ဘုန်းမင်းနေလရဲ့ ရင့်ကျက်မှုတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ ခင်ဇာခြည်ကျော်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အခုသူက ၁၈ ႏွစ္ျပည့္ၿပီ၊ လူႀကီးျဖစ္ၿပီဆိုတာနဲ႕ ကိုင္ေပါက္ေနတာ။

ခင္ဇာျခည္ေက်ာ္ကေတာ့ အသက္ ၁၈ ႏွစ္ျပည့္ၿပီးၿပီျဖစ္တဲ့ သားျဖစ္သူ ဘုန္းမင္းေနလကို ဘယ္ေလာက္အထိ ရင့္က်က္လာမလဲဆိုတာ ေစာင့္ၾကည့္မယ္လို႔ ေျပာပါတယ္။

ခင္ဇာျခည္ေက်ာ္ကေတာ့ သားျဖစ္သူ ဘုန္းမင္းေနလ အေၾကာင္းေတြကို ႐ႊန္း႐ႊန္းေဝ ေအာင္ ေျပာျပလာပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ရင့္က်က္လာၿပီလို႔ ေျပာတဲ့ သားျဖစ္သူကို ေစာင့္ၾကည့္ဦးမယ္လို႔လည္း အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

“ သူက ၁၈ ႏွစ္ျပည့္သြားၿပီဆိုေတာ့ သူက လူႀကီးျဖစ္သြားၿပီဆိုတဲ့အေၾကာင္းနဲ႕ပဲ ကိုင္ေပါက္တာ ေပါ့ေနာ္။ သားရင့္က်က္ပါၿပီေပါ့။ အဲဒီေတာ့ ကိုယ္ကလည္း ေရွ႕ေလွ်ာက္ ရင့္က်က္တယ္၊ မက်က္ဘူးဆိုတာကို ေစာင့္ၾကည့္မယ္ေပါ့။ သူက လိမ္လည္း လိမ္မာတယ္။ တစ္ခါတေလလည္း ဆိုးခ်င္တယ္။ သူမ်ားေတြလိုလည္း ေတာက္ေလွ်ာက္ ဆိုးေနတာလည္း မဟုတ္ဘူး။ေဟာ့ေဟာ့ရမ္းရမ္းဆိုးတာလည္း မဟုတ္။ သူက ေအးေအးေလးနဲ႕ ဆိုးတာ။ အဲဒါကလြဲလို႔ က်န္တာ အကုန္ေကာင္းပါတယ္” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။

ဘုန္းမင္းေနလဟာ ေက်ာင္းပိတ္ရက္ကို မိဘဆီအလည္ျပန္လာတာ ျဖစ္တဲ့အတြက္ မိသားစု ဆုံတုန္း ခရီးေတြ သြားျဖစ္တယ္လို႔ ခင္ဇာျခည္ေက်ာ္က ေျပာပါတယ္။ ေက်ာင္းတက္ေနရလို႔ အႏုပညာအလုပ္ေတြ တစိုက္မတ္မတ္ မလုပ္နိုင္တဲ့ သားကို ခ်စ္တဲ့ ပရိသတ္ရွိလို႔ ေပ်ာ္တယ္လို႔လည္း သူက ဆိုပါတယ္။

“သားေလးက အခု foundation ၿပီးသြားလို႔ ရန္ကုန္မွာ ခဏလာျပန္နားတာေပါ့ေနာ္။ ေဖေဖာ္ဝါရီေလာက္က်ရင္ ျပန္သြားရမွာပါ။ မိသားစု စုံတုန္း ခရီးသြားျဖစ္တယ္။ သူ႕ရဲ႕ ေၾကာ္ျငာေလးေတြ ရိုက္ေနရတယ္။ ဒါကေတာ့ သူ႕ရဲ႕ ကံေကာင္းမႈေပါ့ေနာ္။ သူမ်ားေတြလို ဆက္တိုက္လုပ္ေနရတာလည္း မဟုတ္ဘူး။ ေက်ာင္းသြားတက္လိုက္ ပ်က္လိုက္နဲ႕ဆိုေပမယ့္ သူ႕ကို ခ်စ္တဲ့ ပရိသတ္ေတြရွိေနတဲ့အတြက္ ေက်းဇူးတင္ပါတယ္” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၀ ရက္ေန႕က “ဂႏၶဗၺ” ႐ုပ္ရွင္ဇာတ္ကား မိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့တာပါ။

