အရေးပေါ်ဆေးရုံတင်လိုက်ရပြီး မှတ်ဉာဏ်တချို့ ချို့ယွင်းခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ဗေလုဝ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ.. ဟာသ သရုပ်ဆောင် လူရွှင်တော် ဗေလုဝတတစ်ယောက် ဦးနှောက်သွေးခဲရောဂါကြောင့် ပင်လုံဆေးရုံမှာအရေးပေါ်ဆေးကုသမှုခံယူနေရပါတယ် ။ ပင်လုံဆေးရုံမှာဆေးကုသမှုခံယူနေရတဲ့သရုပ်ဆောင် ဗေလုဝထံသို့ အနုပညာမောင်နှမအချို့လည်း သတင်းမေးလာခဲ့ကြတယ်လို့ သိရပါတယ်။

အခြေအနေက အသက်အန္တရာယ်တော့မစိုးရိမ် ရပေမယ့် စကားပြောတဲ့ အာရုံကြောတစ်ခုကို သွေးခဲလေးတစ်ခုပိတ်သွားတာကြောင့် စကားမပြောနိုင်သေးပါဘူး ။ မှတ်ဉာဏ်လည်းနည်းနည်း ချို့ယွင်းသွားခဲ့ပြီး ကျန်တာတော့လန်းလန်းဆန်းဆန်းပါပဲလို့သတင်းရရှိပါတယ် ။

အိမ်သာသန့်စင်ခန်း သွားနိုင်ပေမယ့် အရင်သွေးတိုး ၊ဆီးချိုရှိတဲ့အတွက်တော့ လောလောဆယ်တော့ ဦးနှောက်အတွင်းသွေးကြောပွင့်စေဖို့ဆေးသွင်းကုသနေရပါတယ် ။ ဆေးရုံမှာရက်အနည်းငယ်နေရဦးမှာဖြစ်ပြီး မသက်သာရင်တော့ဘန်ကောက်အထိသွားကုဖို့မိသားစုကဆန္ဒရှိပါတယ်တဲ့ ။

ဗေလုဝဟာ လက်ရှိအနေထားမှာ စကားပြောနိုင်မှာမဟုတ်လို့. တတ်နိုင်ရင် လူမမာလာမေးခြင်း၊ ဖုန်းဆက်ခြင်းတို့ ရှောင်ကြဖို့မေတ္တာရပ်ခံချင်ပါတယ်လို့ လည်း တရားဝင်ကြေငြာထားပါသေးတယ် ။ သူ့ရဲ့ လယ်သူမထမင်းဆိုင်ကတော့ ပုံမှန်ဖွငိ့လှစ်ရောင်းချနေမှာ ဖြစ်တယ်လို့လည်းသိရပါတယ် ။

ဦးဗေလုဝတစ်ယောက် အမြန်ဆုံးသက်သာပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ ဗေလုဝကိုချစ်တဲ့ ချစ်ပရိသတ်ကြီးကလည်း ဦးဗေအမြန်ဆုံး ကျန်းမာရေးကောင်းလာဖို့ ဆုတောင်းပေးကြပါဦးနော် ။