ဗုဒ္ဓဟူး/ရာဟုသားသမီးများရဲ့ (၂၀၂၀)ခုနှစ်အတွက် (၁)နှစ်လုံးစာ ကံကြမ္မာဟောကိန်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

(၂၀၂၀)ခုႏွစ္အတြက္ ဗုဒၶဟူး/ရာဟုသားသမီးမ်ားရဲ႕ တစ္ႏွစ္စာကံၾကမၼာေဟာကိန္း

==============================

ဒီႏွစ္(၂၀၂၀)အတြင္း ဗုဒၶေန႔ေမြးသူေတြအတြက္ တကယ့္ကိုႀကိဳးတန္းေပၚလမ္းေလွ်ာက္ရတဲ့ႏွစ္တစ္ခုပါပဲ။ အတိမ္းအေစာင္းမခံပါဘူး။ တစ္ခုအမွားလုပ္မိတာနဲ႔ အဲဒီအမွားေၾကာင့္ပဲ ဘဝကနလန္ျပန္ထူဖို႔ လြန္စြာခက္ခဲသြားတတ္ပါတယ္။ သတိကပ္ၿပီးေဆာင္႐ြက္ႏိုင္မွသာ အဆင္ေျပပါလိမ့္မယ္။ မိမိမသိနားမလည္ရင္ နားလည္သူေတြကို ဆည္းကပ္ပါ။ေအာက္က်တယ္လို႔ မထင္လိုက္ပါနဲ႔။

တစ္ႏွစ္လုံးအတြက္ စိတ္ပင္ပန္းစရာေတြ ၊ လူပင္ပန္းစရာေတြ မ်ားေနတတ္ပါတယ္။ ေဆြမ်ိဳးသားခ်င္းေတြရဲ႕ၿငိဳျငင္မႈေတြကိုခံရတတ္ေသာ္လည္း သူတို႔ေတြရဲ႕အကူအညီအေထာက္အပံ့ေတာ့ ရလြယ္ပါတယ္။ သားသမီးမ်ားအတြက္ စိတ္ပူပန္စရာေတြမ်ားရတတ္ပါတယ္။ လုပ္ငန္းေဟာင္းမွ အခြင့္အေရးေကာင္းမ်ား ေပၚလာတတ္ပါတယ္။ ဝန္ထမ္းမ်ား လုပ္ငန္းကြၽမ္းက်င္မႈေၾကာင့္ အထက္ကေျမႇာက္စားျခင္းကိုခံရတတ္ပါတယ္။ အမ်ားနဲ႔မတူႀကိဳးစားမႈေတြေၾကာင့္ ပတ္ဝန္းက်င္ရဲ႕စိတ္ဝင္စားမႈေတြကို ခံရတတ္ပါတယ္။ လုပ္ကိုင္ေနတဲ့အလုပ္နဲ႔ပတ္သက္ၿပီး ျပည္တြင္းျပည္ပခရီးေတြ သြားရတတ္ပါတယ္။

ဝင္ေငြရလမ္းေတြေကာင္းေပမယ့္ လူမႈေရးကိစၥေတြေၾကာင့္ အကုန္အက်မ်ားရတတ္ပါတယ္။ လူမႈဆက္ဆံေရးေတြမွာ ပရိယာယ္ႂကြယ္စြာေနထိုင္တတ္မွပဲ အဆင္ေျပပါလိမ့္မယ္။ အလုပ္နဲ႔ပတ္သက္ရင္ေတာ့ ေနရာသစ္ ၊ ဝန္းက်င္သစ္မွာ လုပ္ကိုင္ရတတ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြ ၊ မိတ္ေဆြေတြကို အားမကိုးပါနဲ႔။ ဒီႏွစ္ဟာ ကိုယ္တိုင္လုပ္မွအဆင္ေျပႏိုင္တာကို ေတြ႕ရပါတယ္။ ရည္႐ြယ္ထားတဲ့ကိစၥေတြအတြက္ အတိုက္အခံ ၊ အေႏွာင့္အယွက္ႀကဳံမွ အဆင္ေျပပါလိမ့္မယ္။ ေဝးကြာေနတဲ့သူမ်ားနဲ႔ ျပန္လည္ဆုံဆည္းခြင့္ေတြရလာတတ္ပါတယ္။ ကြဲေနတဲ့အိမ္ေထာင္ဘက္ေတြ ၊ ခ်စ္သူေဟာင္းေတြနဲ႔ ျပန္အဆင္ေျပတတ္ပါတယ္။ စိတ္ေလာၿပီး သူမ်ားအကူအညီနဲ႔ လုပ္ကိုင္ေဆာင္႐ြက္သမွ်ေတြက အဆင္မေျပမႈေတြကိုေပးစြမ္းပါတယ္။

