နားနှင့်ပတ်သက်သမျှ တိုင်းရင်းဆေးနည်းများ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ျမန္မာ့အာယုေဗၺဒ သိမ္ျဖဴေဆးသိပၸံဆရာေတာ္ေရးသားေသာ ” အိုမႈႏွင့္ဆိုင္ရာ ျပႆနာမ်ား “စာအုပ္ မွ” ႀကိဳတင္ကာကြယ္ ေဘးမတြယ္ ” (၈)
“နားေရာဂါအမ်ိဳးမ်ိဳးအတြက္ ေဆးနည္းမ်ား”
” နားအူ နားေလထြက္ျခင္း”

(၁) သလဲ႐ြက္ သတၱဳရည္ ၁၂-ဆ၊ ဥသွ်စ္႐ြက္ သတၱဳရည္ ၁၂-ဆ၊ႏြားေထာပတ္ ၁၂-ဆ ေရာၿပီးခ်က္ ေထာပတ္သက္သက္ က်န္ေသာအခါ ထိုေဆးတြင္ ႏြားႏို႔ ၅ဆထည့္ၿပီး သၾကားခဲသင့္႐ုံႏွင့္ ရက္အနည္းငယ္တိုင္ေအာင္ ေန႔စဥ္ေသာက္သုံးခဲ့သည္ရွိေသာ္ နားအူ နားေလထြက္ေသာ ေရာဂါေပ်ာက္ကင္းသက္သာ
ေစႏိုင္ပါသည္။

(၂) ဥသွ်စ္ကင္းကို ႏြားက်င္ငယ္ရည္ႏွင့္ႀကိတ္၍ ႏွမ္းဆီ၊ ႏြားႏို႔တို႔ႏွင့္ ေရာခ်က္ၿပီး၊ က်န္ေနေသာဆီျဖင့္ နားက်ပ္ေပးလွ်င္ နားအူ၊နားေလထြက္ေသာ ေရာဂါေပ်ာက္ကင္းသက္သာေစႏိုင္ပါသည္။

” နားျပည္ယို နားပိုးနာ ”

(၁) ေၾကာင္ပန္း႐ြက္ သတၱဳရည္ကို ႏွမ္းဆီေရာ၍ခ်က္ၿပီး က်န္ေနေသာဆီတြင္ ပ်ားရည္ထည့္ေမႊ၍ နားတြင္ထည့္ေပးပါက နားျပည္ယို၊ နားပုပ္နာ၊ ပိုးနာတို႔ကို ေပ်ာက္ကင္းခ်မ္းသာေစႏိုင္ပါသည္။

(၂) ငုေ႐ႊဝါသီးအႏွစ္ကိုျပဳတ္၍ နား၌ခပ္ေပးလွ်င္ နားျပည္ယို၊ နားပုပ္၊ နားပင္းနာတို႔ကို ေပ်ာက္ကင္းေစႏိုင္ပါသည္။
(၃) ဆီမီးေတာက္အ႐ြက္မႈန္ကို သံပုရာရည္ႏွင့္ နားတြင္ထည့္ေပးလွ်င္နားျပည္ယို၊ နားပိုးနာဟူသမွ် ေပ်ာက္ကင္းေစႏိုင္သည္။
(၄) ဇြန္ပန္း႐ြက္ သတၱဳရည္ကို နား၌ခပ္ေပးလွ်င္ နားျပည္ယိုနာေပ်ာက္ကင္းသက္သာေစ၏။

(၅) က်ီးအာသီးအဆံကိုႀကိတ္ အုန္းဆီႏွင့္ေဖ်ာ္၊ မီးေႏြးေႏြးျပဳ၍ၾကက္ေတာင္ျဖင့္က်ပ္လွ်င္ နားျပည္ယို၊ နားပိုးနာတို႔ကို ေပ်ာက္ကင္းေစႏိုင္ပါသည္။

” နားပင္းေရာဂါ ”

