နှိပ်စက်ခဲ့တဲ့ ရည်းစားဟောင်း ရုပ်ရှင်မင်းသားကို တရားစွဲဖို့အထိ ပြင်ဆင်နေတဲ့ သံစဉ်မောင်

ေဇာၢ္ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သ႐ုပ္ေဆာင္ ေဘဘီေမာင္ရဲ႕ ညီမေလး သံစဥ္ေမာင္က ခ်စ္သူေဟာင္းရဲ႕ ႏွိပ္စက္ျခင္းခံခဲ့ရတဲ့ ဓာတ္ပုံေတြကို ပရိသတ္အေရွ႕ ထုတ္ေဖာ္ျပလိုက္ပါၿပီ။ သက္ေသအေထာက္အထားခိုင္လုံစြာနဲ႔ တရားစြဲဆိုဖို႔အထိ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

သ႐ုပ္ေဆာင္ ေဘဘီေမာင္ရဲ႕ ညီမငယ္ေလး သံစဥ္ေမာင္ကေတာ့ ခ်စ္သူေဟာင္းရဲ႕ ႏွိပ္စက္ျခင္းခံခဲ့ရတုန္းက ဓာတ္ပုံေတြကို ထုတ္ေဖာ္ျပသလာပါတယ္။ သံစဥ္ေမာင္ရဲ႕ ခ်စ္သူေဟာင္းကေတာ့ ပရိသတ္ေတြ သိရွိၿပီးသား သ႐ုပ္ေဆာင္မင္းသားတစ္ေယာက္ျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ သံစဥ္ေမာင္နဲ႔ ခ်စ္သူေဟာင္းတို႔ဟာ တရားစြဲဆိုတဲ့အထိ ျပႆနာေတြ ရွိေနခဲ့ပါတယ္။

“အရွက္မရွိမျပတ္သားႏိုင္လို႔ instagram မွာမ်ိဳးစုံတင္ Fb မွာတင္ေနခဲ့ ေတာင္ မသိခ်င္ေယာင္ေဆာင္ေနခဲ့တာ နင္တင္တာအားလုံး ငါမွာ SS ေတြရွိတယ္ေနာ္ ေအး။ တြဲေနတုန္းက နင္လူစိတ္မရွိပဲ အၿမဲလက္ပါ႐ိုက္ႏွက္ၿပီး ငါမ်က္ႏွာကို လူၾကားထဲမထြက္ႏိုင္ေအာင္႐ိုက္ထားတဲ့ပုံေတြအားလုံး ငါထုတ္ ျပမွာ နင္လိုက္ပ တ္သတ္ခ်င္ေနတာေလ။

နင္ငါ့ကိုမျပတ္သားႏိုင္လို႔ ဟိုလူကိုစကားလာေျပာခိုင္း ဒီလူ႔ကိုစကားလာေျပာခိုင္းနဲ႔ ငါမွာသက္ေသေတြအကုန္ရွိတယ္ေနာ္။ နင့္စိတ္ဓာတ္ဘယ္လိုလဲ ဆိုတာ သိတဲ့သူေတြအကုန္သိတယ္ အခုနင့္လုပ္ရပ္ေတြက ဆိုးသည္ထက္ဆိုးလာလို႔ အေၾကာင္းသိသူေတြက သက္ေသလိုရင္အခ်ိန္မေ႐ြးေခၚဖို႔ ေျပာထားၾကၿပီးသား” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၅ ရက္ေန႔ ည ၇ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

သံစဥ္ေမာင္ကေတာ့ ခ်စ္သူေဟာင္းက လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာေရးသားထားတဲ့ စာေတြဟာ အစ္မျဖစ္သူ ေဘဘီေမာင္ရဲ႕ သိကၡာကိုပါ ထိပါးေစာ္ကားလာတဲ့အတြက္ တရားစြဲဆိုမႈေတြ လုပ္သြားမယ္လို႔ ဆိုပါတယ္။ တရားစြဲဆိုဖို႔အတြက္ကိုလည္း သက္ေသေတြရွိတယ္လို႔ သူကေျပာပါတယ္။

