စုသမျှ ပိုက်ဆံအကုန်လုံး သီချင်းထဲမှာ မြှုပ်နှံထားလို့ ကိုယ်ပိုင်ကားတောင်မစီးနိုင်ဘူးဆိုတဲ့ Ar-T

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လူငယ္ၾကိဳက္ေတးသံရွင္တစ္ဦးျဖစ္တဲ့ အားတီက EDM သီခ်င္းေလးေတြကို ျမဴးျမဳးျကြျကြ သီဆိုတတ္သူ တစ္ဦးပါ။ အားတီရဲ့ သီခ်င္းေလးေတြက လူငယ္ေတြျကားမွာ ေတာ္ေတာ္ေလး ေရပန္းစားျပီး ေအာင္ျမင္လွပါတယ္။ အားတီက သူ့ရဲ့အနုပညာသက္တမ္းတစ္ေလွ်ာက္ တစ္ကိုယ္ေတာ္အေခြေတြကိုလဲ မ်ားစြာ ထုတ္လုပ္နိုင္ခဲ့ျပီး ေအာင္ျမင္မႈေတြ ရရိွပိုင္ဆိုင္ခဲ့သူဆိုလဲ မမွားပါဘူး။ သီခ်င္းေကာင္းေလးေတြကို သီဆိုတတ္တဲ့ အားတီက မေန႔ကပဲ သီခ်င္းအသစ္ေလးတစ္ပုဒ္ကို MV နဲ႔ တကြ ပရိသတ္ေတြထံ ခ်ျပခဲ့ပါတယ္။

သီခ်င္းေလးက ေတးေရးဆရာေဝႀကီး ေရးစပ္ထားတဲ့ “နင္ငါ့ကိုမခ်စ္ဘူး” ဆိုတဲ့ သီခ်င္းေလးျဖစ္ၿပီး MV ကိုေတာ့ အကယ္ဒမီမ်ားရွင္ မင္းသမီးေခ်ာေလး ဝတ္မႈံေရႊရည္က သ႐ုပ္ေဆာင္ေပးထားတာ ျဖစ္ပါတယ္။

ထိုသီခ်င္းေလးက MV ထြက္ထြက္ခ်င္းမွာပဲ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရိွခဲ့ၿပီး တစ္ရက္အတြင္းမွာတင္ ၾကည့္႐ႈအားေပးသူ သိန္းနဲ႔ခ်ီရိွခဲ့တာကို ေတြ႔ရပါတယ္။

Image may contain: 2 people, people smiling

ထိုသီခ်င္းေလး ေပါက္သြားတာနဲ႔ ပက္သတ္ၿပီး Ar-T က “က်​​ေနာ္ ကားမရွိဘူး TAXI စီးရက်ိဳးနပ္သြားၿပီ !! က်​ေနာ္စုသမၽွ ပိုက္ဆံ​ေတြအကုန္ သီခ်င္း နဲ႔ mv မွာ က်​​ေနာ့္ကို လက္ခံအား​ေပးတဲ့သူ​ေတြအတြက္ အကုန္သုံးပစ္တယ္။”

Image may contain: 2 people, people smiling, people sitting, eyeglasses, table and outdoor

“ပြဲသြားရင္ Black taxi စီးတယ္ ။ ရိုးရိုးအျပင္သြားရင္ သာမန္ Taxi စီးတယ္ ။ က်​ေနာ္​ေျပာျပတာကို ယုံမလား ? ” ဆိုၿပီး ေျပာျပထားပါတယ္။

Image may contain: 2 people, people smiling, people standing

Ar-T ကေတာ့ သူ႔ရဲ႕ အႏုပညာကို တန္ဖိုးထားလို႔လည္း ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္မႈရရိွခဲ့တာပဲ ျဖစ္ပါတယ္။ Ar-T တစ္ေယာက္ ဒီထက္မက ေအာင္ျမင္မႈေတြရရိွပိုင္ဆိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Image may contain: 1 person, smiling, standing, eyeglasses and outdoor

မိုမုိေလး

Unicode ဖြင့်ဖတ်ပါ
★★★★★

လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ အားတီက EDM သီချင်းလေးတွေကို မြူးမြုးကြွကြွ သီဆိုတတ်သူ တစ်ဦးပါ။ အားတီရဲ့ သီချင်းလေးတွေက လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားပြီး အောင်မြင်လှပါတယ်။ အားတီက သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် တစ်ကိုယ်တော်အခွေတွေကိုလဲ များစွာ ထုတ်လုပ်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့သူဆိုလဲ မမှားပါဘူး။ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အားတီက မနေ့ကပဲ သီချင်းအသစ်လေးတစ်ပုဒ်ကို MV နဲ့ တကွ ပရိသတ်တွေထံ ချပြခဲ့ပါတယ်။

သီချင်းလေးက တေးရေးဆရာဝေကြီး ရေးစပ်ထားတဲ့ “နင်ငါ့ကိုမချစ်ဘူး” ဆိုတဲ့ သီချင်းလေးဖြစ်ပြီး MV ကိုတော့ အကယ်ဒမီများရှင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သရုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။

ထိုသီချင်းလေးက MV ထွက်ထွက်ချင်းမှာပဲ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး တစ်ရက်အတွင်းမှာတင် ကြည့်ရှုအားပေးသူ သိန်းနဲ့ချီရှိခဲ့တာကို တွေ့ရပါတယ်။

ထိုသီချင်းလေး ပေါက်သွားတာနဲ့ ပက်သတ်ပြီး Ar-T က “ကျနော် ကားမရှိဘူး TAXI စီးရကျိုးနပ်သွားပြီ !! ကျနော်စုသမျှ ပိုက်ဆံတွေအကုန် သီချင်း နဲ့ mv မှာ ကျနော့်ကို လက်ခံအားပေးတဲ့သူတွေအတွက် အကုန်သုံးပစ်တယ်။”

“ပွဲသွားရင် Black taxi စီးတယ် ။ ရိုးရိုးအပြင်သွားရင် သာမန် Taxi စီးတယ် ။ ကျနော်ပြောပြတာကို ယုံမလား ? ” ဆိုပြီး ပြောပြထားပါတယ်။

Ar-T ကတော့ သူ့ရဲ့ အနုပညာကို တန်ဖိုးထားလို့လည်း နှစ်ပေါင်းများစွာ အောင်မြင်မှုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ Ar-T တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မိုမိုလေး