မဆင့်ရဲ့ အခက်အခဲတချို့ကို ဝိုင်းဝန်းကူညီသွားမယ်ဆိုတဲ့ ရုပ်ရှင်ဥက္ကဌ ညီညီထွန်းလွင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

႐ုပ္ရွင္ဥကၠဌ ဦးညီညီထြန္းလြင္ကေတာ့ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တက္ေနတဲ့ အကယ္ဒမီေမသန္းႏုရဲ႕ သတင္းေတြအေပၚ ကူညီေျဖရွင္းသြားမယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌျဖစ္သူ ဦးညီညီထြန္းလြင္ကေတာ့ ေငြေၾကးလိမ္လည္မႈနဲ႔ တရားရင္ဆိုင္ေနရတဲ့ သ႐ုပ္ေဆာင္ေမသန္းႏုအတြက္ စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။ မဆင့္ရဲ႕ အခက္အခဲတခ်ိဳ႕ကိုလည္း ဝိုင္းဝန္းကူညီေပးဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

Image result for May Than Nu

“ အခုေလာေလာဆယ္ေတာ့ ေတြ႕ဖို႔အစီအစဥ္မရွိေသးပါဘူး။ အြန္လိုင္းေပၚက ကိစၥေလးေတြကိုေတာ့ အစည္းအ႐ုံးက ကူညီေျဖရွင္းေပးဖို႔ရွိတယ္။ မဆင့္ ဒီလိုကိစၥေတြျဖစ္ေတာ့မွ Facebook မွာ ေရနိမ့္ရာ ဝါးကူထိုးတာမ်ိဳးေတြ တက္လာတာရွိတယ္။ အဲဒါေလးေတြကို ဝိုင္းကူေျဖရွင္းေပးဖို႔ေတာ့ စီစဥ္ေနတယ္” ဆိုၿပီးေတာ့ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

ဦးညီညီထြန္းလြင္ဟာ ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ ဇာတ္ကားေတြ ႐ိုက္ကူးခဲ့စဥ္က ေမသန္းႏုနဲ႔႐ိုက္ခဲ့တဲ့ ဇာတ္ကားေတြ အမ်ားႀကီးပါတဲ့။ မဆင့္အခုလို အခက္အခဲျဖစ္သြားတာကလည္း ေဆာက္လုပ္ေရးလုပ္ငန္းေတြ မေကာင္းတဲ့အခ်ိန္မွာ ေငြရင္းႏွီးလိုက္တဲ့အတြက္ အရႈံးေပၚသြားတာျဖစ္ႏိုင္တယ္လို႔ သူကေျပာပါတယ္။

Related image

“ မဆင့္နဲ႔က်ေတာ့ ကိုယ္က ေမာင္ႏွမလိုလည္းျဖစ္ေနတယ္။ ဒါေပမယ့္ ဒီကိစၥကိုေတာ့ လုံးဝမသိလိုက္ဘူး။ အခုလိုျဖစ္မွပဲ သိတာ။ မဆင့္က ကြၽန္ေတာ္သိရသေလာက္ တစ္ခါမွ နာမည္ပ်က္လည္း မရွိခဲ့ဖူးဘူး။ ဒါေပမယ့္ ဘယ္အရာေတြက သူ႔အတြက္အခက္အခဲေတြ ျဖစ္သြားေစသလဲဆိုတာ မသိဘူး။ ေဆာက္လုပ္ေရးလုပ္ငန္း ထိခိုက္သြားတာေတာ့ သိတယ္။ အဲဒီမွာ ေတာ္ေတာ္ေလးအထိနာသြားတယ္ထင္တယ္” လို႔ ဆိုပါတယ္။

သ႐ုပ္ေဆာင္ ေမသန္းႏုနဲ႔ ဦးညီညီထြန္းလြင္တို႔ဟာ ေမာင္ႏွမလို ဆက္ဆံေရးမ်ိဳးပါလို႔ သူကဆိုပါတယ္။ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ကူညီေပးခ်င္တဲ့ ဆႏၵရွိပါတယ္တဲ့။“မဆင့္က ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ဆိုေတာ့ ညီအစ္ကိုေမာင္ႏွမေတြလိုျဖစ္ေနတာ။ စိတ္မေကာင္းဘူး။ တကယ္ဆို ေစာေစာစီးစီးသိရရင္ေတာ့ ဝိုင္းဝန္းၿပီး တက္ႏိုင္သေလာက္ကူညီလို႔ရတာေပါ့။ ပိုက္ဆံရွိလို႔ေတာ့ မဟုတ္ဘူး ရွိရွိမရွိရွိ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ ဒုကၡေရာက္ေနေတာ့ ကူညီခ်င္တာေပါ့ေနာ္။ ဒါေပမယ့္ ျဖစ္သြားေတာ့ မတတ္ႏိုင္ဘူးေပါ့” လို႔ သူကေျပာပါတယ္။

သ႐ုပ္ေဆာင္ ေမသန္းႏုကိုေတာ့ ေငြေၾကးလိမ္လည္မႈ ပုဒ္မ ၄၂၀ နဲ႔ ဒီေန႔(ဇန္နဝါရီလ ၂ ရက္) က အလုပ္ႏွင့္ ေထာင္ဒဏ္တစ္ႏွစ္က်ခံဖို႔ ရန္ကင္းတရား႐ုံးကေန အမိန႔္ခ်မွတ္လိုက္တာျဖစ္ပါတယ္။ ေငြေၾကးလိမ္လည္မႈနဲ႔ ပတ္သက္ၿပီး သ႐ုပ္ေဆာင္ေမသန္းႏုဟာ ၂၀၁၆ ခုႏွစ္ကတည္းက အမႈရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒီအမႈကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ပရိသတ္ေတြကလည္း စိတ္ဝင္တစားရွိခဲ့ၾကသလို သူမကို ခ်စ္တဲ့ ပရိသတ္ေတြလည္း စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။