ဘုန္းမင္းေနလ ကေတာ့ အခုလက္ရွိ စင္ကာပူနိုင္ငံမွာ ေက်ာင္းတက္ေနတာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ခင္ဇာျခည္ေက်ာ္ရဲ႕ သားျဖစ္တာေၾကာင့္ ၂၀၁၈ ခုႏွစ္အတြက္ ေ႐ႊႀကိဳၿပိဳင္ပြဲ ဝင္မၿပိဳင္ခင္ကတည္းက ပရိသတ္ေတြ သိရွိၿပီးသားျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီထူးခြၽန္ဆုေပးပြဲၿပီးတဲ့ ေနာက္မွာေတာ့ သူဟာ TV ေၾကာ္ျငာရိုက္ကူးေရးေတြ၊ ဇာတ္ကားရိုက္ကူးမႈေတြ ကို တစိုက္မတ္မတ္ ေဆာင္႐ြက္လာရသူဆိုရင္လည္း မမွားပါဘူး။ အခုလက္ရွိမွာေတာ့ မိခင္ျဖစ္သူရဲ႕ ဆႏၵအရ အႏုပညာအလုပ္ေတြထက္ ပညာေရးကို ဦးစားေပးေနတာ ေတြ႕ရပါတယ္။

သ႐ုပ္ေဆာင္ခင္ဇာျခည္ေက်ာ္(Khin Zar Chi Kyaw)မွာေတာ့ အရမ္းကိုေခ်ာေမာၿပီး ခ်စ္စရာေကာင္းလြန္းၾကတဲ့ သားႀကီး ဘုန္းမင္းေနလနဲ႕ သမီးငယ္ေလး ထင္သစၥာ တို႔ကို ပိုင္ဆိုင္ထားတဲ့ မိခင္တစ္ေယာက္ျဖစ္ပါတယ္။ သားႀကီး ဘုန္းမင္းေနလကေတာ့ ဆယ္ေက်ာ္သက္ ႏႈတ္ခမ္းနီမေလးေတြ ရဲ႕ အသဲစြဲမင္းသားေလးတစ္ေယာက္ျဖစ္ပါတယ္။ သမီးငယ္ေလး ထင္သစၥာကေတာ့ တီဗီေၾကာ္ျငာေလးေတြ နဲ႕ မဂၢဇင္း ကာဗာေတြရိုက္ကူးေနရတာ ျဖစ္သလို အဓိကအားျဖင့္ေက်ာင္းပညာေရးကို ပိုဦးစားေပးေနတယ္လို႔ သိရပါတယ္။

ဆယ္လီရပ္ကြက္

Unicode ဖြင့်ဖတ်ပါ
★★★★★

အခုသူက ၁၈ နှစ်ပြည့်ပြီ၊ လူကြီးဖြစ်ပြီဆိုတာနဲ့ ကိုင်ပေါက်နေတာ။

ခင်ဇာခြည်ကျော်ကတော့ အသက် ၁၈ နှစ်ပြည့်ပြီးပြီဖြစ်တဲ့ သားဖြစ်သူ ဘုန်းမင်းနေလကို ဘယ်လောက်အထိ ရင့်ကျက်လာမလဲဆိုတာ စောင့်ကြည့်မယ်လို့ ပြောပါတယ်။

