မြောင်းမြတွင် သိန်းပေါင်းတစ်သောင်းကျော် လှူ ဒါန်းနိုင်ခဲ့တဲ့ ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပင္းတယမီးအိမ္ရွင္ ေဒါက္တာသန္းမင္းထြဋ္ ေျမာင္းျမခ႐ိုင္ျပည္သူ႔‌ေဆး႐ုံႀကီးတြင္ တာဝန္ထမ္းေဆာင္စဥ္ တစ္ႏွစ္တာ ကာလအတြင္း ျမန္မာျပည္တဝွမ္းမွ အလႉရွင္မ်ား၏ လႉဒါန္းမႈျဖင့္ ေငြက်ပ္သိန္းေပါင္းတစ္ေသာင္းေက်ာ္ကို ေဒသဖြံ႕ၿဖိဳးေရးႏွင့္ လူမႈအက်ိဴးျပဳလုပ္ငန္းမ်ားအတြက္ လႉဒါန္းႏိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။ရွမ္းျပည္နယ္ ပင္းတယၿမိဳ႕တြင္ လူမႈကူညီးေရး၊

ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ထူးျခားစြာ ေဆာင္႐ြက္ခဲ့မႈေၾကာင့္ ပင္းတယမီးအိမ္ရွင္အျဖစ္ နာမည္ေက်ာ္ၾကား ထင္ရွားလာခဲ့သူ ေဒါက္တာသန္းမင္းထြဋ္မွာ ပင္းတယၿမိဳ႕မွ ၎၏ဇာတိၿမိဳ႕ ေျမာင္းျမသို႔ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ ရက္ေန႔တြင္ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး၊ ေျမာင္းျမခ႐ိုင္ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆး႐ုံအုပ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။

ေဒါက္တာ သန္းမင္းထြဋ္မွာ ေျမာင္းျမခ႐ိုင္ ေဆး႐ုံအုပ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္စဥ္ ၁၃ လတာ ကာလအတြင္း ေျမာင္းျမၿမိဳ႕နယ္အတြင္းရွိ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရး လိုအပ္ခ်က္မ်ားအတြက္ ေငြက်ပ္သိန္းေပါင္း ၁ဝ၇၂၆ သိန္းက်ပ္ကို ျမန္မာျပည္တဝွမ္းမွ အလႉရွင္မ်ား၏ လႉဒါန္းမႈျဖင့္ ကူညီေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

“အဓိကက ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္ထဲက အမွန္တစ္ကယ္ခ်ိဳ႕တဲ့ေသာ ေက်းလက္ေဒသေတြက တဲပုတ္၊ ဆးခန္းေလးေတြကို အသစ္ျပန္လည္ တည္ေဆာက္တယ္။ ၿပီးေတာ့ေက်းလက္ေဒသက ကေလးေတြအတြက္ စာသင္ေက်ာင္းေတြ အသစ္ေဆာက္တယ္။ ေသာက္သုံးေရအခက္အခဲ ျဖစ္ေနတဲ့႐ြာေတြအတြက္ေတာ့ အဝီစိတြင္းေတြလႉဒါန္းခဲ့တယ္။

ၿပီးေတာ့ေသာက္သုံးေရ ေရအရင္းျမစ္၊ ေရသန႔္ရွင္းမႈ အဆင့္နိမ့္တဲ့႐ြာေတြအတြက္ ေရသန႔္စက္ေတြ တပ္ဆင္ေပးခဲ့တယ္။ ဒါ့အျပင္ ေက်းလက္က်န္းမာေရးာ ေစာင့္ေရွာက္မႈလုပ္ငန္း‌ေတြအေနနဲ႔ ေက်း႐ြာအုပ္စု ၃၂ စုကိုလည္း ကြင္းဆင္းၿပီးေတာ့ အခမဲ့ေဆးဝါးကုသမႈေတြ ေပးခဲ့ပါတယ္။ ဒီလို ကိုယ့္ေဒသရဲ႕လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေဆာင္႐ြက္ႏိုင္ဖို႔ လႉဒါန္းကူညီေပးခဲ့တဲ့ မိတ္ေဆြေတြကိုလည္း ေက်းဇူးတင္ပါတယ္”ဟု ေဒါက္တာသန္းမင္းထြဋ္က ဧရာဝတီတိုင္းမ္ကို ေျပာသည္။