“လူတကာကို သံစဥ္ေမာင္ မေကာင္းဘူးလိုက္ေျပာေနတာ ဘယ္သူနဲ႔တြဲတြဲ တြဲသမွ်မိန္းကေလးတိုင္းကို ငါမေကာင္းေၾကာင္းလိုက္ေျပာေနတာ ငါမွာအသံဖိုင္ေတြနဲ႔ တရား႐ုံးမွာ ရွင္းမွာ နင္သမိုင္းေၾကာင္းနဲ႔ နင္လုပ္ရပ္က အရမ္းျဖဴစင္ေနတယ္ေပါ့။ ငါ့ကိုနင္$ရွက္လိုက္ခြဲေနတာ စကားရႈတ္ထားတာ သက္ေသအခ်က္အလက္အားလုံးနဲ႔ ငါရွင္းေတာ့မွာ ငါ့မိသားစု ငါ့အစ္မနာမည္ေဘဘီေမာင္ဆိုတာပါထည့္ၿပီး နင္ေစာ္ကားထားတာ

ဒီတစ္ခါ ငါအေထာက္အထားအားလုံးနဲ႔ အဆုံးထိတက္မွာ လာစိန္မေခၚနဲ႔ ပါး႐ိုက္ရင္နားကိုက္တက္တယ္။ ငါနာမည္ပ်က္မွာဆိုးလို႔သည္းခံတာ ဆက္သည္းခံေန ရင္နင္ကေခြး႐ူးတစ္ေကာင္လိုလိုက္ကိုက္ေနဦးမွာဆိုေတာ့ အဆုံးထိသြားၾကတာေပါ့။ တကယ္မိန္းမလိုမိန္းမရ ေအာက္တန္းစားေကာင္နဲ႔ပတ္သတ္မိတာ ဘဝရဲ႕အႀကီးမာဆုံးေနာင္တပဲ” ဆိုၿပီးေတာ့လည္း ဆက္လက္ ေရးသားထားပါေသးတယ္။

သံစဥ္ေမာင္ကိုေတာ့ သ႐ုပ္ေဆာင္ ေဘဘီေမာင္ရဲ႕ ညီမငယ္ေလးအျဖစ္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာျဖစ္ပါတယ္။ သူမဟာ အခုလက္ရွိမွာ တီဗီေၾကာ္ျငာေတြ၊ ျပကၡဒိန္ေတြ အျပင္ ဗီဒီယို ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားလည္း ႐ိုက္ကူးေနရသူျဖစ္ပါတယ္။ သံစဥ္ေမာင္ရဲ႕ အႏုပညာသက္တမ္းကလည္း ၄ ႏွစ္ခန႔္ကို ေရာက္ရွိလို႔လာပါၿပီ။

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမလေး သံစဉ်မောင်က ချစ်သူဟောင်းရဲ့ နှိပ်စက်ခြင်းခံခဲ့ရတဲ့ ဓာတ်ပုံတွေကို ပရိသတ်အရှေ့ ထုတ်ဖော်ပြလိုက်ပါပြီ။ သက်သေအထောက်အထားခိုင်လုံစွာနဲ့ တရားစွဲဆိုဖို့အထိ ပြင်ဆင်နေပြီလို့ သိရပါတယ်။

သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေး သံစဉ်မောင်ကတော့ ချစ်သူဟောင်းရဲ့ နှိပ်စက်ခြင်းခံခဲ့ရတုန်းက ဓာတ်ပုံတွေကို ထုတ်ဖော်ပြသလာပါတယ်။ သံစဉ်မောင်ရဲ့ ချစ်သူဟောင်းကတော့ ပရိသတ်တွေ သိရှိပြီးသား သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သံစဉ်မောင်နဲ့ ချစ်သူဟောင်းတို့ဟာ တရားစွဲဆိုတဲ့အထိ ပြဿနာတွေ ရှိနေခဲ့ပါတယ်။