(၁) က်ီးသီးဆံအမႈန႔္ကို ဝက္ေခ်းမနဲ သတၱဳရည္ႏွင့္ေရာၿပီးနားတြင္ထည့္ေပးလွ်င္ နားပင္းေရာဂါ ေပ်ာက္ကင္းေစႏိုင္ပါသည္။
(၂) ၾကက္ေမာက္ဆူးျပန္ ၁ိ၊ ႏွမ္းမဲ ၂ိ-၈ဲ၊ ေရ ၁ဝိႏွင့္ေရာၿပီး ဆီသက္သက္က်န္ေအာင္က်ိဳ ၎င္းကို နားတြင္ စြဲၿမဲစြာ က်ပ္ေပးလွ်င္ နား
ပင္းေရာဂါမွ ေပ်ာက္ကင္းေစႏိုင္ပါသည္။

(၃) ဖားဆီကို ၾကက္ေတာင္ႏွင့္ စြဲၿမဲစြာ နားက်ပ္ေပးလွ်င္ နားပင္း၊နားထိုင္းေရာဂါမ်ားကို ေပ်ာက္ကင္းေစႏိုင္ပါသည္။ထိုသို႔ နားေရာဂါအတြက္ ေရာဂါခံစားမႈအလိုက္ ေဆးတို႔ကို ေဖာ္ျပၿပီးျဖစ္သည္။ ထိုသို႔ ခံစားခ်က္ႏွင့္ေဆးကို ညီမွ်ေအာင္သုံးစြဲႏိုင္လွ်င္ ေငြကုန္၊လူမ ပန္းေရာဂါမကြၽမ္းရဘဲ နားေရာဂါ အရပ္ရပ္တို႔မွ လြတ္ကင္းခ်မ္းသာေစႏိုင္ပါသည္။

” အခက္ဆုံးေသာ နားေလး၊ နားပင္းေရာဂါ ”

အသက္ႀကီးေသာအခါ၌ သို႔မဟုတ္ အသက္ငယ္ေသာ္လည္း ငယ္စဥ္က ပင္လွ်င္ ပဋိသေႏၶဗီဇေမြးရာပါထုတ္လုပ္မႈ ခုခံကာကြယ္မႈအားနည္းခဲ့ေသာ
ကေလးသူငယ္သူ႐ြယ္မ်ားတြင္ျဖစ္ေသာ နားေရာဂါ၊ ဒဏ္ေၾကာင့္ျဖစ္ေသာ နားေရာဂါ၊အသက္ႀကီးလာ၍ နားအိုလာေသာ ေရာဂါစသည္တို႔ကို နားေရာ ဂါလြန္ဟု ေခၚပါသည္။
ထိုနားေရာဂါလြန္မ်ားႏွင့္ တစ္စုံတစ္ခုေရာဂါတို႔ေၾကာင့္ ေဆးလြန္ဝါးလြန္တို႔ကို အကာအကြယ္မရွိဘဲ စားေသာက္ခဲ့ရ၍ ျဖစ္လာေသာ နားေရာဂါတို႔ ကား
ေအာက္တြင္ေဖာ္ျပမည့္ေဆးကို အသုံးျပဳရမည္ျဖစ္သည္။ ၎င္းေဆးသည္ ေရာဂါလြန္၅-မ်ိဳးစလုံးအတြက္ အက်ိဳးသက္ေရာက္မႈရွိေသာ ေဆးလြန္ျဖစ္ပါ သည္။

တစ္ခ်ိန္ကမိမိေတြ႕ဖူးသည္မွာ အသက္ ၈၀-ေက်ာ္ ဆရာေတာ္ႀကီး တစ္ပါးသည္အသက္ ၇၀-ေက်ာ္အ႐ြယ္မွစ၍ တျဖည္းျဖည္းနားေလးလာ၏။
ေအာ္ေျပာသည္ကိုပင္ မၾကားရေတာ့ေပ။နားအတြက္ ကိုယ္ဆင္းရဲ၊ စိတ္ ဆင္းရဲ ျဖစ္ေနရေလသည္။ထိုနားေရာဂါသည္ဇရာေၾကာင့္ျဖစ္ေသာ နား ေရာဂါဟု သိသျဖင့္၊၎ေဆးကို အသုံးျပဳသြားေစရာတျဖည္ျဖည္း နား ေၾကာ၊ အာ႐ုံေၾကာမ်ားလန္းဆန္းၿပီး အေျပာအဆိုစိတ္ေနစိတ္ထားၾကည္ လင္သန႔္ရွင္း၍ ထူးျခားေသာ အက်ိဳးသက္ေရာက္မႈရွိသည္ကို ေတြ႕ႀကဳံခဲ့ရဖူးပါသည္။

