မပေါက်ဘူးဆိုပြီးအမှိုက်တောင်းထဲထည့်ထားတဲ့ ထီလက်မှတ်က သိန်းတစ်သောင်းဆု ဆွတ်ခူးခဲ့တဲ့ အံ့ဩဖွယ်ဖြစ်ရပ်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

မပေါက်ဘူးဆိုပြီးအမှိုက်တောင်းထဲထည့်ထားတဲ့ ထီလက်မှတ်က သိန်းတစ်သောင်းဆု ဆွတ်ခူးခဲ့တဲ့ အံ့ဩဖွယ်ဖြစ်ရပ်

ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် အောင်ဘာလေထီ သိန်း တစ်သောင်းဆုကြီးကိုတော့ အုတ်တွင်းမြို့ကနေ ပထမဆုံးအကြိမ်ကံထူးခဲ့တာပါ..ဒီလို ကံထူးတာကလည်း ထူးဆန်းပါတယ်။ထိုက်လို့ ရတယ်လို့ပဲဆိုရမှာဘာဖြစ်လို့လဲဆိုတော့ ထီထွက်စဉ်က မပေါက်ဘူးဆိုပြီး ထီလက်မှတ်ကို အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်မိလို့ပါ။

နောက်တော့ ထီသည်က ပေါက်တယ်လာပြောမှ အမှိုက်တောင်းထဲကနေ ပြန်ရှာပြီး ကံထူးခဲ့တာပါ ။ ဏ ၉၅၄၆၂၅ အက္ခရာနဲ့ သိန်းတစ်သောင်းဆုကို ဆွတ်ခူးသွားသူက အုတ်တွင်းမြို့ ခပေါင်းဈေးကုန်းက ကိုမြင့်သိန်းနဲ့ မစန်းစန်းခိုင်တို့ပဲ ဖြစ်ပါတယ်။

မပေါက်ဘူးဆိုပြီး အမှိုက်တောင်းထဲလွှင့်ပစ်မိပြီးမှ ပေါက်လို့လိုက်ရှာပြီး ကံထူးခဲ့တဲ့ ကိုမြင့်သိန်းက ထီပေါက်ကြောင်းကို ဟုတ်ပါတယ်လို့ ဆိုခဲ့ပြီး ရန်ကုန်ဘက်ရောက်နေတာဖြစ်တဲ့အတွက် အသေးစိတ်ကို နောက်မှ ဆိုပါ့မယ်လို့ ပြောခဲ့ပါတယ်

ကဲ…ပရိသတ်ကြီးရေ ထီဆိုတာ ကံပါပြီး ပေါက်ရမယ့်သူ ထိုက်တဲ့သူဆို ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ရကိုရတယ်ဆိုတာ ထီဖြစ်ရပ်လေးက သက်သေပါပဲနော

Writer – HW (Shwe Yaung Lan)

Source : နေလင်းအောင်( တောင်ငူ )