ဆံမြိတ်တိုတိုလေး ညှပ်ထားတာတောင် ချစ်စရာလေးဖြစ်နေတဲ့ ဖွေးဖွေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source:Phway Phway’s facebook,CRD-Myint Myat

Unicode ဖြင့်ဖတ်ပါ
★★★★★

အရုပ်လေးလို ချစ်စရာကောင်းပြီး၊ အနုပညာမှာ ထူးချွန်လွန်းလို့ ပရိသတ်တွေ အရမ်းချစ်ပြီး၊ အောင်မြင်မှုတွေ ပိုပိုပြီး များလာသူလေးဖြစ်တဲ့ဖွေးစိန်လေးကတော့ အပြစ်ကင်းစင်တဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖွေးဖွေးက သွားဆေးခန်း သွားပြခဲ့တဲ့ သူမရဲ့အကြောင်းတွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ ဆံမြိတ်တိုတိုလေး ညှပ်ထားတာတောင် ချစ်စရာအသွင်လေး ပျောက်ပျက်မသွားတဲ့ ဖွေးဖွေးရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေက ကြည့်ရင်း သဘောတွေကျနေကြတာပါနော်။

ချစ်ပရိသတ်တွေအတွက် ဆံမြိတ်တိုတိုလေး ညှပ်ထားတာတောင် ချစ်စရာလေးဖြစ်နေတဲ့ ဖွေးဖွေးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ဖွေးဖွေးကတော့ “ဖွေးက တော်ရုံဆို ဘာမှသိပ်မကြောက်တတ်ဘူး..အဲ…တခုပဲ..သွားဆေးခန်း ဆိုတာနဲ့ ဖွေး က ငယ်ငယ်လေးထဲက တုန်နေအောင် အရမ်းကို ကြောက်တာ …အခုအရွယ်ရောက်ပြန်တော့လဲ ကြောက်တာပဲ..Safe ဖြစ်တဲ့ Clean ဖြစ်တဲ့ကိုယ့်ကို မကြောက်အောင် စိတ်လေးအေးအောင်ဖေးမ ချော့မော့ပြီး ပြောပေးတဲ့ သွားဆေးခန်းမှပဲ သွားရဲတာ .. ဟီး” ဆိုပြီး ကြောက်ကြောက်နဲ့ သွားဆေးခန်းသွားခဲ့တဲ့ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဖွေးဖွေးကတော့ အခုလက်ရှိ ရိုက်ကူးပြီးစီးသွားတဲ့ “ပုဂံမျှော်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဆံမြိတ်တိုတို ညှပ်ထားတာလို့လည်း သိရပါတယ်။ စိတ်ထားကောင်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ဖွေးစိန်လေးကတော့ လူချစ်လူခင်ပေါတဲ့ ချစ်စရာမင်းသမီးလေးတစ်ဦးဆိုရင်လည်း မမှားပါဘူး။ချစ်ပရိသတ်တွေလည်း ဘယ်လိုနေနေ လှတယ်ဆိုတာကို သက်သေပြခဲ့တဲ့ မင်းသမီးလေး ဖွေးဖွေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။