လူမႈေရးကိစၥေတြ ၊ အဖြဲ႕အစည္းကိစၥေတြမွာ ေခါင္းေဆာင္အေနနဲ႔ တာဝန္ေပးျခင္းခံရတတ္ပါတယ္။ အဆိပ္ရွိေသာသတၱဝါေတြရဲ႕ရန္မူျခင္းမ်ိဳး ခံရတတ္ပါတယ္။ သတိတရားေရွ႕ထားေနပါ။ ေႁမြေပါတဲ့ေနရာေတြမွာ ေနထိုင္သူမ်ား ညဘက္အျပင္ထြက္ရင္ လည္ရွည္ဖိနပ္ေတြစီးထားပါ။ ဒီႏွစ္ဟာ ေရာဂါဥပဒ္ေတြ အလြန္ဝင္လာတတ္ပါတယ္။ ေလးဘက္နာ ၊ အ႐ိုးအေၾကာ ၊ အဆစ္အျမစ္ကိုက္ခဲျခင္းေတြ ၊ အက်ိတ္အဖုထြက္ျခင္းေတြ အထူးႀကဳံရတတ္ပါတယ္။

အေလးအပင္မလိုက္ရာကေန ခါးနာၿပီး လနဲ႔ခ်ီမေပ်ာက္တာမ်ိဳးေတြ အထူးႀကဳံရတတ္ပါတယ္။ ဆီး ၊ ေက်ာက္ကပ္သတိထားပါ။ ဦးေႏွာက္အာ႐ုံေၾကာေတြလဲျဖစ္လြယ္ပါတယ္။ ခရီးသြားရာကေန က်န္းမာေရးညံ့သြားတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ တစ္ခုသတိေပးခ်င္တာက ဒီႏွစ္ဟာ အစားအေသာက္မဆင္ျခင္ရာကစလို႔ ေရာဂါတိုးလာတတ္ပါတယ္။

ဒီႏွစ္မွာ ေက်ာက္မ်က္ရတနာေရာင္းျခင္း ၊ ဝယ္ျခင္း အလုပ္ေတြ ၊ ထီေရာင္းျခင္းလုပ္ငန္းေတြ ၊ ဓာတ္သတၱဳတူးေဖာ္ေရးအလုပ္ေတြ ၊ ကုန္စုံဆိုင္ ၊ စတိုးဆိုင္အလုပ္ေတြ ၊ စက္သုံးဆီေရာင္းဝယ္ေရးအလုပ္ေတြ ၊ ဆက္သြယ္ေရးႏွင့္အိုင္တီပစၥည္းေရာင္းဝယ္ေရးအလုပ္ေတြ အထူးအက်ိဳးေပးႏိုင္တဲ့ႏွစ္တစ္ခုပါပဲ။ ႏိုင္ငံျခားသား ၊ လူမ်ိဳးျခားေတြနဲ႔ဆက္စပ္လုပ္ကိုင္သမွ် အဆင္ေျပမႈေတြရွိပါလိမ့္မယ္။ ဒါေပမဲ့ ႏိုင္ငံျခားသြားဖို႔ စတင္ႀကိဳးစားတဲ့သူေတြကေတာ့ အခက္အခဲမ်ားတတ္ပါတယ္။ ေဆးက်တာမ်ိဳးေတြ ၊ callingၾကာတာမ်ိဳးေတြ အလြန္မွျဖစ္တတ္ပါတယ္။

ႏိုင္ငံျခားသြားဖို႔စီစဥ္ထားတယ္ဆို ဒီ၂၀၂၀မွာ လိုအပ္တဲ့သင္တန္းေတြ ၊ဘာသာစကားေတြ သင္ယူထားပါ။ ဒီႏွစ္မွာလုပ္ကိုင္ေဆာင္႐ြက္ၿပီး ေရွ႕ႏွစ္မွ ႏိုင္ငံျခားသြားဖို႔လိုက္ပါေဆာင္႐ြက္တာက ပိုမိုနီးစပ္အဆင္ေျပတတ္ပါတယ္။ ဒီႏွစ္မွာေၾကာက္စရာအေကာင္းဆုံးအခ်က္က လူလိမ္ခံရျခင္းပါပဲ။ ေအာက္လက္ငယ္သားေတြက လိမ္သြားတာမ်ိဳးေတြ ၊ တပည့္လူယုံေတြ လိမ္လည္သြားတာမ်ိဳးေတြ အထူးႀကဳံရတတ္ပါတယ္။ အာမခံေပးတာ ၊ သက္ေသလိုက္ေပးတာမ်ိဳးေတြက အထူးျပႆနာႀကဳံရတတ္ပါတယ္။ ဘာကိစၥျဖစ္ျဖစ္ လက္မွတ္ထိုးရမယ္ဆို သတိသာထားလိုက္ပါေတာ့။

