ကျန်းမာရေးအခြေအနေ ထူးခြားကောင်းမွန်လာတဲ့ သရုပ်ဆောင်ဗေလုဝ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဟာသသ႐ုပ္ေဆာင္ အကယ္ဒမီေဗလုဝသည္ လက္ရွိအေျခအေနတြင္ အထူးၾကပ္မတ္ေဆာင္ ICU တြင္ ေဆးကုသမႈခံယူေနရ ေသာ္လည္း က်န္းမာေရးအေျခအေန တိုးတက္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း ၎၏ဇနီးျဖစ္သူ ေဒၚစုစုခိုင္က ေျပာသည္။ဒီမနက္ကေတာ့ အေျခအေနေကာင္းလာပါတယ္။ မေန႔ကစၿပီး အေျခအေနေကာင္းတာေပါ့။ စကာ းေျပာတာ မပီသေပမဲ့လည္း ဗလုံးေထြးနဲ႔ပဲ နည္းနည္းေတာ့ေျပာလာႏိုင္တယ္။ မိန္းမ ေရျပန္ခ်ိဴးလိုက္ဦးမယ္ေနာ္လို႔ သူ႔ကိုေျပာေတာ့ ‘အင္း’ တဲ့ စကားသံ ပီပီသသထြက္လာတယ္။ အခုေတာ့ အစ္မကိုမွတ္မိလာတယ္။ မေတြ႕ရင္လည္း လိုက္ရွာတယ္။ ေတာ္ေတာ္ေလး တိုးတက္တယ္။

လူေတြကိုလည္း သိတယ္။ မွတ္မိတယ္။ အခုေတာ့ ဆရာဝန္ေတြကသူ႔ ကို ေခါင္းေအးေအာင္ထားဖို႔မွာတယ္။ စိတ္ေအးလက္ေအးေနခိုင္းတယ္။ ဘယ္သူမွမလာဘဲ သူ႔ဘာသူၿငိမ္ေနတိတ္ဆိတ္ေနမွ သူ႔အေျခအေနက ျမန္ျမန္တိုးတက္လာမွာတဲ့။ အဲဒါေၾကာင့္ ဧည့္သည္ေပးမဝင္ပါဘူး။ သူ႔ေရာဂါက အာ႐ုံေၾကာမွာ ေသြးခဲတာဆိုေတာ့ စကားျပန္ေျပာႏိုင္ဖို႔ အခ်ိန္ယူရမယ္ထင္တယ္။ သူကစာေပေဟာေျပာပြဲေတြဆိုရင္ ဘယ္ပြဲဖိတ္ဖိတ္ ဘယ္သူဖိတ္ဖိတ္သြားတယ္။ ပင္ပန္းတာေတြ အိပ္ေရးပ်က္တာေတြမ်ားလာလို႔ျဖစ္မယ္“ဟု ေဒၚစုစုခိုင္က ေျပာသည္။

အခုသူ႔အေျခအေနက ခြဲစိပ္လို႔လည္းမရေတာ့ ေဆးပဲထိန္းၿပီး တေျဖးေျဖးခ်င္းလုပ္ယူရမယ္လို႔ ဆရာဝန္ေတြကေျပာျပပါတယ္။ ေနာက္ပိုင္းက်ရင္ ေလ့က်င့္ခန္းေတြဘာေတြလုပ္ရမယ္တဲ့။ ျပန္ေကာင္းဖို႔အတြက္ အခ်ိန္ေတာ့ယူရမွာေပါ့ေနာ္။ စကားေျပာတာကအစ သူ႔ကိုျပန္ေလ့က်င့္ေပးရမွာေပါ့။ အရင္ကသူေျပာထားၿပီးသားေတြကို သူ႔ေရွ႕မွာျပန္ဖြင့္ျပတာမ်ိဳးေတြ ျပန္ေလ့က်င့္ေပးရမွာ။ အစ္မကေတာ့ အခုအခ်ိန္မွာ သူ႔ေဘးကေနစကားေတြ ေျပာေပးေနတယ္“ဟု သူမက ေျပာသည္။ယခင္က ဗုဒၶဟူးေန႔တြင္ ေဆး႐ုံဆင္းရမည္ဟု သိရွိထားေသာ္လည္း ဆရာဝန္မ်ား၏ အႀကံျပဳခ်က္အရ အထူးၾကပ္မတ္ေဆာင္တြင္ပင္ ဆက္လက္ထားရွိသည္ဟုလည္း ၎က ေျပာသည္။

အေျခအေနက တိုးတက္လာေပမဲ့လဲ ပိုစိတ္ ခ်ရေအာင္ သူတို႔ဆီမွာဆက္ထားမယ္ဆိုၿပီး ဆရာဝန္ေတြကေတာင္းဆိုေတာ့ သူေကာင္းဖို႔အတြက္ပဲေလဆိုၿပီး ဆက္ေနျဖစ္တာနဲ႔ ဗုဒၶဟူးေန႔ကိုေဆး႐ုံမဆင္းျဖစ္ေသးတာပါ။ အခုဦးေဗရဲ႕က်န္းမာေရးအေျခအေနက တိုးတက္လာပါတယ္။ ဦးေဗကို ဝိုင္းၿပီးစိတ္ပူေပးၾကတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္“ဟု ေဒၚစုစုခိုင္က ေျပာသည္။ဟာသသ႐ုပ္ေဆာင္ေဗလုဝသည္ ဇန္နဝါရီ ၁၁ ရက္ညပိုင္းတြင္ သန္လ်င္ၿမိဳ႕ရွိ စာေပေဟာေျပာပြဲသို႔ သြားေရာက္ေဟာေျပာခဲ့ၿပီး ဇန္နဝါရီ ၁၂ ရက္မနက္တြင္ ဦးေႏွာက္ေသြးခဲပိတ္သည့္ေရာဂါေၾကာင့္ ပင္လုံေဆး ႐ုံတြင္ ေဆးကုသမႈခံယူေနရျခင္းျဖစ္သည္။

