မတော်တဆမှုတစ်ခုကြောင့် မျက်နှာထိခိုက်သွားခဲ့ရတဲ့ မိစန္ဒီ

ဇ္ဂော်ီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်စရာမျက်နှာဖူးဖူးလေးနဲ့ လူငယ်ပရိသတ်တွေအကြားမှာ ရေပန်းစားတဲ့ ရက်ပ် အဆိုတော်မလေး မိစန္ဒီကတော့ ပရိသတ်တွေ အားပေးမှုကို ရရှိထားတဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ထွက်ရှိထားတဲ့ သူမရဲ့ “ဈေးဗန်းခင်းမယ်” ဆိုတဲ့ သီချင်းလေးဟာလည်း ပရိသတ်လူငယ်အထုအကြား ရေပန်းစားခဲ့ပါတယ်။

သူမဟာ လန်းဆန်းတက်ကြွပြီး ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်တယ်ဆိုတာကို သူ့သီချင်းတွေကနေတစ်ဆင့် ပရိသတ်ကြီးလည်း သိပြီးလောက်ပါပြီနော်။ အခုတော့ အဆိုကျော်မလေး မိစန္ဒီမှာ အရေးကြီးတဲံအကြောင်းလေးကို ပရိသတ်ကြီးထံကို အသိပေးလာပါတယ်။

ဒါကတော့ သူမမလုပ်တတ်ပဲနဲ့ ဆံပင်ကောက်စက်နဲ့ ခိုက်မိခဲ့တာကြောင့် သူမရဲ့ မို့မို့ရဲရဲပါးလေးမှာ အပူလောင်သွားခဲ့ရပါတယ်။ ဒါကြောင့် ရှိုးတွေမှာ ဒီလို ဒဏ်ရာနဲ့မျက်နှာလေးကို မြင်ရင်စိတ်မပူကြစေဖို့အတွက် သူမက အသိပေးလိုက်ပါတယ်နော်။