နောက်တစ်ခါ လူတွေစုပြီးကောင်းမှုကုသိုလ်လုပ်ကြရင်ရော လိုက်ဦးမှာလားမေးလိုက်တဲ့ စမိုင်းလ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

႐ုပ္ရွင္သ႐ုပ္ေဆာင္စမိုင္းလ္ကေတာ့ လက္ရွိအခ်ိန္မွာမိန္းကေလးတိုင္းအားက်ေနရသူတစ္ေယာက္ပါ။ ခင္ပြန္းျဖစ္သူရဲ႕လိုေလေသးမရွိျဖည့္ဆည္းပံ့ပိုးျခင္းကို ရရွိထားတဲ့အျပင္ အလႉအတန္းဆိုလက္မေႏွးလႉဒါန္းတတ္သူတစ္ေယာက္ပါ။တေန႔တျခားအလွတိုးလာတဲ့အျပင္ လိမၼာေရးျခားရွိတဲ့သမီးေလးႏွစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားသူပါ။ဒါ့အျပင္ အႏုပညာအလုပ္ေတြဆက္မလုပ္ျဖစ္ေပမယ့္ အားေပးသူအမာခံပရိသတ္ေပါင္းမ်ားစြာရွိတဲ့စမိုင္းလ္ဟာ မၾကာေသးခင္ကမွ Fan Meeting ျပဳလုပ္ခဲ့ၿပီး ပရိသတ္ေတြနဲ႔ေတြ႕ဆုံခဲ့ပါေသးတယ္။

သူ႔ကိုခ်စ္တဲ့သူေတြစုစည္းထားတဲ့ Smiley အဖြဲ႕ေလးလည္းရွိၿပီး အဖြဲ႕ဝင္ေတြနဲ႔ ဘာသာေရး၊ အလွအပက်န္းမာေရးေတြကိုမွ်ေဝေပးႏိုင္ဖို႔ႀကိဳးစားေနသူပါ။ စမိုင္းလ္ကေတာ့ အဓိဌာန္မၾကာခဏဆိုသလိုျပဳလုပ္ေလ့ရွိၿပီး သူကိုးကိုယ္ယုံၾကည္တဲ့သစ္တံခါးဆရာေတာ္ႀကီးရဲ႕အဆုံးအမအရ က်ိဳက္ငါးက်ိဳက္အဓိဌာန္ေလးကို သူ႔ရဲ႕ခ်စ္ရတဲ့ပရိသတ္ေတြနဲ႔အတူတူ ကုသိုလ္ေရးလုပ္ႏိုင္ဖို႔စီစဥ္ထားခဲ့ၿပီး မေန႔ကေတာ့ကား(၂၈)စီး၊ လူအေယာက္(၁၃၀၀)နီးပါးနဲ႔အတူ အဓိဌာန္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။အမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္တတ္သူစမိုင္းလ္ကေတာ့ မေန႔ကသူျပဳလုပ္ေပးခဲ့တဲ့ အလႉေၾကာင့္မ်ားစြာပီတိျဖစ္ခဲ့ရတာျဖစ္ၿပီး ေနာက္ထပ္အခုလိုမ်ိဳး ခ်စ္ခင္ရသူေတြနဲ႔ ကုသိုလ္ေကာင္းမႈအတူတကြလုပ္ခ်င္တာေၾကာင့္ ေ႐ြတိဂုံဘုရားနဲ႔ က်ိဳက္ထီး႐ိုးကိုလည္း သြားႏိုင္ဖို႔ ႀကံ႐ြယ္ခဲ့တာျဖစ္ၿပီး “ေ႐ႊတိဂုံ၊က်ိဳက္ထီး႐ိုးဆိုရင္ေကာ လိုက္ၾကအုန္းမွာလား” လို႔ေမးခြန္းထုတ္ခဲ့တာပါ။