ေနာက္ထပ္သတိေပးလိုတာက ဒီႏွစ္မွာလုပ္ငန္းသစ္စမယ္ဆို သတိထားပါ။ မစပါနဲ႔လို႔မေျပာလိုေပမယ့္ လုပ္မယ္ဆို အဘက္ဘက္ကျပင္ဆင္လုပ္ကိုင္ေစခ်င္ပါတယ္။ လုပ္ငန္းသစ္စီးပြားသစ္ရဲ႕၈၀%က အဆင္မေျပ က်ဆုံးတတ္တဲ့ႏွစ္တစ္ခုျဖစ္ေနလို႔ပါပဲ။ အခုလုပ္မယ့္အလုပ္က ကြၽမ္းက်င္ၿပီးသားျဖစ္ ၊ ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈလဲရွိရင္ေတာင္မွ ေအာင္ျမင္ဖို႔မေသခ်ာတဲ့ႏွစ္တစ္ခုပါပဲ။ ဒါေၾကာင့္ အလုပ္သစ္စမယ္ဆို မေလာပါနဲ႔။အခ်ိန္ယူပါ။လိုအပ္တဲ့ data ေသခ်ာေကာက္ယူပါ။ အလ်င္စလိုမလုပ္လိုက္ပါနဲ႔။

ေနာက္တစ္ခုသတိေပးလိုတာကေတာ့ ဇာတာရွင္အေနနဲ႔ ဒီႏွစ္မွာစပ္တူကိစၥေတြေရွာင္ႏိုင္ရင္ အေကာင္းဆုံးပါပဲ။ စပ္တူလုပ္ငန္းမွန္သမွ် စိတ္ဝမ္းကြဲဖို႔ ရာခိုင္ႏႈန္းမ်ားေနတတ္ပါတယ္။ အရမ္းခ်စ္တဲ့မိတ္ေဆြေတြ စပ္တူလုပ္ရင္ေတာင္မွ အလုပ္ေၾကာင့္ပဲစိတ္ကြက္စရာေတြေပၚလာတတ္ပါတယ္။ ဒါေၾကာင့္ စပ္တူရွယ္ယာအလုပ္မ်ား အလြန္သတိထားရပါလိမ့္မယ္။ အိမ္ဝယ္မယ္လို႔ ဒီႏွစ္ဆုံးျဖတ္ထားရင္ အရႈပ္အရွင္းကင္းလားစုံစမ္းၿပီးမွ ဝယ္ေစခ်င္ပါတယ္။ အလုပ္နဲ႔ပတ္သက္ရင္ ေအာင္ျမင္မႈရဖို႔အတြက္ အေကာင္းဆုံးအႀကံေပးလိုတာကေတာ့ အမ်ားအတြက္စဥ္းစားၿပီးလုပ္ပါ။ ဥပမာ အျမတ္ရဖို႔ခ်ည္းအာ႐ုံမစိုက္ဘဲ ဝယ္ယူသူ satisfy ျဖစ္ဖို႔ကို ဦးစားေပးေစခ်င္ပါတယ္။ ေပးဆပ္မႈေတြနဲ႔ရွင္သန္မွပဲ ဒီႏွစ္ကအဆင္ေျပႏိုင္ပါတယ္။