Image result for May Than Nu

႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ဦးညီညီထြန္းလြင္ကေတာ့ အႏုပညာေလာကမွာ ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့ၿပီး အကယ္ဒမီဆုလည္း ရရွိၿပီးသူတစ္ေယာက္ပါ။ သူဟာ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ရာထူးကို၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၅ ရက္ေန႔မွစၿပီး တာဝန္ယူေဆာင္႐ြက္ခဲ့ရတာျဖစ္ပါတယ္။ အႏုပညာေလာကအတြက္ ဥကၠဌေကာင္း တစ္ေယာက္ျဖစ္မယ္လု႔ိ လည္း အႏုပညာရွင္မ်ားစြာ တို႔က မွတ္ခ်က္ေပးခံထားရသူတစ္ဦးပါပဲ။

ဆယ္လီရပ္ကြက္

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တက်နေတဲ့ အကယ်ဒမီမေသန်းနုရဲ့ သတင်းတွေအပေါ် ကူညီဖြေရှင်းသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်ကတော့ ငွေကြေးလိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင်မေသန်းနုအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ မဆင့်ရဲ့ အခက်အခဲတချို့ကိုလည်း ဝိုင်းဝန်းကူညီပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“ အခုလောလောဆယ်တော့ တွေ့ဖို့အစီအစဉ်မရှိသေးပါဘူး။ အွန်လိုင်းပေါ်က ကိစ္စလေးတွေကိုတော့ အစည်းအရုံးက ကူညီဖြေရှင်းပေးဖို့ရှိတယ်။ မဆင့် ဒီလိုကိစ္စတွေဖြစ်တော့မှ Facebook မှာ ရေနိမ့်ရာ ဝါးကူထိုးတာမျိုးတွေ တက်လာတာရှိတယ်။ အဲဒါလေးတွေကို ဝိုင်းကူဖြေရှင်းပေးဖို့တော့ စီစဉ်နေတယ်” ဆိုပြီးတော့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ဦးညီညီထွန်းလွင်ဟာ ဒါရိုက်တာတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးခဲ့စဉ်က မေသန်းနုနဲ့ရိုက်ခဲ့တဲ့ ဇာတ်ကားတွေ အများကြီးပါတဲ့။ မဆင့်အခုလို အခက်အခဲဖြစ်သွားတာကလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ မကောင်းတဲ့အချိန်မှာ ငွေရင်းနှီးလိုက်တဲ့အတွက် အရှုံးပေါ်သွားတာဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။

“ မဆင့်နဲ့ကျတော့ ကိုယ်က မောင်နှမလိုလည်းဖြစ်နေတယ်။ ဒါပေမယ့် ဒီကိစ္စကိုတော့ လုံးဝမသိလိုက်ဘူး။ အခုလိုဖြစ်မှပဲ သိတာ။ မဆင့်က ကျွန်တော်သိရသလောက် တစ်ခါမှ နာမည်ပျက်လည်း မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ဘယ်အရာတွေက သူ့အတွက်အခက်အခဲတွေ ဖြစ်သွားစေသလဲဆိုတာ မသိဘူး။ ဆောက်လုပ်ရေးလုပ်ငန်း ထိခိုက်သွားတာတော့ သိတယ်။ အဲဒီမှာ တော်တော်လေးအထိနာသွားတယ်ထင်တယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင် မေသန်းနုနဲ့ ဦးညီညီထွန်းလွင်တို့ဟာ မောင်နှမလို ဆက်ဆံရေးမျိုးပါလို့ သူကဆိုပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးချင်တဲ့ ဆန္ဒရှိပါတယ်တဲ့။“မဆင့်က ကိုယ့်လုပ်ဖော်ကိုင်ဖက်ဆိုတော့ ညီအစ်ကိုမောင်နှမတွေလိုဖြစ်နေတာ။ စိတ်မကောင်းဘူး။ တကယ်ဆို စောစောစီးစီးသိရရင်တော့ ဝိုင်းဝန်းပြီး တက်နိုင်သလောက်ကူညီလို့ရတာပေါ့။ ပိုက်ဆံရှိလို့တော့ မဟုတ်ဘူး ရှိရှိမရှိရှိ ကိုယ့်လုပ်ဖော်ကိုင်ဖက် ဒုက္ခရောက်နေတော့ ကူညီချင်တာပေါ့နော်။ ဒါပေမယ့် ဖြစ်သွားတော့ မတတ်နိုင်ဘူးပေါ့” လို့ သူကပြောပါတယ်။

သရုပ်ဆောင် မေသန်းနုကိုတော့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ဒီနေ့(ဇန်နဝါရီလ ၂ ရက်) က အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံဖို့ ရန်ကင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မေသန်းနုဟာ ၂၀၁၆ ခုနှစ်ကတည်းက အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိခဲ့ကြသလို သူမကို ချစ်တဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လု့ိ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။

ဆယ်လီရပ်ကွက်