မိသားစုလိုချစ်ရတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး လည်ပတ်စားသောက်ခဲ့တဲ့ ဖွေးဖွေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အခုချိန်ထိတိုင် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေဆဲပါ။ ဖွေးဖွေးက ကျရာဇာတ်ရုပ်အတိုင်း သူမကိုယ်သူမပြောင်းလဲပြီး သရုပ်ဆောင်နိုင်တာကြောင့် အနုပညာသက်တမ်း ဆယ်နှစ်ကျော်အတွင်းမှာ အကယ်ဒမီဆုကြီး (၃) ဆု တိတိကို ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။

ဖွေးဖွေးက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိသလို ရိုက်ကွင်းအားလပ်ရက်တွေမှာတော့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေလျက်ရှိပါတယ်။

ဖွေးဖွေးက မနေ့က ဇန်နဝါရီလ (၅) ရက်နေ့မှာတော့ သူမရဲ့ မိသားစုတွေလို ချစ်ခင်ရတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး လည်ပတ်စားသောက်ခဲ့တာကို တွေ့ရပါတယ်။

ဖွေးဖွေးက Fan Meeting ပွဲတွေကို ခမ်းခမ်းနားနား သိပ်ပြီး မလုပ်ကိုင်ပေမယ့် သူမရဲ့ ပရိသတ်တွေနဲ့တော့ မကြာခဏဆိုသလို ပေါ့ပေါ့ပါးပါး တွေ့ဆုံလေ့ရှိပါတယ်။

ဖွေးဖွေးက သူမရဲ့ အားလပ်ရက်လေးကို ပရိသတ်တွေနဲ့ လည်ပတ်စားသောက်ခဲ့တာပဲ ဖြစ်ပါတယ်။