၎င္းေဆးအတြက္ ေဆးဘက္တို႔ကို ယူငင္ရာတြင္
(၁) စစ္မွန္ျခင္း
(၂) လတ္ဆတ္ျခင္း

(၃) သန႔္ရွင္းျခင္း
(၄) အေလးခ်ိန္မွန္ျခင္း
ဟူေသာ အမွန္ ၄-ခ်က္ႏွင့္ ျပည့္စုံရန္ အလြန္အေရးႀကီးပါသည္။

ပါဝင္ ေသာ ေဆးဘက္မမ်ားေသာ္လည္း ကတိုးဟူေသာ ေဆးဘက္သည္ လြန္စြာ အေရးႀကီးပါသည္။

” ကတိုးေဆး ”

ေဆးတြင္လည္း ထိုကတိုးက ဦးေဆာင္ေနပါသည္။ကတိုးတြင္လည္း မ်က္ကတိုး၊ႏြယ္ကတိုး၊ သစ္ကတိုး၊ ၾကက္ကတိုး၊
ေၾကာင္ ကတိုး၊ ဂမုံးကတိုး၊ သားကတိုးစသည္ျဖင့္ရွိၾကရာတြင္ ယခုဆိုလိုေသာကတိုးမွာ သားကတိုးျဖစ္ပါသည္။

ထိုကတိုးတြင္ ေမႊးပ်ံ႕ေသာ ဂႏၶာ႐ုံဦးေဆာင္ေနပါသည္။သားကတိုးသည္ေျခအငယ္စားမွ်ရွိေသာ သားေကာင္းတစ္မ်ိဳး၏ခ်က္တြင္
ကတိုးခ်ိန္၌ အလုံးအဖုျဖစ္ေပၚလာသည္။ထိုအလုံးကိုပင္လွ်င္ သားကတိုးဟု ေခၚျခင္းျဖစ္ပါ သည္။

(ထို-ကတိုးအေၾကာင္းကို အရွင္နာဂသိန္ပုံျပင္၊ သားငါးေက်းငွက္ ေဆး အဘိဓာန္ ပၪၥမတြဲ ပထမပိုင္း၌ အက်ယ္တဝင့္ ေဖာ္ျပထားပါသည္။)
မိမိမွတ္သားဖူးေသာ ကတိုးအစစ္ကို ခြဲျခားႏိုင္သည့္နည္းမွာ ကတိုးကို
မည္မွ်လုံၿခဳံေအာင္ ထားသည္ျဖစ္ေစ၊ အနီးတစ္ဝိုက္၌၎၏အနံ႔သည္ သင္း
ပ်ံ႕ေနတတ္ပါသည္။

အျခားတစ္နည္းမွာ ကတိုးကို လူတစ္ေယာက္က ဦးစြာ
လက္တစ္ဖက္ျဖင့္ ဆုပ္ထားပါ။ က်န္တစ္ဖက္ျဖင့္ အျခားတစ္ေယာက္၏
လက္ကိုဆုပ္ကိုင္ပါ။ ထိုအတိုင္း ဆက္သြား၍ ၇-ေယာက္ျပည့္ေသာအခါ ေနာက္ဆုံးလူ၏
လပ္ေနေသာ လက္ဖဝါးတြင္ ကတိုးနံ႔သင္းေနသည္ဟု အဆို ရွိပါသည္။

ထိုေဖာ္ျပလတံ့ေသာေဆးသည္ ဆြံ႕အစကားေလးထစ္မႈမရွိေသးသည့္
မည္သည့္နားေဝဒနာရွင္မဆို ထိုေဆးကို သုံးစြဲျခင္းျဖင့္ ထူးျခားေသာ အက်ိဳး
တရားတို႔ကို ဧကန္ရရွိေစမည္ျဖစ္၍ ထို႐ိုးရာအစဥ္အလာသုံးေဆးနည္းကို
ေဖာ္ျပအပ္ပါသည္။