ေဒါက္တာသန္းမင္းထြဋ္သည္ ေျမာင္းျမၿမိဳ႕နယ္တြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ၁၃ လတာ ကာလအတြင္း ေက်းလက္ေဆးေပးခန္း ၃၆ ခန္း၊ စာသင္ေက်ာင္း ၄ ေက်ာင္း၊ အဝီစိတြင္း ၁၅ တြင္းႏွင့္ ေက်း႐ြာေပါင္း ၂၂ ႐ြာအတြက္ ေရသန႔္စက္ ၂၂ လုံးတို႔ကို အလႉရွင္မ်ားႏွင့္ခ်ိတ္ဆက္ကာ ျဖည့္ဆည္းလႉဒါန္း‌ေပးခဲ့ၿပီး ေျမာင္းျမၿမိဳ႕နယ္အတြက္ ေနာက္ထပ္စာသင္ေက်ာင္း‌‌ ေဆာင္အသစ္ ၅၀ ကို ထပ္မံေဆာက္လုပ္လႉဒါန္းသြားဖိုဘ ရည္႐ြယ္ထားေၾကာင္း သိရသည္။

“ဆရာႀကီးက ပင္းတယၿမိဳ႕ရဲ႕မီးအိမ္ရွင္ျဖစ္ခဲ့သလို ေျမာင္းျမၿမိဳ႕အတြက္ေတာ့ ဖန္ဆင္းရွင္၊ ေက်းဇူးရွင္ႀကီးတစ္ဦးျဖစ္ခဲ့ျပန္ပါၿပီ။ ဆရာႀကီးရဲ႕ ေက်းဇူးေတြအတြက္ ေျမာင္းျမၿမိဳ႕က ထာဝရေက်းဇူးတင္ရင္း သတိရတမ္းတေနမွာပါ။ ႐ြာကိုလာေရာက္ၿပီး ေဆးဝါးကုသမႈေတြ အခမဲ့ျပဳလုပ္ေပးခဲ့တာ၊ ေရသန႔္စက္ေတြလႉဒါန္းေပးခဲ့တာေတြ ကိုယ့္ဇာတိၿမိဳ႕ ရဲ႕လိုအပ္ခ်က္ေတြ ျဖည့္‌ဆည္းေဆာင္႐ြက္‌ခဲ့သူ ေလာကေကာင္းက်ိဳးအေထြေထြ ထာဝရျပည္စုံပါေစလို႔ ဆုေတာင္းေပးပါတယ္” ဟု ေျမာင္းျမၿမိဳ႕နယ္၊ ေက်းသာေတာင္ေက်ာင္းတိုက္ဆရာေတာ္ ဦးသုနႏၵက ဆုေတာင္းစကား မိန႔္ၾကားသည္။

ပင္းတယမီးအိမ္ရွင္ ေဒါက္တာသန္းမင္းထြဋ္မွာ လာမည့္ ေဖေဖၚဝါရီလ ၅ ရက္ေန႔တြင္ ေျမာင္းျမခ႐ိုင္ ျပည္သူ႔ေဆး႐ုံႀကီးမွ ပုသိမ္ၿမိဳ႕ တိုင္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ေဆး႐ုံအုပ္ႀကီးအျဖစ္ ေျပာင္းေ႐ြ႕ကာတာဝန္ထမ္းေဆာင္သြားမည္ျဖစ္ေၾကာင္း သိရၿပီး၊ ဆရာႀကီးေျပာင္းေ႐ြ႕တာဝန္ထမ္းေဆာင္ျခင္းအတြက္ ေျမာင္းျမေဒသခံေတြက ႏွေျမာတသ ျဖစ္ေနၾကသည္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် မြောင်းမြခရိုင်ပြည်သူ့‌ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်စဉ် တစ်နှစ်တာ ကာလအတွင်း မြန်မာပြည်တဝှမ်းမှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော်ကို ဒေသဖွံ့ဖြိုးရေးနှင့် လူမှုအကျိူးပြုလုပ်ငန်းများအတွက် လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ရှမ်းပြည်နယ် ပင်းတယမြို့တွင် လူမှုကူညီးရေး၊

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထူးခြားစွာ ဆောင်ရွက်ခဲ့မှုကြောင့် ပင်းတယမီးအိမ်ရှင်အဖြစ် နာမည်ကျော်ကြား ထင်ရှားလာခဲ့သူ ဒေါက်တာသန်းမင်းထွဋ်မှာ ပင်းတယမြို့မှ ၎င်း၏ဇာတိမြို့ မြောင်းမြသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဒေါက်တာ သန်းမင်းထွဋ်မှာ မြောင်းမြခရိုင် ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၃ လတာ ကာလအတွင်း မြောင်းမြမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအတွက် ငွေကျပ်သိန်းပေါင်း ၁ဝ၇၂၆ သိန်းကျပ်ကို မြန်မာပြည်တဝှမ်းမှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

