ကလေးဆန်ပြီးချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေနဲ့ Tik Tok ကစားထားတဲ့ ထက်ထက်မိုးဦးရဲ့ဗီဒီယိုဖိုင်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေရင်ထဲမှာ ယနေ့တိုင်အောင် ချစ်ခြင်းများစွာနဲ့ နေရာယူထားတဲ့ အနုပညာရှင်တွေထဲမှာတော့ သရုပ်ဆောင်မင်းသမီးချော ထက်ထက်မိုးဦးက ထိပ်ဆုံးကနေပါဝင်တာ ဖြစ်ပါတယ်။ အကယ်ဒမီများရှင် ထက်ထက်မိုးဦးက သရုပ်ဆောင်တော်သလို အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းတာကြောင့်လည်း လူကြီးလူငယ် ကျားမမရွေး ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထက်ထက်က သူမမြတ်နိုးတဲ့ သရုပ်ဆောင်အလုပ်ကိုလည်း ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထက်ထက်က “မာယာရထားမောင်းတဲ့မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးကို လက်ခံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ထက်ထက်နဲ့ အဆိုတော် စိန်လင်း (Aroma) တို့က အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေကို အတူတူရိုက်ကူးခဲ့ကြပါသေးတယ်။ထက်ထက်တို့နှစ်ယောက်က ” နှေးသွားတယ်၊ ယောက်ျားအားအင် ” ဆိုတဲ့သီချင်းလေးနှစ်ပုဒ်နဲ့ Tik Tok ကစားခဲ့ကြတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ သရုပ်ဆောင်ပြထားတဲ့ ထက်ထက်ကတော့ အပြုံးချိုချိုလေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာလေးတွေနဲ့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီဖြစ်တဲ့ ထက်ထက်ကိုတော့ ပရိသတ်တွေကအမြဲတမ်းစောင့်ကြည့်အားပေးနေရတာပါ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ထက်ထက်မိုးဦးနဲ့ အဆိုတော်စိန်လင်းတို့ရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video Credit-Sein Lin Aroma’s Tik Tok ,CRD-Myanmarload

Unicode ဖြင့်ဖတ်ပါ