စာအုပ်ပွဲတော်မှာ စိတ်ကြိုက်စာအုပ်တွေရွေးပြီး သဘောကျနေကြတဲ့ ခေတ်နဲ့သစ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Rowena
Source: Chit Thu Wai’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းက ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကို မွေးဖွားထားကြသူများ ဖြစ်ပါတယ်။

သမီးလေး မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့က အမြွှာလေးတွေဖြစ်ပြီး အရုပ်လေးတွေလို ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေက အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်ပြီး အနုပညာလုပ်ငန်းတွေ လက်မလည်အောင် လုပ်ကိုင်နေရပေမယ့် သမီးလေးနှစ်ယောက်ကို အချိန်ပေး ဂရုစိုက်နေကြသူများ ဖြစ်ပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေက ဒီနေ့မှာတော့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ Big Bad Wolf Book Sale ဆိုတဲ့ စာအုပ်အရောင်းပွဲကြီးကို သမီးလေး ခေတ်နဲ့သစ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ခေတ်နဲ့သစ်ကလည်း သူတို့ကြိုက်တဲ့ စာအုပ်လေးတွေကို ရွေးပြီး သဘောကျနေကြတာကို တွေ့ရပါတယ်။

ခေတ်နဲ့သစ်ကတော့ ကလေးဆိုပေမယ့် စာအုပ်လေးတွေကို အရမ်းသဘောကျတဲ့ ညီအစ်မ ဖြစ်ပါတယ်။

Rowena
Source: Chit Thu Wai’s fb