တက္ကသိုလ် ကျောင်းသူလေးအဖြစ်ကျောင်းစတက်ပြီဖြစ်တဲ့ အေးမြဖြူ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေရဲ့ အချစ်တော် အေးမြဖြူလေးကတော့ ဒီနေ့ (၂၀၂၀)ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့မှာတော့ တက္ကသိုလ်ကျောင်းသူတစ်ယောက်အနေနဲ့ “ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်” ကိုစတင်တက်ရောက်ပြီပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းက ကျောင်တော်ကြီးကစတင်ဖွင့်လှစ်ခဲ့ပြီဖြစ်သော်လည်း မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်နေတာကြောင့် ကျောင်းကို ခွင့်တင်ထားခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

အေးမြဖြူကတော့ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်၊ မတ်လကကျင်းပပြုလုပ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာ (၃)ဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တာပါ။(၂၀၁၉)ဒီဇင်ဘာလကတည်းက တက္ကသိုလ်ကျောင်းတော်ကြီးက ဖွင့်လှစ်နေပြီဖြစ်ပေမဲ့လည်း အေးမြဖြူကတော့ ပြိုင်ပွဲရှိနေတာကြောင့် တက္ကသိုလ်ကျောင်းသူတစ်ယောက်အနေနဲ့ ကျောင်းတော်ကြီးကို ဒီနေ့မှ ပထမဆုံးတက်ရောက်ရတာလည်း ဖြစ်ပါတယ်။

အေးမြဖြူကလည်း သူ့ရဲ့ လူမှုကွန်ရက်သာမျက်နှာကနေ ပထမဆုံးကျောင်းတော်ကြီးကိုရောက်တဲ့ ပုံလေးနဲ့အတူ “Y.U.F.L (E major) first year ကျောင်းသူလေးပါ” ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။ပရိသတ်ကြီးရေ မိုးသိုလေးကတော့ သူ့ရဲ့ ပထမဆုံးတက္ကသိုလ်ကျောင်းသူဘဝနေ့ရက်လေးကို ဒီနေ့မှာ စတင်နေပါပြီနော်။