ေဆးနည္း
(၁) ရွိန္းခို ၁ က်ပ္
(၂) ပန္းဥ ၁ က်ပ္
(၃) ပန္းရင္ ၁ က်ပ္

(၄) စႏၵကူးနီ ၁ က်ပ္
(၅) ကတိုးစစ္ – ၄ဲ

၎တို႔ကို ကြမ္း႐ြက္သတၱဳရည္ႏွင့္ႀကိတ္၍ အေတာင့္ျပဳလုပ္ထားပါ။
အသုံးျပဳလိုေသာအခါ ကြမ္း႐ြက္သတၱဳရည္ျဖင့္ပင္ေသြးၿပီး နား၌ထည့္ၿပီး
က်ပ္ေပးရသည္။

Credit-ျမန္မာ့အာယုေဗၺဒေဆးပညာ

နားေရာဂါအမ်ိဳးမ်ိဳး

” နားကိုက္ ၊နားျပည္ယို ၊နားအူ ၊ေလထြက္ ၊နားေလး”ဟင္းဂလာအျဖဴ ေလးငါး႐ြက္ကို သန႔္စင္ေအာင္လုပ္၍ လက္ဖဝါးေပၚ
မွာ ပြတ္ေျခၿပီး နားထဲသို႔ အရည္ညစ္ခ်ပါ။(အဖတ္မပါေစရ)ညႇစ္ခ်ၿပီးတစ္မိနစ္ေလာက္ ၿငိမ္ၿငိမ္ေနပါ။ထို႔ေနာက္ နားထဲမွ အရည္မ်ား သြန္ခ်လိုက္ပါ ။
ေပ်ာက္၏။

(သို႔)နားေလး ၊နားမၾကားသူအတြက္ ။ ။ႀကိတ္မွန္႐ြက္အရိပ္ေျခာက္ကို အမႈန႔္ေထာင္း၍ ႏြားႏို႔ႏွင့္ တစ္လ ေသာက္ပါ။ အက်ိဳးထူးမည္ ။လုံးဝေပ်ာက္ကင္း
ရန္တစ္ႏွစ္ျပည့္ေအာင္ ေသာက္ပါ။ဆြံအ,သူ ၊သြားနဲ႔သူ ၊မ်က္စိမႈန္သူမ်ားအတြက္ပါေကာင္း၏။
(သို႔)ဆိတ္ဖူးခုႏွစ္လႊာ ၊မုန္ညင္းေစ့ခုႏွစ္ေစ့ ၊ ပဒိုင္း ခုႏွစ္ေစ့ ၊လင္းေနခုႏွစ္

လႊာ ဤေဆးေလးပါးကို အမႈန႔္ျပဳ (ပဒိုင္းသီးကို အညႇာကျဖတ္၍ အေစ့ကိုထုတ္ၿပီး အေပၚမွေဆးမႈန႔္မ်ားထည့္ ၊ ႏွမ္းဆီအနည္းငယ္ထပ္ထည့္)မီးဖိုေပၚ
ေႏြးေႏြးတင္ တစ္ေန႔ ၇ႀကိမ္နားအတြင္းသို႔ အစက္ခ်ေပးပါ။ဆရာဦးလွခင္၏ တိုင္းရင္းေဆးနည္း ၁၀၀၀ စာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပသည္။
ျပန္လည္မွ်ေဝပါသည္။

Credit

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော်ရေးသားသော ” အိုမှုနှင့်ဆိုင်ရာ ပြဿနာများ “စာအုပ် မှ” ကြိုတင်ကာကွယ် ဘေးမတွယ် ” (၈)
“နားရောဂါအမျိုးမျိုးအတွက် ဆေးနည်းများ”
” နားအူ နားလေထွက်ခြင်း”

(၁) သလဲရွက် သတ္တုရည် ၁၂-ဆ၊ ဥသျှစ်ရွက် သတ္တုရည် ၁၂-ဆ၊နွားထောပတ် ၁၂-ဆ ရောပြီးချက် ထောပတ်သက်သက် ကျန်သောအခါ ထိုဆေးတွင် နွားနို့ ၅ဆထည့်ပြီး သကြားခဲသင့်ရုံနှင့် ရက်အနည်းငယ်တိုင်အောင် နေ့စဉ်သောက်သုံးခဲ့သည်ရှိသော် နားအူ နားလေထွက်သော ရောဂါပျောက်ကင်းသက်သာ
စေနိုင်ပါသည်။

