ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို သိမ်းပိုက်ထားတဲ့ စိတ်တူကိုယ်တူအနုပညာရှင်မောင်နှမများ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လက္ရွိအခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြကိုလုပ္ကိုင္ၾကၿပီး ပရိသတ္အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့သ႐ုပ္ေဆာင္ေတြကေနၿပီးေတာ့ ကိုယ္ရဲ႕ေမာင္ေလး၊ ညီမေလးေတြကိုပါ လက္တြဲေခၚကာပံ့ပိုးေပးလာၾကသူေတြ ရွိလာပါၿပီ။ အဲ့ဒီထဲမွာမွ ေအာက္မွာေဖာ္ျပေပးမယ့္သုံးေယာက္ကေတာ့ ေမာင္ႏွမႏွစ္ေယာက္လုံး ပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာကို ရရွိသူေတြအျဖစ္ ထင္ရွားတာမို႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဟန္ထူးဈာန္နဲ႔ ဈာဈာန္ဟန္သာ

ဟန္ထူးဈာန္ကေတာ့ အိမ္မက္ဆုံရာသီခ်င္းဆိုၿပိဳင္ပြဲကေနတစ္ဆင့္ ဂီတခရီးလမ္းကို ေလွ်ာက္လွမ္းလာခဲ့သူပါ။ “ဆယ္လီဘရစ္တီ” နဲ႔ “နန္း” ႏွစ္ေခြကိုထြက္ရွိထားၿပီးေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္အေနနဲ႔ ရပ္တည္ေနတဲ့အျပင္ ညီမျဖစ္သူဈာဈာန္ဟန္သာကိုလည္း လက္တြဲေခၚယူခဲ့သူပါ။ လက္ရွိအခ်ိန္မွာေတာ့ ေဖ်ာ္ေျဖပြဲေတြမၾကာခဏဆိုသလို အတူတူသြားေရာက္ေဖ်ာ္ေျဖေနရတဲ့အထိ ျပည္သူခ်စ္အႏုပညာရွင္ေမာင္ႏွမအျဖစ္နဲ႔ ရပ္တည္လာႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

(၂) မိုးယုစံနဲ႔ စန္းလင္းေအာင္

ခ်စ္စဖြယ္အၿပဳံးခ်ိဳခ်ိဳေလးနဲ႔ပရိသတ္ရဲ႕အခ်စ္ေတြကို သိမ္းပိုက္ထားတဲ့မိုးယုစံကေတာ့ လက္ရွိအခ်ိန္မွာ ခ်စ္ခင္ပြန္း၊သားေလးAustin နဲ႔အတူ သာယာခ်မ္းေျမ့တဲ့ မိသားစုဘဝေလးကို ရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္း အႏုပညာေျခလွမ္းက်ဲခဲ့ေပမယ့္လည္း ေမာင္ေလးျဖစ္သူ စန္းလင္းေအာင္ရဲ႕အႏုပညာခရီးလမ္းကို အေကာင္းဆုံးပံ့ပိုးေပးေနတာပါ။ စန္းလင္းေအာင္ကေတာ့ Lose To Win With Andy Season-2 ရဲ႕ winner အျဖစ္နဲ႔ ပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာကိုရရွိခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ေမာ္လ္ဒယ္တစ္ေယာက္အေနနဲ႔ အႏုပညာခရီးလမ္းကို စတင္ေလွ်ာက္လွမ္းလာခဲ့ၿပီျဖစ္ပါတယ္။

(၃) ေနရဲ နဲ႔ သဇင္ထူးျမင့္

ေနရဲကေတာ့ ဖခင္ျဖစ္သူဦးခင္လႈိင္ရဲ႕ အႏုပညာအရည္အေသြးအျပည့္အဝပါသူပီပီ ႐ုံတင္ဇာတ္ကားႀကီးေတြဆက္တိုက္ဆိုသလို ႐ိုက္ကူးေနရသူတစ္ေယာက္ပါ။ ညီမျဖစ္သူသဇင္ထူးျမင့္ကေတာ့ ေ႐ႊႀကိဳတစ္ေယာက္အေနနဲ႔ ပရိသတ္သတိျပဳမိခဲ့သူျဖစ္ၿပီး အႏုပညာခရီးလမ္းကိုေလွ်ာက္လွမ္းလာခဲ့ခ်ိန္မွာလည္း အစ္ကိုျဖစ္သူကေနသူ႔ရဲ႕အေတြ႕အႀကဳံကို မွ်ေဝေပးခဲ့တာပါ။ သဇင္ထူးျမင့္ကေတာ့ ေၾကာ္ျငာေပါင္းမ်ားစြာလက္ခံ႐ိုက္ကူးခဲ့ၿပီး သူ႔ရဲ႕ပထမဆုံးဇာတ္လမ္းတြဲျဖစ္တဲ့ “ဆုံစည္းခြင့္” ကိုလည္း မၾကာေသးခင္ကမွ႐ိုက္ကူးၿပီးစီးခဲ့တာပါ။ ေနရဲနဲ႔ သဇင္ထူးျမင့္ကေတာ့ ဦးခင္လႈိင္ရဲ႕သား၊သမီးေတြပီပီ ပရိသတ္အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိထားသူေတြလည္း ျဖစ္ပါတယ္။

