မုန့်ဟင်းခါးရောင်းပြီး ကျောင်းတက်ခဲ့ရတဲ့ အကြောင်းတွေကို ရင်ဖွင့် ပြောပြလာတဲ့ အေးသီတာ
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ဇာတ်ပို့ကာရိုက်တာမျိုးစုံကို နှစ်တော်တော်ကြာအောင်သရုပ်ဆောင်ခဲ့ဖူးတဲ့ အေးသီတာဟာ ပရိသတ်တွေရဲ့အားပေးမှုကိုလည်း တခဲနက်ရရှိခဲ့သူပါ။ အခုတလောမှာတော့ အေးသီတာက ဗီဒီယိုတွေခေတ်မကောင်းတော့တဲ့နောက်ပိုင်း အခြားသောသရုပ်ဆောင်တွေလိုပဲ ကားရိုက်တွေကျဲပါးသွားခဲ့ပြီး ကြိုကြားကြိုကြားလေးတွေသာရိုက်နေရတာပါ။
အေးသီတာက ခေတ်မကောင်းတော့တဲ့အခါကျတော့ စိတ်တွေပူပန်နေရတယ်လို့လည်း “အရင်လိုဟိုဟာမဖြစ်တော့ စိတ်တွေပူပန်နေရတာပေါ့။ စိတ်တွေလွပ်လွပ်လပ်လပ်နဲ့မသုံးနိုင်ဘူး။ ဘာစီးပွားရေးလုပ်ရမလဲ။ လုပ်တတ်တာကလည်း ရုပ်ရှင်ရိုက်တတ်တယ်။ စာသင်တတ်တယ်။အရင်ကတော့ မုန့်ဟင်းခါးရောင်းတယ်။
အခုအချိန်မှာဘယ်လိုပြန်လုပ်မလဲဆိုတာကတော့ တစ်ခါတစ်ခါ စိတ်ဓာတ်တွေကျတယ်။ ဘုရားတွေရှိခိုးတယ်။ ခေတ်တွေပြန်ကောင်းလာပါစေ။အဲ့လိုမျိုးလေးတွေဆုတောင်းပြီးတော့ နေရတာပဲပေါ့”လို့ ပြောထားပါတယ်။
မုန့်ဟင်းခါးရောင်းရင်းနဲ့ ကျောင်းတက်ခဲ့ဖူးကြောင်းကိုလည်း အေးသီတာက “အစ်မက တက္ကသိုလ်လည်းတက်တယ်။ မုန့်ဟင်းခါးအုန်းနို့ခေါက်ဆွဲလည်းရောင်းတယ်။ နန်းကြီးသုပ်တွေဘာတွေလည်းရောင်းတယ်။ ခုံတွေဘာတွေချ၊ပြီးတော့ ကျောင်းကိုပြေး။ Practical ရှိတဲ့နေ့တွေဆိုရင်အဖေနဲ့အမေနဲ့ ညီမလေးနဲ့ထားခဲ့။ အဲ့လိုမျိုးတွေပေါ့။အရမ်းလည်းကောင်းတယ်။ အခုအနေအထားအရတော့ကိုယ်ကလုပ်ဖို့က ရုပ်ရှင်ရိုက်နေရာကနေမုန့်ဟင်းခါးပြန်ရောင်းဖို့က နည်းနည်းတော့တစ်မျိုးပေါ့နော်”လို့ ပြောပြထားပါတယ်။
ငယ်ငယ်တုန်းကမုန့်ဟင်းခါးရောင်းရင်းနဲ့ ရုပ်ရှင်ရိုက်ခဲ့ပုံကို “ကားရိုက်တွေဘာတွေလာငှားတယ်ဆိုလို့ရှိရင်လည်း casting ရွေးတယ်ဆိုရင်လည်း မုန့်ဟင်းခါးဆိုင်မှာရွေးတာလေ။ ငယ်တုန်းအခါကျတော့ ဘယ်လိုနေနေလှတယ်လေ။ အသက်ကြီးသလိုမျိုးဘယ်လိုမှပြင်ဆင်နေစရာမလိုဘူး။
ဘယ်လိုနေနေချစ်စရာကိုကောင်းနေတာ။အစ်မ မုန့်ဟင်းခါးရောင်းတဲ့အတွက်ဘယ်လိုမှရှက်စရာလို့ကိုမမြင်ခဲ့တာ။ ဈေးရောင်းတဲ့အတွက် ဗိုလ်မှူးကတော်တွေရော သူဌေးတွေရော လမ်းဘေးမှာကားထိုးပြီးစားကြဆိုတော့ မိတ်ဆွေအရမ်းပေါတယ်”လို့ ပြောပြထားပါတယ်။
ပရိသတ်ကြီးရော သရုပ်ဆောင် အေးသီတာကို အားပေးကြသေးလားဆိုတာကို ကွန်မန့်မှာ ပြောပေးသွားပါဦးနော် ။