ဒီႏွစ္မွာေတာ့ အခ်စ္ေရးကိစၥေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခ်စ္သူနဲ႔အဆင္မေျပတာ လမ္းခြဲရတာမ်ိဳးေတြ အထူးႀကဳံရတတ္ပါတယ္။ အဓိကေတာ့ ခ်စ္သူကမိမိကိုစိတ္မပါေတာ့တာမ်ိဳး ၊ စိတ္ကုန္သြားတာမ်ိဳးေတြ ျဖစ္လြယ္တတ္ပါတယ္။ ခ်စ္သူနဲ႔လမ္းခြဲျဖစ္တယ္ဆိုရင္ေတာ့ တကယ္အၿပီးေဝးတာမ်ိဳးျဖစ္ပါလိမ့္မယ္။ ဒီႏွစ္မွာ ကြဲသြားတဲ့ခ်စ္သူနဲ႔ျပန္ဆုံဖို႔ ခဲယဥ္းပါတယ္။ အိမ္ေထာင္ေရးကိစၥေတြမွာေတာ့ လင္မယားဇနီးေမာင္ႏွံအခ်င္းခ်င္း အဆင္ေျပေပမယ့္ ၾကားကေသြးထိုးစကားေတြေၾကာင့္ အဆင္ေျပဖို႔မလြယ္တာမ်ိဳး ေတြ႕ရွိရပါတယ္။ ႏွစ္ေယာက္စလုံးနားလည္မႈေတြရွိမွပဲ အိမ္ေထာင္ေရးသာယာမႈေတြကို ျဖစ္ေပၚေစပါလိမ့္မယ္။

ဒီႏွစ္မွာ စေနသား ၊ တနဂၤေႏြသားႏွင့္ ၾကာသပေတးသားသမီးေတြက မိမိအတြက္ေကာင္းက်ိဳးေပးမယ့္ေန႔သားေတြ ျဖစ္လာတတ္ပါတယ္။ ထီကံ ၊ ကံစမ္းမဲကံ အားေကာင္းေနတဲ့အတြက္ ထီထိုးတာမ်ိဳးေတြ ဦးစားေပးေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ ဇန္နဝါရီလ ၊ ဇူလိုင္လနဲ႔ စက္တင္ဘာလေတြမွာ ကံအားနည္းမႈေတြကိုျဖစ္ေပၚေစႏိုင္တာ ေတြ႕ရပါတယ္။ ေမလႏွင့္ ၾသဂုတ္လနဲ႔ ဒီဇင္ဘာလေတြက အဆင္ေျပကံေကာင္းျခင္းေတြျဖစ္ေပၚေစႏိုင္ပါတယ္။

ဗုဒၶဟူး/ရာဟုေန႔ဖြားေတြဟာ အခုႏွစ္၂၀၂၀မွာ အသက္အားျဖင့္ ၂ႏွစ္ ၊ ၉ႏွစ္ ၊ ၁၆ႏွစ္ ၊၂၃ႏွစ္ ၊ ၃၀ႏွစ္ ၊ ၃၇ႏွစ္ ၊ ၄၄ႏွစ္ ၊ ၅၁ႏွစ္ ၊ ၅၈ႏွစ္ ၊ ၆၅ႏွစ္ ၊ ၇၂ႏွစ္ စေသာအသက္အပိုင္းအျခားေတြမွာ ေရာက္ေနခ်ိန္ဆိုရင္ေတာ့ ကံအညံ့ေတြမ်ားျပားၿပီး ကံဇာတာညႇိဳးႏြမ္းေနတယ္ဆိုတာကိုေတာ့ သိထားသင့္ပါတယ္။ ဒီအသက္အပိုင္းအျခားေရာက္ေနသူေတြကေတာ့ နီးစပ္တဲ့ဆရာေတြဆီမွာေမးျမန္းၿပီး အေသးစိပ္အႀကံဉာဏ္ယူေစခ်င္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ ဒီႏွစ္မွာစပ္တူေရွာင္ပါ။ လုပ္ငန္းသစ္ေတြကို သတိနဲ႔ယွဥ္လုပ္ပါ။ အတၱထက္ ပရကို ပိုစဥ္းစားပါ။ ႏိုင္ငံျခားကိစၥေတြမွာ အခက္အခဲမ်ားႏိုင္ပါတယ္။ ပညာသင္ယူတဲ့အပိုင္း ၊ အသက္ေမြးမႈပညာသင္တဲ့ကိစၥေတြမွာေတာ့ အဆင္ေျပေအာင္ျမင္မႈေတြကိုျဖစ္ေစပါလိမ့္မယ္။ ကုသိုလ္အလုပ္ ၊ ဘာသာေရးအလုပ္ေတြကေတာ့ ေအာင္ျမင္ေပါက္ေျမာက္တတ္ပါတယ္။ စိတ္ပင္ပန္း ၊ လူအပင္ပန္းခံမွ အဆင္ေျပမဲ့ႏွစ္လို႔ ေျပာၾကားရင္း နိဂုံးခ်ဳပ္အပ္ပါတယ္ဗ်။