Rainbow – Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ကြပြီး ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့သရုပ်ဆောင်တွေကနေပြီးတော့ ကိုယ်ရဲ့မောင်လေး၊ ညီမလေးတွေကိုပါ လက်တွဲခေါ်ကာပံ့ပိုးပေးလာကြသူတွေ ရှိလာပါပြီ။ အဲ့ဒီထဲမှာမှ အောက်မှာဖော်ပြပေးမယ့်သုံးယောက်ကတော့ မောင်နှမနှစ်ယောက်လုံး ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကို ရရှိသူတွေအဖြစ် ထင်ရှားတာမို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဟန်ထူးဈာန်နဲ့ ဈာဈာန်ဟန်သာ

ဟန်ထူးဈာန်ကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ဂီတခရီးလမ်းကို လျှောက်လှမ်းလာခဲ့သူပါ။ “ဆယ်လီဘရစ်တီ” နဲ့ “နန်း” နှစ်ခွေကိုထွက်ရှိထားပြီးအောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့အပြင် ညီမဖြစ်သူဈာဈာန်ဟန်သာကိုလည်း လက်တွဲခေါ်ယူခဲ့သူပါ။ လက်ရှိအချိန်မှာတော့ ဖျော်ဖြေပွဲတွေမကြာခဏဆိုသလို အတူတူသွားရောက်ဖျော်ဖြေနေရတဲ့အထိ ပြည်သူချစ်အနုပညာရှင်မောင်နှမအဖြစ်နဲ့ ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

(၂) မိုးယုစံနဲ့ စန်းလင်းအောင်

ချစ်စဖွယ်အပြုံးချိုချိုလေးနဲ့ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့မိုးယုစံကတော့ လက်ရှိအချိန်မှာ ချစ်ခင်ပွန်း၊သားလေးAustin နဲ့အတူ သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာခြေလှမ်းကျဲခဲ့ပေမယ့်လည်း မောင်လေးဖြစ်သူ စန်းလင်းအောင်ရဲ့အနုပညာခရီးလမ်းကို အကောင်းဆုံးပံ့ပိုးပေးနေတာပါ။ စန်းလင်းအောင်ကတော့ Lose To Win With Andy Season-2 ရဲ့ winner အဖြစ်နဲ့ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကိုရရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ မော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာခရီးလမ်းကို စတင်လျှောက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။

(၃) နေရဲ နဲ့ သဇင်ထူးမြင့်

နေရဲကတော့ ဖခင်ဖြစ်သူဦးခင်လှိုင်ရဲ့ အနုပညာအရည်အသွေးအပြည့်အဝပါသူပီပီ ရုံတင်ဇာတ်ကားကြီးတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေရသူတစ်ယောက်ပါ။ ညီမဖြစ်သူသဇင်ထူးမြင့်ကတော့ ရွှေကြိုတစ်ယောက်အနေနဲ့ ပရိသတ်သတိပြုမိခဲ့သူဖြစ်ပြီး အနုပညာခရီးလမ်းကိုလျှောက်လှမ်းလာခဲ့ချိန်မှာလည်း အစ်ကိုဖြစ်သူကနေသူ့ရဲ့အတွေ့အကြုံကို မျှဝေပေးခဲ့တာပါ။ သဇင်ထူးမြင့်ကတော့ ကြော်ငြာပေါင်းများစွာလက်ခံရိုက်ကူးခဲ့ပြီး သူ့ရဲ့ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ “ဆုံစည်းခွင့်” ကိုလည်း မကြာသေးခင်ကမှရိုက်ကူးပြီးစီးခဲ့တာပါ။ နေရဲနဲ့ သဇင်ထူးမြင့်ကတော့ ဦးခင်လှိုင်ရဲ့သား၊သမီးတွေပီပီ ပရိသတ်အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသူတွေလည်း ဖြစ်ပါတယ်။

Rainbow – Cele Gabar