်ကိစ္စများလည်း များစွာရှိပါသည်။သို့ရာတွင် ဘယ်သူမပြုမိမိမူဆိုသည့်အတိုင်း ဥပဒေ၏ဆုံးဖြတ်ချက်အတိုင်း သာလျင် ခံယူရန်ရှိသည်ကိုလဲ ကျွန်တော်တို့သားအဖနှစ်ယောက် နားလည်သိရှိထားပါသည်။

မီဒီယာများတွင် အချို့ရေးသားချက် ဖော်ပြချက် interview များတွင် အဖြစ်မှန်အတိုင်းကွဲလွဲသည် မကွဲလွဲသည်ကို အချိန်အတိုင်းအတာတစ်ခုအထိစောင့်ကြည့်စေချင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူဖြစ် သားဖြစ်သူ၏ရှေ့ရေးအနာဂတ်နှင့်ပက်သက်၍ ကြံ့ကြံ့ခံကာကွယ်လျက်ရှိကြောင်းကိုလဲ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းနှင့်ပရိသတ်ကြီးအားသိရှိရန်တင်ပြခြင်းဖြစ်ပါသည်။

အချို့ရေးသားဖော်ပြချက်များကြောင့် သားဖြစ်သူ၏စိတ်နှလုံးအထူးထိခိုက်ခံစား နေရသည်ကိုလဲ မကြည့်ရက်သဖြင့် ဤကဲ့သို့မေတ္တာရပ်ခံတင်ပြခြင်းဖြစ်ပါသည်။” လို့ရေးသားခဲ့တာပါ။ မင်းသန့်မောင်မောင်ကတော့ မကြာသေးခင်က ရုံတင်ခဲ့တဲ့ တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖခင်ဖြစ်သူနဲ့အတူ လက်စွမ်းပြခဲ့တာဖြစ်ပြီး အကောင်းဆုံးအရည်အသွေးတွေနဲ့ အနုပညာလမ်းကိုလျှောက်လှမ်းဖို့ ကြိုးစားနေသူတစ်ယောက်မို့ သားဖြစ်သူရဲ့အနာဂတ်အတွက်စိုးရိမ်ကာ မီဒီယာတွေကို မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။

Source – Zin Yaw Mg Mg
Rainbow- Cele Gabar