တစ္ႏွစ္စာအထူးယၾတာ

– ေမြးေန႔နံနက္တြင္ နီးစပ္ရာေစတီရဲ႕စေနေထာင့္မွာ မီးခိုးေရာင္အက်ႌဝတ္ဆင္လ်က္ ႏြားႏို႔တစ္ခြက္ လႉဒါန္းဆုေတာင္းတာမ်ိဳး မၾကာခဏလုပ္ေပးေစခ်င္ပါတယ္။
– ရဟန္းသံဃာေတြကို ယပ္ႏွင့္ဖိနပ္ မၾကာခဏလႉေပးလိုက္ပါ။
– ပ႒ာန္းကို တစ္ေန႔တစ္ေခါက္ အနည္းဆုံး႐ြတ္ေပးပါ။

– ခင္ပြန္းႀကီးဆယ္ပါးကို ရည္မွန္းၿပီးေတာ့ မၾကာခဏဆြမ္းကပ္ေပးပါ။
– ဘုရားေစတီေရာက္တိုင္း အာ႐ုံခံတန္ေဆာင္းေတြမွာ တံျမက္စည္းလွဲက်င္းေပးပါ။

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Unicode ဖြင့်ဖတ်ပါ
★★★★★

(၂၀၂၀)ခုနှစ်အတွက် ဗုဒ္ဓဟူး/ရာဟုသားသမီးများရဲ့ တစ်နှစ်စာကံကြမ္မာဟောကိန်း

==============================

ဒီနှစ်(၂၀၂၀)အတွင်း ဗုဒ္ဓနေ့မွေးသူတွေအတွက် တကယ့်ကိုကြိုးတန်းပေါ်လမ်းလျှောက်ရတဲ့နှစ်တစ်ခုပါပဲ။ အတိမ်းအစောင်းမခံပါဘူး။ တစ်ခုအမှားလုပ်မိတာနဲ့ အဲဒီအမှားကြောင့်ပဲ ဘဝကနလန်ပြန်ထူဖို့ လွန်စွာခက်ခဲသွားတတ်ပါတယ်။ သတိကပ်ပြီးဆောင်ရွက်နိုင်မှသာ အဆင်ပြေပါလိမ့်မယ်။ မိမိမသိနားမလည်ရင် နားလည်သူတွေကို ဆည်းကပ်ပါ။အောက်ကျတယ်လို့ မထင်လိုက်ပါနဲ့။

တစ်နှစ်လုံးအတွက် စိတ်ပင်ပန်းစရာတွေ ၊ လူပင်ပန်းစရာတွေ များနေတတ်ပါတယ်။ ဆွေမျိုးသားချင်းတွေရဲ့ငြိုငြင်မှုတွေကိုခံရတတ်သော်လည်း သူတို့တွေရဲ့အကူအညီအထောက်အပံ့တော့ ရလွယ်ပါတယ်။ သားသမီးများအတွက် စိတ်ပူပန်စရာတွေများရတတ်ပါတယ်။ လုပ်ငန်းဟောင်းမှ အခွင့်အရေးကောင်းများ ပေါ်လာတတ်ပါတယ်။ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုကြောင့် အထက်ကမြှောက်စားခြင်းကိုခံရတတ်ပါတယ်။ အများနဲ့မတူကြိုးစားမှုတွေကြောင့် ပတ်ဝန်းကျင်ရဲ့စိတ်ဝင်စားမှုတွေကို ခံရတတ်ပါတယ်။ လုပ်ကိုင်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပခရီးတွေ သွားရတတ်ပါတယ်။