“အဓိကက ကျွန်တော်တို့ မြို့နယ်ထဲက အမှန်တစ်ကယ်ချို့တဲ့သော ကျေးလက်ဒေသတွေက တဲပုတ်၊ ဆးခန်းလေးတွေကို အသစ်ပြန်လည် တည်ဆောက်တယ်။ ပြီးတော့ကျေးလက်ဒေသက ကလေးတွေအတွက် စာသင်ကျောင်းတွေ အသစ်ဆောက်တယ်။ သောက်သုံးရေအခက်အခဲ ဖြစ်နေတဲ့ရွာတွေအတွက်တော့ အဝီစိတွင်းတွေလှူဒါန်းခဲ့တယ်။

ပြီးတော့သောက်သုံးရေ ရေအရင်းမြစ်၊ ရေသန့်ရှင်းမှု အဆင့်နိမ့်တဲ့ရွာတွေအတွက် ရေသန့်စက်တွေ တပ်ဆင်ပေးခဲ့တယ်။ ဒါ့အပြင် ကျေးလက်ကျန်းမာရေးာ စောင့်ရှောက်မှုလုပ်ငန်း‌တွေအနေနဲ့ ကျေးရွာအုပ်စု ၃၂ စုကိုလည်း ကွင်းဆင်းပြီးတော့ အခမဲ့ဆေးဝါးကုသမှုတွေ ပေးခဲ့ပါတယ်။ ဒီလို ကိုယ့်ဒေသရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ လှူဒါန်းကူညီပေးခဲ့တဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ဒေါက်တာသန်းမင်းထွဋ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေါက်တာသန်းမင်းထွဋ်သည် မြောင်းမြမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ၁၃ လတာ ကာလအတွင်း ကျေးလက်ဆေးပေးခန်း ၃၆ ခန်း၊ စာသင်ကျောင်း ၄ ကျောင်း၊ အဝီစိတွင်း ၁၅ တွင်းနှင့် ကျေးရွာပေါင်း ၂၂ ရွာအတွက် ရေသန့်စက် ၂၂ လုံးတို့ကို အလှူရှင်များနှင့်ချိတ်ဆက်ကာ ဖြည့်ဆည်းလှူဒါန်း‌ပေးခဲ့ပြီး မြောင်းမြမြို့နယ်အတွက် နောက်ထပ်စာသင်ကျောင်း‌‌ ဆောင်အသစ် ၅၀ ကို ထပ်မံဆောက်လုပ်လှူဒါန်းသွားဖိုဘ ရည်ရွယ်ထားကြောင်း သိရသည်။

“ဆရာကြီးက ပင်းတယမြို့ရဲ့မီးအိမ်ရှင်ဖြစ်ခဲ့သလို မြောင်းမြမြို့အတွက်တော့ ဖန်ဆင်းရှင်၊ ကျေးဇူးရှင်ကြီးတစ်ဦးဖြစ်ခဲ့ပြန်ပါပြီ။ ဆရာကြီးရဲ့ ကျေးဇူးတွေအတွက် မြောင်းမြမြို့က ထာဝရကျေးဇူးတင်ရင်း သတိရတမ်းတနေမှာပါ။ ရွာကိုလာရောက်ပြီး ဆေးဝါးကုသမှုတွေ အခမဲ့ပြုလုပ်ပေးခဲ့တာ၊ ရေသန့်စက်တွေလှူဒါန်းပေးခဲ့တာတွေ ကိုယ့်ဇာတိမြို့ ရဲ့လိုအပ်ချက်တွေ ဖြည့်‌ဆည်းဆောင်ရွက်‌ခဲ့သူ လောကကောင်းကျိုးအထွေထွေ ထာဝရပြည်စုံပါစေလို့ ဆုတောင်းပေးပါတယ်” ဟု မြောင်းမြမြို့နယ်၊ ကျေးသာတောင်ကျောင်းတိုက်ဆရာတော် ဦးသုနန္ဒက ဆုတောင်းစကား မိန့်ကြားသည်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်မှာ လာမည့် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးမှ ပုသိမ်မြို့ တိုင်းပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံအုပ်ကြီးအဖြစ် ပြောင်းရွေ့ကာတာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရပြီး၊ ဆရာကြီးပြောင်းရွေ့တာဝန်ထမ်းဆောင်ခြင်းအတွက် မြောင်းမြဒေသခံတွေက နှမြောတသ ဖြစ်နေကြသည်။