ခင်ဇာခြည်ကျော်ကတော့ သားဖြစ်သူ ဘုန်းမင်းနေလ အကြောင်းတွေကို ရွှန်းရွှန်းဝေ အောင် ပြောပြလာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်လာပြီလို့ ပြောတဲ့ သားဖြစ်သူကို စောင့်ကြည့်ဦးမယ်လို့လည်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ သူက ၁၈ နှစ်ပြည့်သွားပြီဆိုတော့ သူက လူကြီးဖြစ်သွားပြီဆိုတဲ့အကြောင်းနဲ့ပဲ ကိုင်ပေါက်တာ ပေါ့နော်။ သားရင့်ကျက်ပါပြီပေါ့။ အဲဒီတော့ ကိုယ်ကလည်း ရှေ့လျှောက် ရင့်ကျက်တယ်၊ မကျက်ဘူးဆိုတာကို စောင့်ကြည့်မယ်ပေါ့။ သူက လိမ်လည်း လိမ်မာတယ်။ တစ်ခါတလေလည်း ဆိုးချင်တယ်။ သူများတွေလိုလည်း တောက်လျှောက် ဆိုးနေတာလည်း မဟုတ်ဘူး။ဟော့ဟော့ရမ်းရမ်းဆိုးတာလည်း မဟုတ်။ သူက အေးအေးလေးနဲ့ ဆိုးတာ။ အဲဒါကလွဲလို့ ကျန်တာ အကုန်ကောင်းပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

ဘုန်းမင်းနေလဟာ ကျောင်းပိတ်ရက်ကို မိဘဆီအလည်ပြန်လာတာ ဖြစ်တဲ့အတွက် မိသားစု ဆုံတုန်း ခရီးတွေ သွားဖြစ်တယ်လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။ ကျောင်းတက်နေရလို့ အနုပညာအလုပ်တွေ တစိုက်မတ်မတ် မလုပ်နိုင်တဲ့ သားကို ချစ်တဲ့ ပရိသတ်ရှိလို့ ပျော်တယ်လို့လည်း သူက ဆိုပါတယ်။

“သားလေးက အခု foundation ပြီးသွားလို့ ရန်ကုန်မှာ ခဏလာပြန်နားတာပေါ့နော်။ ဖေဖော်ဝါရီလောက်ကျရင် ပြန်သွားရမှာပါ။ မိသားစု စုံတုန်း ခရီးသွားဖြစ်တယ်။ သူ့ရဲ့ ကြော်ငြာလေးတွေ ရိုက်နေရတယ်။ ဒါကတော့ သူ့ရဲ့ ကံကောင်းမှုပေါ့နော်။ သူများတွေလို ဆက်တိုက်လုပ်နေရတာလည်း မဟုတ်ဘူး။ ကျောင်းသွားတက်လိုက် ပျက်လိုက်နဲ့ဆိုပေမယ့် သူ့ကို ချစ်တဲ့ ပရိသတ်တွေရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့က “ဂန္ဓဗ္ဗ” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

ဘုန်းမင်းနေလ ကတော့ အခုလက်ရှိ စင်ကာပူနိုင်ငံမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်တာကြောင့် ၂၀၁၈ ခုနှစ်အတွက် ရွှေကြိုပြိုင်ပွဲ ဝင်မပြိုင်ခင်ကတည်းက ပရိသတ်တွေ သိရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲပြီးတဲ့ နောက်မှာတော့ သူဟာ TV ကြော်ငြာရိုက်ကူးရေးတွေ၊ ဇာတ်ကားရိုက်ကူးမှုတွေ ကို တစိုက်မတ်မတ် ဆောင်ရွက်လာရသူဆိုရင်လည်း မမှားပါဘူး။ အခုလက်ရှိမှာတော့ မိခင်ဖြစ်သူရဲ့ ဆန္ဒအရ အနုပညာအလုပ်တွေထက် ပညာရေးကို ဦးစားပေးနေတာ တွေ့ရပါတယ်။

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ တီဗီကြော်ငြာလေးတွေ နဲ့ မဂ္ဂဇင်း ကာဗာတွေရိုက်ကူးနေရတာ ဖြစ်သလို အဓိကအားဖြင့်ကျောင်းပညာရေးကို ပိုဦးစားပေးနေတယ်လို့ သိရပါတယ်။

ဆယ်လီရပ်ကွက်