Unicode ဖြင့်ဖတ်ပါ
★★★★★

ဟာသသရုပ်ဆောင် အကယ်ဒမီဗေလုဝသည် လက်ရှိအခြေအနေတွင် အထူးကြပ်မတ်ဆောင် ICU တွင် ဆေးကုသမှုခံယူနေရ သော်လည်း ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ပြောသည်။ဒီမနက်ကတော့ အခြေအနေကောင်းလာပါတယ်။ မနေ့ကစပြီး အခြေအနေကောင်းတာပေါ့။ စကာ းပြောတာ မပီသပေမဲ့လည်း ဗလုံးထွေးနဲ့ပဲ နည်းနည်းတော့ပြောလာနိုင်တယ်။ မိန်းမ ရေပြန်ချိူးလိုက်ဦးမယ်နော်လို့ သူ့ကိုပြောတော့ ‘အင်း’ တဲ့ စကားသံ ပီပီသသထွက်လာတယ်။ အခုတော့ အစ်မကိုမှတ်မိလာတယ်။ မတွေ့ရင်လည်း လိုက်ရှာတယ်။

တော်တော်လေး တိုးတက်တယ်။ လူတွေကိုလည်း သိတယ်။ မှတ်မိတယ်။ အခုတော့ ဆရာဝန်တွေကသူ့ ကို ခေါင်းအေးအောင်ထားဖို့မှာတယ်။ စိတ်အေးလက်အေးနေခိုင်းတယ်။ ဘယ်သူမှမလာဘဲ သူ့ဘာသူငြိမ်နေတိတ်ဆိတ်နေမှ သူ့အခြေအနေက မြန်မြန်တိုးတက်လာမှာတဲ့။ အဲဒါကြောင့် ဧည့်သည်ပေးမဝင်ပါဘူး။ သူ့ရောဂါက အာရုံကြောမှာ သွေးခဲတာဆိုတော့ စကားပြန်ပြောနိုင်ဖို့ အချိန်ယူရမယ်ထင်တယ်။ သူကစာပေဟောပြောပွဲတွေဆိုရင် ဘယ်ပွဲဖိတ်ဖိတ် ဘယ်သူဖိတ်ဖိတ်သွားတယ်။ ပင်ပန်းတာတွေ အိပ်ရေးပျက်တာတွေများလာလို့ဖြစ်မယ်“ဟု ဒေါ်စုစုခိုင်က ပြောသည်။

အခုသူ့အခြေအနေက ခွဲစိပ်လို့လည်းမရတော့ ဆေးပဲထိန်းပြီး တဖြေးဖြေးချင်းလုပ်ယူရမယ်လို့ ဆရာဝန်တွေကပြောပြပါတယ်။ နောက်ပိုင်းကျရင် လေ့ကျင့်ခန်းတွေဘာတွေလုပ်ရမယ်တဲ့။ ပြန်ကောင်းဖို့အတွက် အချိန်တော့ယူရမှာပေါ့နော်။ စကားပြောတာကအစ သူ့ကိုပြန်လေ့ကျင့်ပေးရမှာပေါ့။ အရင်ကသူပြောထားပြီးသားတွေကို သူ့ရှေ့မှာပြန်ဖွင့်ပြတာမျိုးတွေ ပြန်လေ့ကျင့်ပေးရမှာ။ အစ်မကတော့ အခုအချိန်မှာ သူ့ဘေးကနေစကားတွေ ပြောပေးနေတယ်“ဟု သူမက ပြောသည်။ယခင်က ဗုဒ္ဓဟူးနေ့တွင် ဆေးရုံဆင်းရမည်ဟု သိရှိထားသော်လည်း ဆရာဝန်များ၏ အကြံပြုချက်အရ အထူးကြပ်မတ်ဆောင်တွင်ပင် ဆက်လက်ထားရှိသည်ဟုလည်း ၎င်းက ပြောသည်။

အခြေအနေက တိုးတက်လာပေမဲ့လဲ ပိုစိတ် ချရအောင် သူတို့ဆီမှာဆက်ထားမယ်ဆိုပြီး ဆရာဝန်တွေကတောင်းဆိုတော့ သူကောင်းဖို့အတွက်ပဲလေဆိုပြီး ဆက်နေဖြစ်တာနဲ့ ဗုဒ္ဓဟူးနေ့ကိုဆေးရုံမဆင်းဖြစ်သေးတာပါ။ အခုဦးဗေရဲ့ကျန်းမာရေးအခြေအနေက တိုးတက်လာပါတယ်။ ဦးဗေကို ဝိုင်းပြီးစိတ်ပူပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်“ဟု ဒေါ်စုစုခိုင်က ပြောသည်။ဟာသသရုပ်ဆောင်ဗေလုဝသည် ဇန်နဝါရီ ၁၁ ရက်ညပိုင်းတွင် သန်လျင်မြို့ရှိ စာပေဟောပြောပွဲသို့ သွားရောက်ဟောပြောခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်မနက်တွင် ဦးနှောက်သွေးခဲပိတ်သည့်ရောဂါကြောင့် ပင်လုံဆေး ရုံတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။