ပထမဆုံး Solo Album ထွက်ရှိချိန်မှာတင် JOOX ရဲ့ပထမဆုံးနေရာကို ရောက်ရှိခဲ့တဲ့ ချမ်းမြေ့မောင်ချို
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Chilli – CeleGabar
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်တွေက “မောင်ချိုလေး”လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြရတဲ့ ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season (3) ပြိုင်ပွဲကြီးကနေ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေပြီဖြစ်တဲ့ သူတစ်ယောက်ပါ။ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့မှာလည်း သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးအယ်လ်ဘမ်လေး ထွက်ရှိထားပါသေးတယ်။
ဒီတေးစီးရီးအခွေထဲမှာတော့ သီချင်း အပုဒ်ရေ (၁၁)ပုဒ်ပါဝင်ခဲ့တာဖြစ်ပြီး ဒီထဲမှာမှ “Loser” သီချင်းလေးကတော့ ဒီတပတ်ရဲ့ Jooxမှာ ပရိသတ်နားဆင်မှုအများဆုံးနဲ့ နံပါတ် (၁)နေရာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့ Single သီချင်းလေးဖြစ်တဲ့ “အိပ်မက်” သီချင်းလေးဟာလည်း Joox မှာ နံပါတ်(၁)နေရာကို ရရှိခဲ့ဖူးသေးတာဖြစ်ပြီး အခုတစ်ခေါက်မှာတော့ ဒုတိယအကြိမ်နံပါတ်(၁)နေရာကို ထပ်မံရရှိတာပဲဖြစ်ပါတယ်။
ချမ်းမြေ့မောင်ချိုကလည်း “ငယ်ငယ်တုန်းက အခန်းထဲမှာတော့ အဆင့် ၁ တခါမှမရဖူးပါဘူး။အခုတော့ top (1) နေရာလေး Loser ဆိုတဲ့ သီချင်းလေးနဲ့ထပ်ရောက်ခဲ့ပါပြီ။ Top (1) နေရာလေးကိုဒါနဲ့ဆို ရောက်တာ(၂) ခါရှိပါပီ ပထမ က “အိမ်မက်” အခု “loser” ဒီတခါတော့ album ထဲက နောက်ထပ်သီချင်း (၅) ပုဒ် ရယ် အရင်ကသီချင်းဟောင်းလေး အိမ်မက်ရယ် top 100 ထဲဝင်တော့ ပျော်တာပေါ့။Milestones တွေအရမ်းချစ်တာပဲ။ ဒါကလဲ မောင်ချို့ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ milestones တွေကြောင့်ပါပဲလေ။အားလုံးကိုချစ်ပါတယ်။ နောက်လဲဆက်ပီးကြိုးစားသွားပါ့မယ်။”ဆိုပြီး အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားပြောထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မောင်ချိုလေးရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုစကားလေးပြောသွားပေးပါဦး။
Source – Joox Myanmar, ChanMyae MgCho
Chilli – CeleGabar