(၂) ဥသျှစ်ကင်းကို နွားကျင်ငယ်ရည်နှင့်ကြိတ်၍ နှမ်းဆီ၊ နွားနို့တို့နှင့် ရောချက်ပြီး၊ ကျန်နေသောဆီဖြင့် နားကျပ်ပေးလျှင် နားအူ၊နားလေထွက်သော ရောဂါပျောက်ကင်းသက်သာစေနိုင်ပါသည်။

” နားပြည်ယို နားပိုးနာ ”

(၁) ကြောင်ပန်းရွက် သတ္တုရည်ကို နှမ်းဆီရော၍ချက်ပြီး ကျန်နေသောဆီတွင် ပျားရည်ထည့်မွှေ၍ နားတွင်ထည့်ပေးပါက နားပြည်ယို၊ နားပုပ်နာ၊ ပိုးနာတို့ကို ပျောက်ကင်းချမ်းသာစေနိုင်ပါသည်။

(၂) ငုရွှေဝါသီးအနှစ်ကိုပြုတ်၍ နား၌ခပ်ပေးလျှင် နားပြည်ယို၊ နားပုပ်၊ နားပင်းနာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။
(၃) ဆီမီးတောက်အရွက်မှုန်ကို သံပုရာရည်နှင့် နားတွင်ထည့်ပေးလျှင်နားပြည်ယို၊ နားပိုးနာဟူသမျှ ပျောက်ကင်းစေနိုင်သည်။
(၄) ဇွန်ပန်းရွက် သတ္တုရည်ကို နား၌ခပ်ပေးလျှင် နားပြည်ယိုနာပျောက်ကင်းသက်သာစေ၏။

(၅) ကျီးအာသီးအဆံကိုကြိတ် အုန်းဆီနှင့်ဖျော်၊ မီးနွေးနွေးပြု၍ကြက်တောင်ဖြင့်ကျပ်လျှင် နားပြည်ယို၊ နားပိုးနာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။

” နားပင်းရောဂါ ”

(၁) ကျီးသီးဆံအမှုန့်ကို ဝက်ချေးမနဲ သတ္တုရည်နှင့်ရောပြီးနားတွင်ထည့်ပေးလျှင် နားပင်းရောဂါ ပျောက်ကင်းစေနိုင်ပါသည်။
(၂) ကြက်မောက်ဆူးပြန် ၁ိ၊ နှမ်းမဲ ၂ိ-၈ဲ၊ ရေ ၁ဝိနှင့်ရောပြီး ဆီသက်သက်ကျန်အောင်ကျို ၎င်းင်းကို နားတွင် စွဲမြဲစွာ ကျပ်ပေးလျှင် နား
ပင်းရောဂါမှ ပျောက်ကင်းစေနိုင်ပါသည်။

(၃) ဖားဆီကို ကြက်တောင်နှင့် စွဲမြဲစွာ နားကျပ်ပေးလျှင် နားပင်း၊နားထိုင်းရောဂါများကို ပျောက်ကင်းစေနိုင်ပါသည်။ထိုသို့ နားရောဂါအတွက် ရောဂါခံစားမှုအလိုက် ဆေးတို့ကို ဖော်ပြပြီးဖြစ်သည်။ ထိုသို့ ခံစားချက်နှင့်ဆေးကို ညီမျှအောင်သုံးစွဲနိုင်လျှင် ငွေကုန်၊လူမ ပန်းရောဂါမကျွမ်းရဘဲ နားရောဂါ အရပ်ရပ်တို့မှ လွတ်ကင်းချမ်းသာစေနိုင်ပါသည်။

” အခက်ဆုံးသော နားလေး၊ နားပင်းရောဂါ ”

