သုံးယောက်မြောက် သမီးလေးကို ကျောင်းထိသွားကာ မွေးနေ့ Surprise လုပ်ခဲ့တဲ့ နိုင်းနိုင်း
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source : Actor 99,CRD-Candy :CeleConnections
Unicode ဖြင့်ဖတ်ပါ
★★★★★
ဆယ်စုနှစ် နှစ်ခုစာလောက် အနုပညာလောကမှာ အောင်မြင်စွာရပ်တည်လာတဲ့ နိုင်နိုင်းကတော့ မိန်းကလေး ပရိတ်သတ်ရော ယောကျာၤးလေးပရိတ်သတ်တွေပါ ကြိုက်နှစ်သက်ခံရသူဖြစ်ပါတယ်..။ ကျစ်လျစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအစားရယ် မြင့်မားတဲ့အရပ်မောင်းရယ် နုပျိုနေဆဲ ရုပ်ရည်တို့က အမျိုးသမီးပရိတ်သတ်ကို ပိုမိုဖမ်းစားထားပါတယ်..။
အနုပညာအလုပ်တွေကို နှစ်အတော်ကြာလုပ်ကိုင်လာတဲ့ နိုင်နိုင်းအနေနဲ့ ယခုအချိန်မှာတော့ (၁၂ ) ကြာလက်တွဲလာတဲ့ ချစ်ဇနီးချောလေးရယ် သမီးသုံးယောက် သားတစ်ယောက် ရယ် ပိုင်ဆိုင်ထားပြီး ပျော်ရွှင်လှပတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားပါတယ်..။မိသားစုကတော့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြပြီး နိုင်နိုင်းတစ်ယောက်ကတော့မြန်မာနိုင်ငံမှာ နေထိုင်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပြီး အားလပ်ရက်တွေမှာ မိသားစုရှိရာ အမေရိကားကို ပြန်လေ့ရှိပြီး သားသမီးတွေကို အချိန်ပေးတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ပါ..။
လက်ရှိမှာတော့ မိသားစုတွေရှိရာ နိုင်ငံခြားမှာရောက်ရှိနေပြီး တတိယမြောက်သမီးလေးရဲ့ မွေးနေ့အတွက် ကျောင်းမှာ Surprise သွားလုပ်ခဲ့တဲ့ဗီဒီယိုဖိုင်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ နိုင်းနိုင်းတို့သားအဖတွေရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။