ကြောင်နဲ့ခွေး ကိုယ်ဝန်ရပြီး ကြောင်တစ်ပိုင်း ခွေးတစ်ပိုင်း မွေးဖွားမှု

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

ထူးဆန်းဖွယ်ရာ အဖြစ်အပျက်တွေ ကမ္ဘာမှာ အများကြီးရှိပါတယ်…. ယခုပြောပြမယ့်အဖြစ်အပျက်လေးက မြန်မာနိုင်ငံမှာဖြစ်ခဲ့တာ ဖြစ်ပြီး တစ်ကယ့်ကို ထူးဆန်းအံ့ဖွယ်ပါ…

အိမ်မွေးကြောင်မကြီးတစ်ကောင်ကနေ ကြောင်လေးတွေနဲ့ အတူ ခွေးလေးတစ်ကောင်ပါ မွေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပါတယ်…

ဖြစ်စဉ်က တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာ ရွှေသံလွင်ရပ်ကွက် ရွှေသံလွင်လမ်းနေဒေါ်ဝင်းမြင့် နေအိမ်မှာရှိတဲ့ အိမ်မွေးကြောင်မကြီးကဇန်နဝါရီ လ ၁၃ ရက်နေ့ နံနက်ပိုင်းမှာကြောင်ကလေး(၄)ကောင်ကြ(မွေး)ရာ ကြောင်ပေါက်မလေး (၃)ကောင်နဲ့ အတူ ကျန်တဲ့ (၁)ကောင်မှာခွေးထီးတစ်ကောင်ဖြစ်နေကြောင်းသိရပါတယ်…

ကြောင်မကြီးက မွေးတဲ့ ခွေးလေးမှာ နားရွက် ကြောင်နားရွက် နောက်ခြေထောက် ကြောင်ခြေထောက် ကလွဲပြီး ကျန်ခန္ဓာကိုယ်အားလုံး အသံကအစခွေးအသံ ခန္ဓာကိုယ်ခွေးသဏ္ဍန်ဖြစ်နေတာလို့ သိရပါတယ်…

အဲဒီ ခွေးလေးကို လူတွေလည်း လာကြည့်နေတယ်လို့ ဆိုပါတယ်… တကယ့်ကို ထူးဆန်းဖွယ်ရာမို့ ပရိသတ်ကြီးတို့ကြည့်ရအောင်လည်း အဆိုပါ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…