ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်အားပေးခဲ့ရတဲ့ သီချင်းဆိုပြိုင်ပွဲ(၂)ခု

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




(၂) အိပ်မက်ဆုံရာ



DarDar-CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

တစ်ခေတ်တစ်ခါက ပရိသတ်ကြားရေပန်းစား စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှူခဲ့ရတဲ့ သီချင်းဆိုပြိုင်ပွဲတွေကတော့ သံစဉ်များနဲ့ကမ္ဘာ(Melody World) ၊အိပ်မက်ဆုံရာ၊ အစီအစဉ်တို့ကတော့ တေးချစ်ပရိသတ်တွေရဲ့ အကြိုက်ဆုံးအစီအစဉ်တွေဖြစ်ခဲ့တာ အသေအချာပါပဲ။

(၁) သံစဉ်များနဲ့ကမ္ဘာ (Melody World)

သံစဉ်များနဲ့ကမ္ဘာ (Melody World) သီချင်းဆိုပြိုင်ပွဲကတော့ (၂၀၀၇)မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်စောင့်ကြည့်အားပေးမှုကိုရရှိခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ သံစဉ်များနဲ့ကမ္ဘာ (Melody World) သီချင်းဆိုပြိုင်ပွဲကိုတော့ (၂၀၀၇)ခုနှစ်မှာစတင်ကာ (၂၀၁၈)ခုနှစ်တိုင် (၁၂)နှစ်တိတိကျင်းပခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲဖြစ်ပြီး အဆိုတော်ကောင်းတွေကို မွေးထုတ်ပေးခဲ့တဲ့ ပြိုင်ပွဲကြီးလည်းဖြစ်ပါတယ်။ ပြိုင်ပွဲကြီး(၁၂)နှစ်သက်တမ်းတစ်လျှောက် Winner ဆုရရှိခဲ့တဲ့သူတွေကတော့ ထက်နေခြည်(၂၀၀၇)၊ နီနီခင်ဇော်(၂၀၀၈)၊ ရွှေရည်ဖြိုးမောင်(၂၀၀၉)၊ ဖြိုးပြည့်စုံ(၂၀၁၀)၊ ဝတ်ရည်ထက်(၂၀၁၁)၊ ဖူးဖူး(၂၀၁၂)၊ အောင်ကိုကို (၂၀၁၃)၊ J မိုင်းမိုင်(၂၀၁၄)၊ ကြယ်စင်(၂၀၁၅)၊ လီဂါ (၂၀၁၆)၊ ချိုစန္ဒီချစ်စု (၂၀၁၇)၊ နိုင်လင်းထွန်း (၂၀၁၈) တို့ပဲဖြစ်ပါတယ်။

(၂) အိပ်မက်ဆုံရာ

တေးချစ်ပရိသတ်တွေရဲ့ လူကြိုက်များဆုံးအစီအစဉ်တစ်ခုဖြစ်တဲ့ “အိပ်မက်ဆုံရာ” သီချင်းဆိုပြိုင်ကြီးကတော့ (၂၀၁၂)ခုနှစ်ကစပြီး အိပ်မက်ဆုံရာ Season အနေနဲ့(1 မှ10) အထိကျင်းပခဲ့ပြီး အိပ်မက်ဆုံရာ ရာသက်ပန် Season အနေနဲ့ (1 မှ 5) အထိကျင်းပခဲ့ကာ ရပ်နားခဲ့တာလည်းဖြစ်ပါတယ်။အိပ်မက်ဆုံရာ ပြိုင်ပွဲဟာ သီချင်းပုံစံတွေ ပြောင်းလဲ သီဆိုနိုင်မှု၊ ပြိုင်ပွဲဝင်တွေက ထူးချွန်တဲ့ ဂီတစွမ်းရည်တွေ ပြသနိုင်မှုတို့ကြောင့် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

CeleGabar ပရိသတ်ကြီးရော တစ်ခေတ်တစ်ခါက ပရိသတ်ကြားရေပန်းစား စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှူခဲ့ရတဲ့ သီချင်းဆိုပြိုင်ပွဲတွေကတော့ သံစဉ်များနဲ့ကမ္ဘာ(Melody World) ၊အိပ်မက်ဆုံရာ၊ အစီအစဉ်တို့ကတော့ တေးချစ်ပရိသတ်တွေရဲ့ အကြိုက်ဆုံးအစီအစဉ်တွေဖြစ်ခဲ့ရလား ဖြေခဲ့ဦးနော်။

DarDar-CeleGabar