အသက်ကြီးသောအခါ၌ သို့မဟုတ် အသက်ငယ်သော်လည်း ငယ်စဉ်က ပင်လျှင် ပဋိသန္ဓေဗီဇမွေးရာပါထုတ်လုပ်မှု ခုခံကာကွယ်မှုအားနည်းခဲ့သော
ကလေးသူငယ်သူရွယ်များတွင်ဖြစ်သော နားရောဂါ၊ ဒဏ်ကြောင့်ဖြစ်သော နားရောဂါ၊အသက်ကြီးလာ၍ နားအိုလာသော ရောဂါစသည်တို့ကို နားရော ဂါလွန်ဟု ခေါ်ပါသည်။
ထိုနားရောဂါလွန်များနှင့် တစ်စုံတစ်ခုရောဂါတို့ကြောင့် ဆေးလွန်ဝါးလွန်တို့ကို အကာအကွယ်မရှိဘဲ စားသောက်ခဲ့ရ၍ ဖြစ်လာသော နားရောဂါတို့ ကား
အောက်တွင်ဖော်ပြမည့်ဆေးကို အသုံးပြုရမည်ဖြစ်သည်။ ၎င်းင်းဆေးသည် ရောဂါလွန်၅-မျိုးစလုံးအတွက် အကျိုးသက်ရောက်မှုရှိသော ဆေးလွန်ဖြစ်ပါ သည်။

တစ်ချိန်ကမိမိတွေ့ဖူးသည်မှာ အသက် ၈၀-ကျော် ဆရာတော်ကြီး တစ်ပါးသည်အသက် ၇၀-ကျော်အရွယ်မှစ၍ တဖြည်းဖြည်းနားလေးလာ၏။
အော်ပြောသည်ကိုပင် မကြားရတော့ပေ။နားအတွက် ကိုယ်ဆင်းရဲ၊ စိတ် ဆင်းရဲ ဖြစ်နေရလေသည်။ထိုနားရောဂါသည်ဇရာကြောင့်ဖြစ်သော နား ရောဂါဟု သိသဖြင့်၊၎င်းဆေးကို အသုံးပြုသွားစေရာတဖြည်ဖြည်း နား ကြော၊ အာရုံကြောများလန်းဆန်းပြီး အပြောအဆိုစိတ်နေစိတ်ထားကြည် လင်သန့်ရှင်း၍ ထူးခြားသော အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ကြုံခဲ့ရဖူးပါသည်။

၎င်းင်းဆေးအတွက် ဆေးဘက်တို့ကို ယူငင်ရာတွင်
(၁) စစ်မှန်ခြင်း
(၂) လတ်ဆတ်ခြင်း

(၃) သန့်ရှင်းခြင်း
(၄) အလေးချိန်မှန်ခြင်း
ဟူသော အမှန် ၄-ချက်နှင့် ပြည့်စုံရန် အလွန်အရေးကြီးပါသည်။

ပါဝင် သော ဆေးဘက်မများသော်လည်း ကတိုးဟူသော ဆေးဘက်သည် လွန်စွာ အရေးကြီးပါသည်။

” ကတိုးဆေး ”

ဆေးတွင်လည်း ထိုကတိုးက ဦးဆောင်နေပါသည်။ကတိုးတွင်လည်း မျက်ကတိုး၊နွယ်ကတိုး၊ သစ်ကတိုး၊ ကြက်ကတိုး၊
ကြောင် ကတိုး၊ ဂမုံးကတိုး၊ သားကတိုးစသည်ဖြင့်ရှိကြရာတွင် ယခုဆိုလိုသောကတိုးမှာ သားကတိုးဖြစ်ပါသည်။

ထိုကတိုးတွင် မွှေးပျံ့သော ဂန္ဓာရုံဦးဆောင်နေပါသည်။သားကတိုးသည်ခြေအငယ်စားမျှရှိသော သားကောင်းတစ်မျိုး၏ချက်တွင်
ကတိုးချိန်၌ အလုံးအဖုဖြစ်ပေါ်လာသည်။ထိုအလုံးကိုပင်လျှင် သားကတိုးဟု ခေါ်ခြင်းဖြစ်ပါ သည်။

(ထို-ကတိုးအကြောင်းကို အရှင်နာဂသိန်ပုံပြင်၊ သားငါးကျေးငှက် ဆေး အဘိဓာန် ပဉ္စမတွဲ ပထမပိုင်း၌ အကျယ်တဝင့် ဖော်ပြထားပါသည်။)
မိမိမှတ်သားဖူးသော ကတိုးအစစ်ကို ခွဲခြားနိုင်သည့်နည်းမှာ ကတိုးကို
မည်မျှလုံခြုံအောင် ထားသည်ဖြစ်စေ၊ အနီးတစ်ဝိုက်၌၎င်း၏အနံ့သည် သင်း
ပျံ့နေတတ်ပါသည်။

