တတိယမြောက်သမီးလေးမွေးနေ့ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့တဲ့ နိုင်းနိုင်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★



ဒီကနေ့ ဇန်နဝါရ်ီလ (၈) ရက်နေ့ကတော့ နိုင်းနိုင်းရဲ့ တတိယမြောက် သမီးလေး Emerida ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။



မိုမိုလေး

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံခြားမင်းသားတစ်ဦးလို ခန့်ညားချောမောလွန်းတဲ့ နိုင်းနိုင်းက မြန်မာပြည်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးသူတစ်ယောက် ဖြစ်ပါတယ်။ နိုင်းနိုင်းက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့ မိသားစုလေးကို အချိန်ပေး ဂရုစိုက်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ နှစ်ပေါင်းများစွာ ကြိုက်နှစ်သက်ရတဲ့ မင်းသားချော နိုင်းနိုင်းရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။

နိုင်းနိုင်းက ပြီးခဲ့တဲ့ လက “စတုတ္ထမြောက်သွေးကြောမျှင်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီး လက်ရှိမှာတော့ အမေရိကားမှာရှိတဲ့ သူ့ရဲ့ မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ်လ (၈) ရက်နေ့ကတော့ နိုင်းနိုင်းရဲ့ တတိယမြောက် သမီးလေး Emerida ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းက “Happy Birthday..Emerida. ဒီနေ့ ရဲဘော်၃ မွေးနေ့ပါ။ ကလေးတွေကျောင်းပို့ရပါဦးမည်။ ကားမှန်တွေ ရေခဲနေတယ်..I hate the snow…” ဆိုပြီး သမီးမွေးနေ့ကို အေးအေးဆေးဆေး ဖြတ်သန်းခဲ့ပါတယ်။

နိုင်းနိုင်းကတော့ အလုပ်အားရက်လေး သားသမီးတွေကို အချိန်ပေးရင်း ကုန်ဆုံးနေတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး