အိမ်ထောင်မပြုခင်တုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံလေးကို ကြည့်ပြီး စိတ်ဓာတ်ကျနေတဲ့ ပိုးအိအိခန့်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★



ပိုးအိအိခန့် က အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ခုအချိန်မှာတော့ သားလေး ကိုကိုးကို အချိန်ပေးနေတာတွေ့ရပါတယ်။




မိုမိုလေး

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက်ပိုးအိအိခန့် ကအိမ်ထောင်မပြုခင်တုန်းက ဝတ်စုံလေးကို ကြည့်ပြီး စိတ်ဓာတ်ကျနေပြီ လို့ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။

ပိုးအိအိခန့် က အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ခုအချိန်မှာတော့ သားလေး ကိုကိုးကို အချိ်န်ပေးနေတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ ပိုးအိအိခန့် က ” အရင်က ကိုယ့်ပုံလေးတွေ ပြန်ကြည့်ပီး motivation ရမရတော့မသိဘူးစိတ်ဓါတ်တော့ အတော်ကျတယ် ခုတော့ အဲ့ဝတ်စုံတွေ ပြန်ဝတ်ဖို့မပြောနဲ့မျက်စောင်းတောင်မထိုးရဲ ” ဆိုပြီး ပြောထားပါတယ်။

ပိုးအိအိခန့်က အိမ်ထောင်မပြုခင် သူမဝတ်ခဲ့တဲ့ ဝတ်စုံလေးကို ကြည့်ပြီး စိတ်ဓာတ်ကျနေပြီ ဆိုပြီးပြောထားတာပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့် က သားလေး ကိုကိုး ကို မွေးပြီးနောက် ခန္ဓာကိုယ် ပြည့်ပြည့်လေး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ပိုးအိအိခန့် ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး