ပန်းရောင်ခြယ်ကို မွေးနေ့ဆုတောင်းပေးလိုက်ပြီး အရမ်းချစ်တယ်ဆိုတဲ့ ဆုပန်ထွာ သားလေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာ့ရုပ်ရှင် အရမ်းကြီး မတိုးတက်တဲ့ အချိန်လောက် ကတည်းက ရုပ်ရှင်တွေ အဆက်မပြတ် ရိုက်ခဲ့ပြီး ပရိသတ် အခိုင်အမာ ရရှိထားတဲ့ မင်းသမီး ဆုပန်ထွာ ကိုတော့ မသိတဲ့သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ မင်းသမီး ဆုပန်ထွာ ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာထားလေးကို ပိုင်ဆိုင်ထားပြီး လှပတဲ့ ခန္ဓာကိုယ် ရှိတာကြောင့်လည်း အရင်ကတည်းက ပရိသတ်တွေ များပြားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း မင်းသမီး ဆုပန်ထွာကတော့ အနုပညာလှုပ်ရှားမှုတွေကို ခပ်ကြဲကြဲသာ လုပ်ကိုင်လာပြီး ပွဲတက်တွေကိုလောက်ပဲ အတတ်များနေတာကို တွေ့ရပါတယ်။ ဆုပန်ထွာ ကတော့ အနုပညာလုပ်ငန်းတွေကို သိပ်ပြီး မလုပ်ကိုင်တော့ပေမယ့်လည်း ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ သူတယောက် ဖြစ်တဲ့အလောက် မိသားစုကိုပဲ အပြည့်အဝ အချိန်ပေးနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ သားလေးကလည်း တကယ့်ကို ပျော်ပျော်နေတတ်တဲ့ ကလေး တယောက်ဖြစ်ပြီး ပရိသတ်တွေ ချစ်အောင် နေတတ်တဲ့ ကလေး တယောက်လည်း ဖြစ်ပါတယ်။ ဆုပန်ထွာ ရဲ့ သားလေး Roar Roar ကတော့ ပန်းရောင်ခြယ် ရဲ့ အမာခံ ပရိသတ်ဖြစ်ပြီး လက်ရှိမှာလည်း ပန်းရောင်ခြယ်ကို သူကိုယ်တိုင် Happy Birthday ပါလို့ ပြောပြီး အရမ်းချစ်တယ်လို့ ပြောလိုက်တဲ့ ဗီဒီယိုလေးကိုတော့ ပရိသတ်တွေမြင်ရင် မေမေဖြစ်သူ ဆုပန်ထွာ က တင်ထားတာ ဖြစ်ပါတယ်။

ဆုပန်ထွာ သားလေး ကတော့ ဗီဒီယိုထဲမှာ တကယ့်ကို ချစ်စရာကောင်းနေပြီး ပန်းရောင်ခြယ် တယောက်ကတော့ ဗီဒီယိုလေးကို မြင်လိုက်တာနဲ့ Roar Roar လေးကို လာတွေ့ချင်သွားမှာ အမှန်ပါပဲ။ ဆုပန်ထွာ တို့ မိသားစုကတော့ ပျော်ပျော်ရွင်ရွင် နဲ့ အတိုင်အဖောက်ညီညီနေတတ်တဲ့ မိသားစုလေး ဖြစ်ပြီး ပရိသတ်တွေ အားပေးမှု အပြည့်အဝ ရရှိထားတဲ့ မိသာစုလေးလည်း ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း ဆုပန်ထွာ တို့ မိသားစုနဲ့ Roar Roar လေးကို အားပေးတဲ့ ပရိသတ်တွေ ရှိကြလား။

Credit : ygn-news