ဝင်ငွေရလမ်းတွေကောင်းပေမယ့် လူမှုရေးကိစ္စတွေကြောင့် အကုန်အကျများရတတ်ပါတယ်။ လူမှုဆက်ဆံရေးတွေမှာ ပရိယာယ်ကြွယ်စွာနေထိုင်တတ်မှပဲ အဆင်ပြေပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ရင်တော့ နေရာသစ် ၊ ဝန်းကျင်သစ်မှာ လုပ်ကိုင်ရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ၊ မိတ်ဆွေတွေကို အားမကိုးပါနဲ့။ ဒီနှစ်ဟာ ကိုယ်တိုင်လုပ်မှအဆင်ပြေနိုင်တာကို တွေ့ရပါတယ်။ ရည်ရွယ်ထားတဲ့ကိစ္စတွေအတွက် အတိုက်အခံ ၊ အနှောင့်အယှက်ကြုံမှ အဆင်ပြေပါလိမ့်မယ်။ ဝေးကွာနေတဲ့သူများနဲ့ ပြန်လည်ဆုံဆည်းခွင့်တွေရလာတတ်ပါတယ်။ ကွဲနေတဲ့အိမ်ထောင်ဘက်တွေ ၊ ချစ်သူဟောင်းတွေနဲ့ ပြန်အဆင်ပြေတတ်ပါတယ်။ စိတ်လောပြီး သူများအကူအညီနဲ့ လုပ်ကိုင်ဆောင်ရွက်သမျှတွေက အဆင်မပြေမှုတွေကိုပေးစွမ်းပါတယ်။

လူမှုရေးကိစ္စတွေ ၊ အဖွဲ့အစည်းကိစ္စတွေမှာ ခေါင်းဆောင်အနေနဲ့ တာဝန်ပေးခြင်းခံရတတ်ပါတယ်။ အဆိပ်ရှိသောသတ္တဝါတွေရဲ့ရန်မူခြင်းမျိုး ခံရတတ်ပါတယ်။ သတိတရားရှေ့ထားနေပါ။ မြွေပေါတဲ့နေရာတွေမှာ နေထိုင်သူများ ညဘက်အပြင်ထွက်ရင် လည်ရှည်ဖိနပ်တွေစီးထားပါ။ ဒီနှစ်ဟာ ရောဂါဥပဒ်တွေ အလွန်ဝင်လာတတ်ပါတယ်။ လေးဘက်နာ ၊ အရိုးအကြော ၊ အဆစ်အမြစ်ကိုက်ခဲခြင်းတွေ ၊ အကျိတ်အဖုထွက်ခြင်းတွေ အထူးကြုံရတတ်ပါတယ်။

အလေးအပင်မလိုက်ရာကနေ ခါးနာပြီး လနဲ့ချီမပျောက်တာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ဆီး ၊ ကျောက်ကပ်သတိထားပါ။ ဦးနှောက်အာရုံကြောတွေလဲဖြစ်လွယ်ပါတယ်။ ခရီးသွားရာကနေ ကျန်းမာရေးညံ့သွားတာမျိုးတွေဖြစ်ရတတ်ပါတယ်။ တစ်ခုသတိပေးချင်တာက ဒီနှစ်ဟာ အစားအသောက်မဆင်ခြင်ရာကစလို့ ရောဂါတိုးလာတတ်ပါတယ်။

ဒီနှစ်မှာ ကျောက်မျက်ရတနာရောင်းခြင်း ၊ ဝယ်ခြင်း အလုပ်တွေ ၊ ထီရောင်းခြင်းလုပ်ငန်းတွေ ၊ ဓာတ်သတ္တုတူးဖော်ရေးအလုပ်တွေ ၊ ကုန်စုံဆိုင် ၊ စတိုးဆိုင်အလုပ်တွေ ၊ စက်သုံးဆီရောင်းဝယ်ရေးအလုပ်တွေ ၊ ဆက်သွယ်ရေးနှင့်အိုင်တီပစ္စည်းရောင်းဝယ်ရေးအလုပ်တွေ အထူးအကျိုးပေးနိုင်တဲ့နှစ်တစ်ခုပါပဲ။ နိုင်ငံခြားသား ၊ လူမျိုးခြားတွေနဲ့ဆက်စပ်လုပ်ကိုင်သမျှ အဆင်ပြေမှုတွေရှိပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံခြားသွားဖို့ စတင်ကြိုးစားတဲ့သူတွေကတော့ အခက်အခဲများတတ်ပါတယ်။ ဆေးကျတာမျိုးတွေ ၊ callingကြာတာမျိုးတွေ အလွန်မှဖြစ်တတ်ပါတယ်။