အခြားတစ်နည်းမှာ ကတိုးကို လူတစ်ယောက်က ဦးစွာ
လက်တစ်ဖက်ဖြင့် ဆုပ်ထားပါ။ ကျန်တစ်ဖက်ဖြင့် အခြားတစ်ယောက်၏
လက်ကိုဆုပ်ကိုင်ပါ။ ထိုအတိုင်း ဆက်သွား၍ ၇-ယောက်ပြည့်သောအခါ နောက်ဆုံးလူ၏
လပ်နေသော လက်ဖဝါးတွင် ကတိုးနံ့သင်းနေသည်ဟု အဆို ရှိပါသည်။

ထိုဖော်ပြလတံ့သောဆေးသည် ဆွံ့အစကားလေးထစ်မှုမရှိသေးသည့်
မည်သည့်နားဝေဒနာရှင်မဆို ထိုဆေးကို သုံးစွဲခြင်းဖြင့် ထူးခြားသော အကျိုး
တရားတို့ကို ဧကန်ရရှိစေမည်ဖြစ်၍ ထိုရိုးရာအစဉ်အလာသုံးဆေးနည်းကို
ဖော်ပြအပ်ပါသည်။

ဆေးနည်း
(၁) ရှိန်းခို ၁ ကျပ်
(၂) ပန်းဥ ၁ ကျပ်
(၃) ပန်းရင် ၁ ကျပ်

(၄) စန္ဒကူးနီ ၁ ကျပ်
(၅) ကတိုးစစ် – ၄ဲ

၎င်းတို့ကို ကွမ်းရွက်သတ္တုရည်နှင့်ကြိတ်၍ အတောင့်ပြုလုပ်ထားပါ။
အသုံးပြုလိုသောအခါ ကွမ်းရွက်သတ္တုရည်ဖြင့်ပင်သွေးပြီး နား၌ထည့်ပြီး
ကျပ်ပေးရသည်။

Credit-မြန်မာ့အာယုဗ္ဗေဒဆေးပညာ

နားရောဂါအမျိုးမျိုး

” နားကိုက် ၊နားပြည်ယို ၊နားအူ ၊လေထွက် ၊နားလေး”ဟင်းဂလာအဖြူ လေးငါးရွက်ကို သန့်စင်အောင်လုပ်၍ လက်ဖဝါးပေါ်
မှာ ပွတ်ခြေပြီး နားထဲသို့ အရည်ညစ်ချပါ။(အဖတ်မပါစေရ)ညှစ်ချပြီးတစ်မိနစ်လောက် ငြိမ်ငြိမ်နေပါ။ထို့နောက် နားထဲမှ အရည်များ သွန်ချလိုက်ပါ ။
ပျောက်၏။

(သို့)နားလေး ၊နားမကြားသူအတွက် ။ ။ကြိတ်မှန်ရွက်အရိပ်ခြောက်ကို အမှုန့်ထောင်း၍ နွားနို့နှင့် တစ်လ သောက်ပါ။ အကျိုးထူးမည် ။လုံးဝပျောက်ကင်း
ရန်တစ်နှစ်ပြည့်အောင် သောက်ပါ။ဆွံအ,သူ ၊သွားနဲ့သူ ၊မျက်စိမှုန်သူများအတွက်ပါကောင်း၏။
(သို့)ဆိတ်ဖူးခုနှစ်လွှာ ၊မုန်ညင်းစေ့ခုနှစ်စေ့ ၊ ပဒိုင်း ခုနှစ်စေ့ ၊လင်းနေခုနှစ်

လွှာ ဤဆေးလေးပါးကို အမှုန့်ပြု (ပဒိုင်းသီးကို အညှာကဖြတ်၍ အစေ့ကိုထုတ်ပြီး အပေါ်မှဆေးမှုန့်များထည့် ၊ နှမ်းဆီအနည်းငယ်ထပ်ထည့်)မီးဖိုပေါ်
နွေးနွေးတင် တစ်နေ့ ၇ကြိမ်နားအတွင်းသို့ အစက်ချပေးပါ။ဆရာဦးလှခင်၏ တိုင်းရင်းဆေးနည်း ၁၀၀၀ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။
ပြန်လည်မျှဝေပါသည်။

Credit