ရှမ်းဝတ်စုံလေးဝတ်ပြီး ရှမ်းပျိုဖြူလေးတစ်ယောက်လို လှသွေးကြွယ်နေတဲ့ နေခြည်ရွှန်းလက်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သြားတက္ေလးနဲ႔ ကေလးေလးတစ္ေယာက္လို ခ်စ္စရာေကာင္းတဲ့ ဇာတ္လမ္းတြဲမင္းသမီးေလး ေနျခည္ရႊန္းလက္ကို ပရိသတ္ႀကီး သိၿပီးသား ျဖစ္မွာပါ။ “ပုဂံၿမိဳ႕သူ” ဇာတ္လမ္းတြဲထဲက ဂြမ္းႏု ဇာတ္႐ုပ္နဲ႔ လူသိမ်ားလာခဲ့တဲ့ ေနျခည္ရႊန္းလက္က ေနာက္ပိုင္းမွာ ဇာတ္လမ္းတြဲေတြမ်ားစြာကို ႐ိုက္ကူးေနရၿပီပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေနျခည္ရႊန္းလက္ရဲ႕ အႏုပညာလႈပ္႐ွားမႈေတြကို ေစာင့္ၾကည့္အားေပးၾကတာ ျဖစ္ပါတယ္။

ေနျခည္ရႊန္းလက္က အခုလက္ရိွ ထုတ္လႊင့္ျပသေနတဲ့ “အခန္းနံပါတ္?” ဇာတ္လမ္းတြဲမွာ နန္းေစာဆိုတဲ့ မိန္းကေလးေနရာကေန သ႐ုပ္ေဆာင္ထားၿပီး ပရိသတ္ေတြရဲ႕ ဝန္းရံအားေပးမႈကို ရရိွေနတာ ျဖစ္ပါတယ္။

ေနျခည္ရႊန္းလက္က ႐ွမ္းဝတ္စံုေလးဝတ္ၿပီး “မိုင္ဆြန္ခ မွ္သုင္ခ ယူလီမီးငင္းကူေကာ့ေစကမ္းခ…..” ဆိုၿပီး ႐ွမ္းဘာသာစကားနဲ႔ ႏႈတ္ခြန္းဆက္သထားပါတယ္။

ေနျခည္ရႊန္းလက္ကေတာ့ ဘယ္အခ်ိန္ၾကည့္ၾကည့္ ရင္ထဲေအးျမေစသူေလး တစ္ေယာက္ပါပဲ။ ပရိသတ္ႀကီးလည္း ေနျခည္ရႊန္းလက္ရဲ႕ ပံုရိပ္ေလးေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္။

Rowena
Source: Nay Chi Shoon Lak’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

သွားတက်လေးနဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေး နေခြည်ရွှန်းလက်ကို ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲထဲက ဂွမ်းနု ဇာတ်ရုပ်နဲ့ လူသိများလာခဲ့တဲ့ နေခြည်ရွှန်းလက်က နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေများစွာကို ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေခြည်ရွှန်းလက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက်က အခုလက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “အခန်းနံပါတ်?” ဇာတ်လမ်းတွဲမှာ နန်းစောဆိုတဲ့ မိန်းကလေးနေရာကနေ သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက်က ရှမ်းဝတ်စုံလေးဝတ်ပြီး “မိုင်ဆွန်ခ မှ်သုင်ခ ယူလီမီးငင်းကူကော့စေကမ်းခ…..” ဆိုပြီး ရှမ်းဘာသာစကားနဲ့ နှုတ်ခွန်းဆက်သထားပါတယ်။

နေခြည်ရွှန်းလက်ကတော့ ဘယ်အချိန်ကြည့်ကြည့် ရင်ထဲအေးမြစေသူလေး တစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း နေခြည်ရွှန်းလက်ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။

Rowena
Source: Nay Chi Shoon Lak’s fb