ပရိသတ်တွေသဘောတူနေတဲ့ မိုရီဆာကီဝင်းနဲ့ ချီချီတို့ရဲ့ ပုံရိပ်တစ်ချို့

ဇ္ဂော်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source :Nay Chi Oo,CRD-CeleConnections

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေနေခြည်ဦးကတော့ ဗျူးတီးဘလော့ကာ တစ်ယောက်အဖြစ် ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူလေးပဲ ဖြစ်ပါတယ်။ ချီချီလို့ဆိုလိုက်တာနဲ့ အမျိုးသမီးထုကြီးရဲ့ အားပေးဝန်းရံခြင်းခံရတဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။ချီချီကတော့သွက်သွက်လက်လက်လေးနဲ့အမြဲပွင့်လင်းလွန်းတဲ့ ဟန်ပန်လေးကြောင့် မိန်းကလေးချင်းတောင် ချစ်ပိုနေရသူလေးပဲ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးကာ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေတယ်လို့ ဆိုရမှာပါ။ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားတွေသာမက ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးလာပါပြီနော်။ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲကတော့ ” “အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေအသည်းစွဲ ” မိုရီဆာကီဝင်း ” နဲ့တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

“အိမ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲမှာ ဇာတ်ညွှန်းမိုးစက်ဝိုင် ဒါရိုက်တာပွင့်သိဂီင်္ဇော် ရိုက်ကူးမှာ ဖြစ်ပြီး မိုရီဆာကီဝင်း ၊ညီနန္ဒ ၊ ချမ်းမင်းရဲထွဋ် ၊ အောင်လေး ၊ အုပ်စိုးခန့် ၊ ကေညီ ၊ နေခြည်ဦး ၊ရွှေရင်အေး ၊ သဲနန္ဒာစိုး စသည့် အနုပညာပေါင်း များစွာကပါဝင် မယ်လို့ သိရပါတယ်။လက်ရှိမှာတော့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ နောက်ထပ် ” နောက်ထပ် နီးစပ်ဖို့အိုသေချာဖို့ ရှိမယ်…” ဆိုတဲ့ စာသားလေးနဲ့ ရိုက်ကွင်းပုံရိပ်တစ်ချို့ကို ဝေမျှလာတာပဲ ဖြစ်ပါတယ်။ ချစ်တဲ့ပရိသတ်တွေကတော့ သဘောတူတယ်ဆိုတဲ့ မှတ်ချက်တွေများစွာပေးနေကြပြီး ဇာတ်လမ်းတွကို အမြန်ဆုံးကြည့်ချင်နေပြီလိုကလည်း မှတ်ချက်တွေပေးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချီချီရဲ့ “အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲကို အားပေးဖို့ အသင့်ဖြစ်ပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။