အေးအေးခိုင်ရဲ့ အမှုကိစ္စနဲ့ ပက်သက်ပြီး ရုပ်ရှင်လောကအနေနဲ့ ထိခိုက်မှုတွေရှိကြောင်း ပြောလာတဲ့ ဦးဝင်းမြိုင်

ဇ္ဂော်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

လွန်ခဲ့တဲ့ ရက်ပိုင်းက သရုပ်ဆောင်မေသန်းနု ထောင်ကျသွားတဲ့ အကြောင်းကို ပရိတ်သတ်ကြီးလည်း သိပြီးဖြစ်မှာပါနော်။ အခုတစ်ခါမှာတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် အေးအေးခိုင်တစ်ယောက် လိမ်လည်မှုနဲ့ စမ်းချောင်းတရားရုံးမှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အေးအေးခိုင်ကတော့ အနုပညာလောကမှာ သက်တမ်းရှည်ကြာပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့ အကုန်လုံးလည်း သိကြမယ် ထင်ပါတယ်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်း တစ်ဦးတည်းသော သားလေးကို အဖေလို အမေလို ပြုစုနေပြီး ပညာရေးကိုလည်း အကောင်းဆုံး ပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

အခုလို အနုပညာရှင်တွေ တစ်ယောက်ပြီး တစ်ယောက် အမှုရင်ဆိုင်ပြီး ထောင်ကျမှုမျိုးတွေ အထိပါ ရှိလာတဲ့ အခါ ရုပ်ရှင်အစည်းအရုံးရဲ့ ဇာတ်ပို့ ဇာတ်ရံ ဥက္ကဌ ဖြစ်သူ ဦးဝင်းမြိုင်က မီဒီယာတွေနဲ့ တွေ့ ဆုံပြီး ရှင်းလင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဦးဝင်းမြိုင်ပြောကြားခဲ့တာကတော့ ” ဒီနေ့ဖြစ်တဲ့ ပြသနာကတော့ Cele Gabar မီဒီယာကနေ အေးအေးခိုင်ရဲ့ လိမ်လည်မှုနဲ့ စမ်းချောင်းတရားရုံးမှာ တရားစွဲခံရတာကို တင်လိုက်တယ်ပေါ့နော်။ နောက်ဆက်တွဲကတော့ ရုပ်ရှင်လောက ပုံရိပ်ကို ထိခိုက်စေတဲ့ မှတ်ချက်တွေ အများကြီး တက်လာပါတယ်။ ဖြစ်တာကတော့ အေးအေးခိုင်နဲ့ တစ်ဖက်က တရားလိုနဲ့ ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ ပုံရိပ်ကို ထိခိုက်လာတဲ့အခါ တတ်နိုင်သမ ျှ ကာကွယ်ဖို့ ဒီလိုဖြေပေးနေရတာပါ။ အရင်က မေသန်းနု အခု အေးအေးခိုင်ဆိုတော့ ရုပ်ရှင်လောကမှာ ဒီလိုပဲ ဖြစ်နေကြတာလားဆိုပြီး ရေးကြပြန်တယ်ပေါ့နော်။

အခုလိုမျိုးတွေ ရေးကြတော့ ထိခိုက်တာကျ ရုပ်ရှင်လောကကို လာထိခိုက်နေတယ်။ ကာယကံရှင် အေးအေးခိုင်က အမှန်တကယ် လိမ်လည်တာမျိုးဆို တစ်မျိုးပေါ့။ အခုက တရားရုံးမှာ စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ အေးအေးခိုင်က အခုမှ အမှုရင်ဆိုင်နေတုန်းပဲ ရှိသေးတာကို တကယ်လိမ်လည်တဲ့ ပုံစံမျိုးနဲ့ သတင်းတွေ ရေးတာကျတော့ အကောင်းဘူးပေါ့။

တချို့တွေက အခုလိုတွေ ပြောကြတယ် ။ ” မင်းသမီးကလည်း ထောင်ထဲ ဝင်သွားပြန်ပြီ နောက်ထပ် ဇာတ်ပို့ကလည်း ဝင်တော့မလား နောက်ဆို ဒါရိုက်တာတွေပါ ပါလာပြီး ထောင်ထဲမှာပဲ လူလိမ်ဇာတ်ကား ရိုက်တော့မှာလား” ဆိုပြီး ပြောကြတယ်။ ကိုယ်ချစ်တဲ့ ရုပ်ရှင်လောက တစ်ခုလုံးနဲ့ ပက်သက်ပြီး ပြောနေတော့ ရင်ထဲမှာ တကယ်မခံစားနိုင်ဘူး။ ဒါကြောင့်မလို့လည်း အထင်မလွဲဖို့ အခုလို သတင်းမီဒီယာတွေမှာ ရှင်းပြရတာပါ။ ” ဆိုပြီး ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို ဖြစ်နေတဲ့ ကိစ္စရပ်တွေနဲ့ ပက်သက်ပြီး ပရိတ်သတ်ကြီးရဲ့ အမြင်လေးကိုလည်း ပြောပေးသွားပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်နော်။