စမိုင္းလ္ကေတာ့ လူအမ်ားႀကီးနဲ႔အတူတကြ လႉရတဲ့အလႉအေပၚမွာ ဝမ္းသာပီတိျဖစ္ခဲ့တာေၾကာင့္ ေနာက္တစ္ခုလည္း သြားေရာက္ႏိုင္ဖို႔စီစဥ္ဦးမွာ ျဖစ္တာေၾကာင့္ ဒီတစ္ခါေတာ့ ေနာက္မက်ရေအာင္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – စမိုင္းလ္ Smile
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်သရုပ်ဆောင်စမိုင်းလ်ကတော့ လက်ရှိအချိန်မှာမိန်းကလေးတိုင်းအားကျနေရသူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူရဲ့လိုလေသေးမရှိဖြည့်ဆည်းပံ့ပိုးခြင်းကို ရရှိထားတဲ့အပြင် အလှူအတန်းဆိုလက်မနှေးလှူဒါန်းတတ်သူတစ်ယောက်ပါ။တနေ့တခြားအလှတိုးလာတဲ့အပြင် လိမ္မာရေးခြားရှိတဲ့သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသူပါ။ဒါ့အပြင် အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်ပေမယ့် အားပေးသူအမာခံပရိသတ်ပေါင်းများစွာရှိတဲ့စမိုင်းလ်ဟာ မကြာသေးခင်ကမှ Fan Meeting ပြုလုပ်ခဲ့ပြီး ပရိသတ်တွေနဲ့တွေ့ဆုံခဲ့ပါသေးတယ်။

သူ့ကိုချစ်တဲ့သူတွေစုစည်းထားတဲ့ Smiley အဖွဲ့လေးလည်းရှိပြီး အဖွဲ့ဝင်တွေနဲ့ ဘာသာရေး၊ အလှအပကျန်းမာရေးတွေကိုမျှဝေပေးနိုင်ဖို့ကြိုးစားနေသူပါ။ စမိုင်းလ်ကတော့ အဓိဌာန်မကြာခဏဆိုသလိုပြုလုပ်လေ့ရှိပြီး သူကိုးကိုယ်ယုံကြည်တဲ့သစ်တံခါးဆရာတော်ကြီးရဲ့အဆုံးအမအရ ကျိုက်ငါးကျိုက်အဓိဌာန်လေးကို သူ့ရဲ့ချစ်ရတဲ့ပရိသတ်တွေနဲ့အတူတူ ကုသိုလ်ရေးလုပ်နိုင်ဖို့စီစဉ်ထားခဲ့ပြီး မနေ့ကတော့ကား(၂၈)စီး၊ လူအယောက်(၁၃၀၀)နီးပါးနဲ့အတူ အဓိဌာန်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အများအကျိုးကို သယ်ပိုးဆောင်ရွက်တတ်သူစမိုင်းလ်ကတော့ မနေ့ကသူပြုလုပ်ပေးခဲ့တဲ့ အလှူကြောင့်များစွာပီတိဖြစ်ခဲ့ရတာဖြစ်ပြီး နောက်ထပ်အခုလိုမျိုး ချစ်ခင်ရသူတွေနဲ့ ကုသိုလ်ကောင်းမှုအတူတကွလုပ်ချင်တာကြောင့် ရွေတိဂုံဘုရားနဲ့ ကျိုက်ထီးရိုးကိုလည်း သွားနိုင်ဖို့ ကြံရွယ်ခဲ့တာဖြစ်ပြီး “ရွှေတိဂုံ၊ကျိုက်ထီးရိုးဆိုရင်ကော လိုက်ကြအုန်းမှာလား” လို့မေးခွန်းထုတ်ခဲ့တာပါ။

စမိုင်းလ်ကတော့ လူအများကြီးနဲ့အတူတကွ လှူရတဲ့အလှူအပေါ်မှာ ဝမ်းသာပီတိဖြစ်ခဲ့တာကြောင့် နောက်တစ်ခုလည်း သွားရောက်နိုင်ဖို့စီစဉ်ဦးမှာ ဖြစ်တာကြောင့် ဒီတစ်ခါတော့ နောက်မကျရအောင် မျှဝေပေးလိုက်ပါတယ်နော်။

Source – စမိုင်းလ် Smile
Rainbow- Cele Gabar