“အရှက်မရှိမပြတ်သားနိုင်လို့ instagram မှာမျိုးစုံတင် Fb မှာတင်နေခဲ့ တောင် မသိချင်ယောင်ဆောင်နေခဲ့တာ နင်တင်တာအားလုံး ငါမှာ SS တွေရှိတယ်နော် အေး။ တွဲနေတုန်းက နင်လူစိတ်မရှိပဲ အမြဲလက်ပါရိုက်နှက်ပြီး ငါမျက်နှာကို လူကြားထဲမထွက်နိုင်အောင်ရိုက်ထားတဲ့ပုံတွေအားလုံး ငါထုတ် ပြမှာ နင်လိုက်ပ တ်သတ်ချင်နေတာလေ။

နင်ငါ့ကိုမပြတ်သားနိုင်လို့ ဟိုလူကိုစကားလာပြောခိုင်း ဒီလူ့ကိုစကားလာပြောခိုင်းနဲ့ ငါမှာသက်သေတွေအကုန်ရှိတယ်နော်။ နင့်စိတ်ဓာတ်ဘယ်လိုလဲ ဆိုတာ သိတဲ့သူတွေအကုန်သိတယ် အခုနင့်လုပ်ရပ်တွေက ဆိုးသည်ထက်ဆိုးလာလို့ အကြောင်းသိသူတွေက သက်သေလိုရင်အချိန်မရွေးခေါ်ဖို့ ပြောထားကြပြီးသား” ဆိုပြီးတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

သံစဉ်မောင်ကတော့ ချစ်သူဟောင်းက လူမှုကွန်ယက် စာမျက်နှာပေါ်မှာရေးသားထားတဲ့ စာတွေဟာ အစ်မဖြစ်သူ ဘေဘီမောင်ရဲ့ သိက္ခာကိုပါ ထိပါးစော်ကားလာတဲ့အတွက် တရားစွဲဆိုမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ တရားစွဲဆိုဖို့အတွက်ကိုလည်း သက်သေတွေရှိတယ်လို့ သူကပြောပါတယ်။

“လူတကာကို သံစဉ်မောင် မကောင်းဘူးလိုက်ပြောနေတာ ဘယ်သူနဲ့တွဲတွဲ တွဲသမျှမိန်းကလေးတိုင်းကို ငါမကောင်းကြောင်းလိုက်ပြောနေတာ ငါမှာအသံဖိုင်တွေနဲ့ တရားရုံးမှာ ရှင်းမှာ နင်သမိုင်းကြောင်းနဲ့ နင်လုပ်ရပ်က အရမ်းဖြူစင်နေတယ်ပေါ့။ ငါ့ကိုနင်$ရှက်လိုက်ခွဲနေတာ စကားရှုတ်ထားတာ သက်သေအချက်အလက်အားလုံးနဲ့ ငါရှင်းတော့မှာ ငါ့မိသားစု ငါ့အစ်မနာမည်ဘေဘီမောင်ဆိုတာပါထည့်ပြီး နင်စော်ကားထားတာ

ဒီတစ်ခါ ငါအထောက်အထားအားလုံးနဲ့ အဆုံးထိတက်မှာ လာစိန်မခေါ်နဲ့ ပါးရိုက်ရင်နားကိုက်တက်တယ်။ ငါနာမည်ပျက်မှာဆိုးလို့သည်းခံတာ ဆက်သည်းခံနေ ရင်နင်ကခွေးရူးတစ်ကောင်လိုလိုက်ကိုက်နေဦးမှာဆိုတော့ အဆုံးထိသွားကြတာပေါ့။ တကယ်မိန်းမလိုမိန်းမရ အောက်တန်းစားကောင်နဲ့ပတ်သတ်မိတာ ဘဝရဲ့အကြီးမာဆုံးနောင်တပဲ” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။

သံစဉ်မောင်ကိုတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမငယ်လေးအဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးနေရသူဖြစ်ပါတယ်။ သံစဉ်မောင်ရဲ့ အနုပညာသက်တမ်းကလည်း ၄ နှစ်ခန့်ကို ရောက်ရှိလို့လာပါပြီ။