စာသင်ကျောင်းဖွင့်ပွဲအခမ်းအနားကို မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ ကျက်သရေရှိစွာ တက်ရောက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★



သင်ဇာဝင့်ကျော်က မနေ့ ဇန်နဝါရ်ီလ (၈) ရက်နေ့မှာတော့ ရေဦးမြို့နယ်၊ ပန်းကုန်းကျေးရွာ စာသင်ကျောင်းဖွင့်ပွဲ အခမ်းအနားကို ညီထွဋ်ခေါင်၊ နေမင်း၊ ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ ကြူကြူသင်း၊ အေးသီတာတို့နဲ့အတူတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။



Rowena
Photo: Kix Thiha

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်က အနုပညာလောကမှာ အောင်မြင်တဲ့ ကြယ်ပွင့်တစ်ပွင့်ပါပဲ။ သင်ဇာဝင့်ကျော်က ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အခုချိန်ထိတိုင် အောင်မြင်မှုတွေ ရရှိနေဆဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားဒီဇိုင်းတွေကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများအပြား ရရှိထားတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က နောက်ပိုင်းမှာ ဆက်စီကျကျနဲ့ လွတ်လပ်ပေါ့ပါးတဲ့ဝတ်စုံတွေကို အဝတ်များပေမယ့် ကာလဒေသကိုရွေးပြီး အဝတ်အစားကို လိုက်ဖက်စွာ ဝတ်စားဆင်ယင်လေ့ရှိတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က မနေ့ ဇန်နဝါရီ်လ (၈) ရက်နေ့မှာတော့ ရေဦးမြို့နယ်၊ ပန်းကုန်းကျေးရွာ စာသင်ကျောင်းဖွင့်ပွဲ အခမ်းအနားကို ညီထွဋ်ခေါင်၊ နေမင်း၊ ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ ကြူကြူသင်း၊ အေးသီတာတို့နဲ့အတူတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ထိုစာသင်ကျောင်းဖွင့်ပွဲ အခမ်းအနားမှာ သင်ဇာဝင့်ကျော်က အဖြူရောင်ဝမ်းဆက် မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာ တွေ့ရှိရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုလှနေတာပဲနော်။

Rowena
Source: Thin Zar Wint Kyaw’s fb
Photo: Kix Thiha