နိုင်ငံခြားသွားဖို့စီစဉ်ထားတယ်ဆို ဒီ၂၀၂၀မှာ လိုအပ်တဲ့သင်တန်းတွေ ၊ဘာသာစကားတွေ သင်ယူထားပါ။ ဒီနှစ်မှာလုပ်ကိုင်ဆောင်ရွက်ပြီး ရှေ့နှစ်မှ နိုင်ငံခြားသွားဖို့လိုက်ပါဆောင်ရွက်တာက ပိုမိုနီးစပ်အဆင်ပြေတတ်ပါတယ်။ ဒီနှစ်မှာကြောက်စရာအကောင်းဆုံးအချက်က လူလိမ်ခံရခြင်းပါပဲ။ အောက်လက်ငယ်သားတွေက လိမ်သွားတာမျိုးတွေ ၊ တပည့်လူယုံတွေ လိမ်လည်သွားတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ အာမခံပေးတာ ၊ သက်သေလိုက်ပေးတာမျိုးတွေက အထူးပြဿနာကြုံရတတ်ပါတယ်။ ဘာကိစ္စဖြစ်ဖြစ် လက်မှတ်ထိုးရမယ်ဆို သတိသာထားလိုက်ပါတော့။

နောက်ထပ်သတိပေးလိုတာက ဒီနှစ်မှာလုပ်ငန်းသစ်စမယ်ဆို သတိထားပါ။ မစပါနဲ့လို့မပြောလိုပေမယ့် လုပ်မယ်ဆို အဘက်ဘက်ကပြင်ဆင်လုပ်ကိုင်စေချင်ပါတယ်။ လုပ်ငန်းသစ်စီးပွားသစ်ရဲ့၈၀%က အဆင်မပြေ ကျဆုံးတတ်တဲ့နှစ်တစ်ခုဖြစ်နေလို့ပါပဲ။ အခုလုပ်မယ့်အလုပ်က ကျွမ်းကျင်ပြီးသားဖြစ် ၊ ငွေကြေးရင်းနှီးမြုပ်နှံမှုလဲရှိရင်တောင်မှ အောင်မြင်ဖို့မသေချာတဲ့နှစ်တစ်ခုပါပဲ။ ဒါကြောင့် အလုပ်သစ်စမယ်ဆို မလောပါနဲ့။အချိန်ယူပါ။လိုအပ်တဲ့ data သေချာကောက်ယူပါ။ အလျင်စလိုမလုပ်လိုက်ပါနဲ့။

နောက်တစ်ခုသတိပေးလိုတာကတော့ ဇာတာရှင်အနေနဲ့ ဒီနှစ်မှာစပ်တူကိစ္စတွေရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ စပ်တူလုပ်ငန်းမှန်သမျှ စိတ်ဝမ်းကွဲဖို့ ရာခိုင်နှုန်းများနေတတ်ပါတယ်။ အရမ်းချစ်တဲ့မိတ်ဆွေတွေ စပ်တူလုပ်ရင်တောင်မှ အလုပ်ကြောင့်ပဲစိတ်ကွက်စရာတွေပေါ်လာတတ်ပါတယ်။ ဒါကြောင့် စပ်တူရှယ်ယာအလုပ်များ အလွန်သတိထားရပါလိမ့်မယ်။ အိမ်ဝယ်မယ်လို့ ဒီနှစ်ဆုံးဖြတ်ထားရင် အရှုပ်အရှင်းကင်းလားစုံစမ်းပြီးမှ ဝယ်စေချင်ပါတယ်။ အလုပ်နဲ့ပတ်သက်ရင် အောင်မြင်မှုရဖို့အတွက် အကောင်းဆုံးအကြံပေးလိုတာကတော့ အများအတွက်စဉ်းစားပြီးလုပ်ပါ။ ဥပမာ အမြတ်ရဖို့ချည်းအာရုံမစိုက်ဘဲ ဝယ်ယူသူ satisfy ဖြစ်ဖို့ကို ဦးစားပေးစေချင်ပါတယ်။ ပေးဆပ်မှုတွေနဲ့ရှင်သန်မှပဲ ဒီနှစ်ကအဆင်ပြေနိုင်ပါတယ်။

ဒီနှစ်မှာတော့ အချစ်ရေးကိစ္စတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနဲ့အဆင်မပြေတာ လမ်းခွဲရတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ အဓိကတော့ ချစ်သူကမိမိကိုစိတ်မပါတော့တာမျိုး ၊ စိတ်ကုန်သွားတာမျိုးတွေ ဖြစ်လွယ်တတ်ပါတယ်။ ချစ်သူနဲ့လမ်းခွဲဖြစ်တယ်ဆိုရင်တော့ တကယ်အပြီးဝေးတာမျိုးဖြစ်ပါလိမ့်မယ်။ ဒီနှစ်မှာ ကွဲသွားတဲ့ချစ်သူနဲ့ပြန်ဆုံဖို့ ခဲယဉ်းပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာတော့ လင်မယားဇနီးမောင်နှံအချင်းချင်း အဆင်ပြေပေမယ့် ကြားကသွေးထိုးစကားတွေကြောင့် အဆင်ပြေဖို့မလွယ်တာမျိုး တွေ့ရှိရပါတယ်။ နှစ်ယောက်စလုံးနားလည်မှုတွေရှိမှပဲ အိမ်ထောင်ရေးသာယာမှုတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

