မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ နှစ်လိုဖွယ်အလှတရားတွေကို ပြသလိုက်တဲ့ အိချောပို

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Myint Myat
Photo:Myo Aung

Unicode ဖြင့်ဖတ်ပါ
★★★★★

ပုရိသတွေရဲ့ နှလုံးသားကို အပိုင်သိမ်းထားနိုင်တဲ့ မင်းသမီးချောလေး အိချောပိုကတော့ ညှို့အားပြင်းတဲ့အလှတရားနဲ့ သူမရဲ့အနုပညာကြောင့် အားပေးတဲ့ ပရိသတ်အခိုင်အမာရနေတဲ့ မင်းသမီးတစ်ဉီးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ဝန်းရံမှုကြောင့် ပိုပိုပြီး အောင်မြင်လာတဲ့ အိချောပိုကတော့ လတ်တလောမှာ မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ အစိမ်းရောင်ဖက်ရှင်လေးနဲ့ ရင်ခုန်ဖွယ်ဖွယ်ကောင်းအောင်လှနေတဲ့ အိချောပိုရဲ့ပုံရိပ်တွေကတော့ အရမ်းအေးချမ်းလွန်းနေတာပါနော်။

အိချောပိုကတော့ “ရင့်ကျက်တည်ငြိမ် သဘောကောင်းတဲ့မိန်းမသား ကလေးကလားကိစ္စနဲ့ Pressure တွေမပေးပါ အိမ်မှုကိစ္စအချက်အပြုတ် ကျွမ်းပါတယ်အတော်လေးငွေရှာလည်းသိပ်တော်တယ်ကြိုက်တဲ့သူခေါ်မေး…” ဆိုပြီး မြန်မာဆန်ဆန် ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှနေတဲ့ သူမရဲ့နန်းဆန်ဆန်ပုံရိပ်လေးတွေကိုဝေမျှပေးထားတာပါ။

အိချောပိုကတော့ လတ်တလောမှာ နေတိုး၊ ကျော်ကျော်ဗိုတို့နဲ့အတူ ပြင်ဦလွင်မှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။အရမ်းလှတဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ အိချောပိုတော့ ဘယ်လိုဖက်ရှင်လေးဝတ်ဝတ်အရမ်းကိုလိုက်ဖက်ပြီး လှရက်လွန်းနေတာပါ။

Myint Myat
Source:Ei Chaw Po’s Facebook
Photo:Myo Aung