လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ပြောကြားလာတဲ့ နေဒွေး

ဇ္ဂော်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Chilli – CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ပြောကြားလာတဲ့ နေဒွေး”

သရုပ်ဆောင် မင်းသားချောနေဒွေးကတော့ မကြာသေးမီက ဒါရိုက်တာမင်းခန့်ကျော်နဲ့ ငွေကြေးကိစ္စအရှုပ်အရှင်းလေးတွေ ဖြစ်ပေါ်လာခဲ့တာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ဒီကိစ္စပြီးတဲ့နောက်မှာတော့ ရည်းစားဟောင်းဖြစ်သူကိုထိလက်ရောက်ကျူးလွန်မှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး တချို့သောပရိသတ်တွေရဲ့ အပြစ်တင်ဝေဖန်ပြောဆိုမှုတွေကိုလည်း ခံနေခဲ့ရပါတယ်။

နေဒွေးကတော့ အခုလို ရည်းစားဟောင်းဖြစ်သူကိုထိလက်ရောက်ကျူးလွန်မှုတွေရှိခဲ့တယ်လို သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေတဲ့ သူတွေကို စိတ်လည်း မဆိုးသလို ပြန်ပြီး တိုက်ခိုက်သွားမှာမဟုတ်ပါဘူး။အခု (၂၀၂၀)မှာ သူ့ရဲ့အလုပ်တွေကိုပဲသေချာစီစစ်ပြီးလုပ်ကိုင်နေပါတယ်။အကောင်းဆုံးရှေ့ဆက်သွားမှာဖြစ်ပြီး ကျန်တာကတော့ ပြောစရာမရှိပါဘူး ဆိုပြီးတော့လည်း အင်တာဗျူးမှာ ဖြေကြားလာခဲ့ပါတယ်။

နေဒွေးကတော့ သူ့အတွက်ကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေကိုလည်း ဘာမှမစိုးရိမ်ကြဖို့နဲ့အနုပညာအလုပ်တွေကိုသာအာရုံထားထားပြီး အနုပညာတစ်ခုတည်းနဲ့ ရှေ့ဆက်သွားမှာမို့ သူကိုချစ်တဲ့ ပရိသတ်တွေကအခုကိစ္စနဲ့ ပတ်သက်ပြီး မုန်းတဲ့ သူတွေကို ပြန်မမုန်းဖို့ကိုလည်း ချစ်ပေးကြတဲ့ ပရိသတ်တွေကိုတောင်းဆိုခဲ့ပါသေးတယ်။Celegabar ပရိသတ်ကြီးရေ နေဒွေးတစ်ယောက် ဖြေကြားထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။

Source – Exclusive On CeleGabar
Chilli – CeleGabar