ဒီနှစ်မှာ စနေသား ၊ တနင်္ဂနွေသားနှင့် ကြာသပတေးသားသမီးတွေက မိမိအတွက်ကောင်းကျိုးပေးမယ့်နေ့သားတွေ ဖြစ်လာတတ်ပါတယ်။ ထီကံ ၊ ကံစမ်းမဲကံ အားကောင်းနေတဲ့အတွက် ထီထိုးတာမျိုးတွေ ဦးစားပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဇန်နဝါရီလ ၊ ဇူလိုင်လနဲ့ စက်တင်ဘာလတွေမှာ ကံအားနည်းမှုတွေကိုဖြစ်ပေါ်စေနိုင်တာ တွေ့ရပါတယ်။ မေလနှင့် သြဂုတ်လနဲ့ ဒီဇင်ဘာလတွေက အဆင်ပြေကံကောင်းခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။

ဗုဒ္ဓဟူး/ရာဟုနေ့ဖွားတွေဟာ အခုနှစ်၂၀၂၀မှာ အသက်အားဖြင့် ၂နှစ် ၊ ၉နှစ် ၊ ၁၆နှစ် ၊၂၃နှစ် ၊ ၃၀နှစ် ၊ ၃၇နှစ် ၊ ၄၄နှစ် ၊ ၅၁နှစ် ၊ ၅၈နှစ် ၊ ၆၅နှစ် ၊ ၇၂နှစ် စသောအသက်အပိုင်းအခြားတွေမှာ ရောက်နေချိန်ဆိုရင်တော့ ကံအညံ့တွေများပြားပြီး ကံဇာတာညှိုးနွမ်းနေတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒီအသက်အပိုင်းအခြားရောက်နေသူတွေကတော့ နီးစပ်တဲ့ဆရာတွေဆီမှာမေးမြန်းပြီး အသေးစိပ်အကြံဉာဏ်ယူစေချင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီနှစ်မှာစပ်တူရှောင်ပါ။ လုပ်ငန်းသစ်တွေကို သတိနဲ့ယှဉ်လုပ်ပါ။ အတ္တထက် ပရကို ပိုစဉ်းစားပါ။ နိုင်ငံခြားကိစ္စတွေမှာ အခက်အခဲများနိုင်ပါတယ်။ ပညာသင်ယူတဲ့အပိုင်း ၊ အသက်မွေးမှုပညာသင်တဲ့ကိစ္စတွေမှာတော့ အဆင်ပြေအောင်မြင်မှုတွေကိုဖြစ်စေပါလိမ့်မယ်။ ကုသိုလ်အလုပ် ၊ ဘာသာရေးအလုပ်တွေကတော့ အောင်မြင်ပေါက်မြောက်တတ်ပါတယ်။ စိတ်ပင်ပန်း ၊ လူအပင်ပန်းခံမှ အဆင်ပြေမဲ့နှစ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ဗျ။

တစ်နှစ်စာအထူးယတြာ

– မွေးနေ့နံနက်တွင် နီးစပ်ရာစေတီရဲ့စနေထောင့်မှာ မီးခိုးရောင်အင်္ကျီဝတ်ဆင်လျက် နွားနို့တစ်ခွက် လှူဒါန်းဆုတောင်းတာမျိုး မကြာခဏလုပ်ပေးစေချင်ပါတယ်။
– ရဟန်းသံဃာတွေကို ယပ်နှင့်ဖိနပ် မကြာခဏလှူပေးလိုက်ပါ။
– ပဋ္ဌာန်းကို တစ်နေ့တစ်ခေါက် အနည်းဆုံးရွတ်ပေးပါ။

– ခင်ပွန်းကြီးဆယ်ပါးကို ရည်မှန်းပြီးတော့ မကြာခဏဆွမ်းကပ်ပေးပါ။
– ဘုရားစေတီရောက်တိုင်း အာရုံခံတန်ဆောင်းတွေမှာ တံမြက်စည်းလှဲကျင်းပေးပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)