ကြည့်ရှုသူပရိသတ်များပြားတာကြောင့် တစ်နေ့တာအစီအစဉ်ကိုထပ်ရိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ စိုင်းစိုင်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

႐ုပ္ရွင္သ႐ုပ္ေဆာင္၊အဆိုေတာ္စိုင္းစိုင္းကေတာ့ ျမန္မာႏိုင္ငံမွာရွိတဲ့မိန္းကေလးထုႀကီးတစ္ခုလုံးရဲ႕ အသည္းႏွလုံးကို သိမ္းပိုက္ထားႏိုင္သူတစ္ေယာက္ပါ။ဆယ္စုႏွစ္ ႏွစ္ခုစာေလာက္ေအာင္ျမင္မႈကို ထိန္းထားႏိုင္တဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ႐ုပ္ရွင္သ႐ုပ္ေဆာင္နဲ႔ အဆိုေတာ္အလုပ္အျပင္ သူဝါသနာပါတဲ့ စာေလးေတြေရးၿပီးစာအုပ္ထုတ္ေဝခဲ့သူပါ။ဒါ့အျပင္ Sai Cosmetix ဆိုၿပီးေတာ့လည္း မိန္းကေလးပရိသတ္ေတြ သဲသဲလႈပ္အားေပးရတဲ့အလႈကုန္ပစၥည္းေတြကိုလည္း ထုတ္ေဝေနပါေသးတယ္။

စိုင္းစိုင္းကေတာ့ မၾကာခင္မွာ႐ိုက္ကူးတင္ဆက္ေတာ့မယ့္ သူရဲ႕ပထမဆုံးဇာတ္လမ္းတြဲျဖစ္တဲ့ “ဝကၤပါလမ္းမမ်ား” မွာ အဓိကဇာတ္ေဆာင္မင္းသားအေနနဲ႔ ပါဝင္႐ိုက္ကူးသြားမွာျဖစ္ၿပီး ပရိသတ္ေတြစိတ္ဝင္တစားေစာင့္ၾကည့္ရမယ့္ ဇာတ္လမ္းတြဲတစ္ခုျဖစ္လာဦးမွာအမွန္ပါပဲ။ခ်စ္ရတဲ့ပရိသတ္ေတြအတြက္ အၿမဲစဥ္းစားေပးေလ့ရွိတာေၾကာင့္ ဇန္နဝါရီ(၈)ရက္ေန႔ကမွ သူတစ္ေန႔တာသြားလာခဲ့တဲ့ ဗြီဒီယိုေလးကို ႐ိုက္ကူးေပးခဲ့တာျဖစ္ၿပီး SAI တစ္ေန႔တာ (ေနာက္လည္းတစ္ပတ္တစ္ခါေလာက္႐ိုက္မယ္ စိတ္ကူးထားတယ္ ဘယ္လိုသေဘာရလဲ) လို႔ပရိသတ္ေတြရဲ႕သေဘာကို ေမးကာတင္ေပးခဲ့တာျဖစ္ၿပီး ဒီေန႔မွာေတာ့ ၾကည့္ရႈသူ (၁၄)သိန္းေတာင္ရွိၿပီမို႔ “1.4 Millions ၾကည့္ထားတယ္ဆိုေတာ့ Sai တစ္ေန႔တာကို ဆက္႐ိုက္ရမယ္ဆိုပါေတာ့” လို႔ေရးသားခဲ့တာပါ။

မိန္းကေလးပရိသတ္ေတြရဲ႕အသည္းေက်ာ္စိုင္းစိုင္းကေတာ့ သူ႔ရဲ႕တစ္ေန႔တာေလးေတြကို တစ္ပတ္တစ္ခါပရိသတ္ေတြကို မွ်ေဝေပးေတာ့မွာမို႔ စိုင္းစိုင္းကိုအားေပးၾကတဲ့ပရိသတ္ေတြအတြက္ကေတာ့ ကိုယ္ခ်စ္ရတဲ့ အိုင္ေဒါဘာေတြလုပ္လဲ ဘယ္ေနရာေတြသြားလဲ အကုန္ေတြ႕ျမင္ရေတာ့မွာမို႔ ဝမ္းသာစရာပါပဲေနာ္။

Source -Sai Sai Kham Leng
Rainbow – Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်သရုပ်ဆောင်၊အဆိုတော်စိုင်းစိုင်းကတော့ မြန်မာနိုင်ငံမှာရှိတဲ့မိန်းကလေးထုကြီးတစ်ခုလုံးရဲ့ အသည်းနှလုံးကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။ဆယ်စုနှစ် နှစ်ခုစာလောက်အောင်မြင်မှုကို ထိန်းထားနိုင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော်အလုပ်အပြင် သူဝါသနာပါတဲ့ စာလေးတွေရေးပြီးစာအုပ်ထုတ်ဝေခဲ့သူပါ။ဒါ့အပြင် Sai Cosmetix ဆိုပြီးတော့လည်း မိန်းကလေးပရိသတ်တွေ သဲသဲလှုပ်အားပေးရတဲ့အလှုကုန်ပစ္စည်းတွေကိုလည်း ထုတ်ဝေနေပါသေးတယ်။

စိုင်းစိုင်းကတော့ မကြာခင်မှာရိုက်ကူးတင်ဆက်တော့မယ့် သူရဲ့ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ “ဝင်္ကပါလမ်းမများ” မှာ အဓိကဇာတ်ဆောင်မင်းသားအနေနဲ့ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်လာဦးမှာအမှန်ပါပဲ။ချစ်ရတဲ့ပရိသတ်တွေအတွက် အမြဲစဉ်းစားပေးလေ့ရှိတာကြောင့် ဇန်နဝါရီ(၈)ရက်နေ့ကမှ သူတစ်နေ့တာသွားလာခဲ့တဲ့ ဗွီဒီယိုလေးကို ရိုက်ကူးပေးခဲ့တာဖြစ်ပြီး SAI တစ်နေ့တာ (နောက်လည်းတစ်ပတ်တစ်ခါလောက်ရိုက်မယ် စိတ်ကူးထားတယ် ဘယ်လိုသဘောရလဲ) လို့ပရိသတ်တွေရဲ့သဘောကို မေးကာတင်ပေးခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ကြည့်ရှုသူ (၁၄)သိန်းတောင်ရှိပြီမို့ “1.4 Millions ကြည့်ထားတယ်ဆိုတော့ Sai တစ်နေ့တာကို ဆက်ရိုက်ရမယ်ဆိုပါတော့” လို့ရေးသားခဲ့တာပါ။

မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်စိုင်းစိုင်းကတော့ သူ့ရဲ့တစ်နေ့တာလေးတွေကို တစ်ပတ်တစ်ခါပရိသတ်တွေကို မျှဝေပေးတော့မှာမို့ စိုင်းစိုင်းကိုအားပေးကြတဲ့ပရိသတ်တွေအတွက်ကတော့ ကိုယ်ချစ်ရတဲ့ အိုင်ဒေါဘာတွေလုပ်လဲ ဘယ်နေရာတွေသွားလဲ အကုန်တွေ့မြင်ရတော့မှာမို့ ဝမ်းသာစရာပါပဲနော်။

Source -Sai Sai Kham Leng
Rainbow – Cele Gabar