စင်္ကာပူမှာ ကြော်ငြာသွားရိုက်ရင်း ကြုံခဲ့ရတဲ့အဖြစ်ပျက်လေးတွေကြောင့်ပရိသတ်တွေကိုအသိပညာပေးခဲ့တဲ့ ဖြူဖြူထွေးရဲ့ ပညာပေးဗီဒီယိုလေး

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Phyu Phyu Htwe,CRD-Molly ( Cele Connections)

Unicode ဖြင့်ဖတ်ပါ
★★★★★

ဖြူဖြူထွေးဟာ ဒဂုံတက္ကသိုလ်ကျောင်းကပွဲတစ်ခုကနေ လူအများရဲ့သတိပြုမိခြင်းကိုခံရပြီးအချိန်တိုအတွင်းအောင်မြင်လာသူလေးပါ။ ချစ်ခြင်းနဲ့မုန်းခြင်းဟာ အမြဲဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း သူမအပေါ်ချစ်တဲ့သူတွေရှိသလို မလိုလားတဲ့သူတွေလည်းရှိပါတယ်။ သူမရဲ့ဖြူစင်တဲ့မျက်နှာလေးနဲ့ ဖော်ရွေတဲ့စိတ်ထားလေးကြောင့် သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်း အလွန်များပြားလျက်ရှိနေပါပြီ။ဒါပေမယ့် ဖြူဖြူထွေးက တော့ အပြုံးမပျက် ဆက်လက်ကြိုးစားရင်း မိသားစုကို ရှာကျွေးနေတဲ့ သမီးလိမ္မာလေးတစ်ယောက် ဖြစ်ပါတယ် ။

မကြာသေးမီကမှ ကြော်ငြာတစ်ခုရိုက်ကူးဖို့အတွက် စင်္ကာပူနိုင်ငံကို ဖြူဖြူထွေးတစ်ယောက်သွားရောက်ခဲ့ရပါတယ် ။ အင်္ဂလိပ်စာကို သေချာမကျွမ်းကျင်တဲ့ သူမအတွက် အခက်ခဲတွေလည်းရှိခဲ့တယ်လို့ အင်တာဗျူးတွေမှာလည်း ဖြေဆိုဖူးပါတယ် ။ ဒီအဖြစ်ပျက်လေးကြောင့် ပရိသတ်တွေကို သူမလို အခက်ခဲမဖြစ်ရလေအောင် သူမကြုံတွေ့ခဲ့ရတဲ့ အတွေ့ကြုံလေးတွေနဲ့ ယှဉ်ပြီး ဒီ Video လေးကို ပရိသတ်တွေအတွက် မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

သူမကိုချစ်တဲ့ပရိသတ်တွေကလည်း ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကြောင့် အသိပညာ ဗဟုသုတ တစ်ခုတော့ ရင်ထဲရောက်လာကြမယ်ထင်ပါတယ် ။ အင်္ဂလိပ်စာကိုကြိုးစားလေ့လာနေတဲ့လူငယ်တွေ အတွက်လည်း သင်တန်းကောင်းလေးတစ်ခုကို မိတ်ဆက်ပေးခဲ့သလို သူမကိုယ်တိုင်လည်း အင်္ဂလိပ်စာကို သေချာလေ့လာနေပြီဖြစ်ပါတယ် ။လူငယ်တိုင်း လူငယ်တိုင်း အင်္ဂလိပ်စာတိုးတက်ဖို့ တခြားနိုင်ငံတွေနဲ့ယှဉ်လာရင် မျက်နှာမငယ်ရအောင် ကြိုးစားသင်ယူထားသင့်တယ်လို့ အကြံပြုလိုက်ပါရစေနော် ။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ ဒီဗီဒီယိုလေးကို အခုပဲ မျှ ဝေပေးလိုက်ပါရစေနော် ။