မြင်သူတိုင်း အသည်းယားအောင် ဝတ်မှုန်ရွှေရည်နဲ့ အရမ်းရိုတဲ့ပုံလေး တင်လိုက်တဲ့ ပိုင်တံခွန်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံတွင်သာမက အခြားသော အိမ်နီးချင်း နိုင်ငံတွေမှာလည်း အားပေးမှုကို ရရှိထားပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ အောင်မြင်နေတဲ့ အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့သူ့ရဲ့ ပရိသတ်တွေအတွက် အမြဲ သူ့ရဲ့ အမိုက်စား ဓာတ်ပုံလေးတွေ ဗီဒီယိုလေးတွေ ကိုသူ့ရဲ့လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့အသည်းကိုညှို့ယူတတ်သူပါ။ထိုင်းနိုင်ငံမှာ ပရိသတ်အခိုင်အမာရထားပြီး ထိုင်းတစ်နိုင်ငံလုံးရဲ့ တခဲနက်အားပေးမှုတွေရထားတဲ့ ပိုင်တံခွန်က ထိုင်းနဲ့ မြန်မာကို သွားလိုက်လာလိုက်နဲ့အနုပညာလုပ်ငန်းတွေလုပ်ဆောင်နေသူပါ။
ပိုင်တံခွန်က လက်ရှိမှာ ထိပ်တန်းမင်းသမီး ဝတ်မှုှုန်ရွှေရည်နဲ့ အရမ်းကိုရိုတဲ့ ချစ်ရမယ့် ဇာတ်ကားလေးဖြစ်တဲ့ အိပ်မက်မြစ်ဇာတ်ကားကို ရိုက်ကူးလျက်ရှိပါတယ်။ ဝတ်မှုန်ရွှေရည်က ပိုင်တံခွန်နဲ့ အရမ်းချစ်ရရမယ့် ဇာတ်ကားရိုက်ကူးရမယ့်အကြောင်း မီဒီယာတွေနဲ့အင်တာဗျူးမှာ ““ဒီတစ်ခါကတော့ မတူဘူးပေါ့။ ဒီတစ်ခါ ရိုတာကျ တစ်မျိုးပေါ့။ မတူဘူး ဒီကားထဲမှာ သူကလည်း ကိုယ့်ကိုတော်တော်ချစ် ကိုယ်ကလည်း သူ့ကို တော်တော် attach ဖြစ်တဲ့ ဇာတ်ကားပေါ့။ Location က လောလောဆယ် ရန်ကုန်နဲ့ကလော၊ အောင်ပန်းပေါ့။ ရိုက်ကူးရေးက နားလိုက်ရိုက်လိုက်တော့မရှိဘူး။ တောက်လျှောက်ရိုက်မယ်”လို့ ပြောပြထားပြီး ပိုင်တံခွန်ကိုအားပေးဖြစ်ပုံကို “သူကအခုကတော့ ကြော်ငြာနဲ့ ဓာတ်ပုံကတော့ အရမ်း star ဖြစ်နေတော့ ရုပ်ရှင်မှာ ထပ်ပြီး star ဖြစ်အောင် ကြိုးစားရမှာပေ့ါ”လို့လည်းပြောထားခဲ့ပါတယ်။
ပိုင်တံခွန်က လက်ရှိရိုက်ကူးနေတဲ့ အိပ်မက်မြစ် ဇာတ်ကားရိုက်ကွင်းကလို့ ယူဆရတဲ့ ဓာတ်ပုံလေးတစ်ပုံကို မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်မှာ တင်လာခဲ့ပါတယ်။ အဲဒီပုံလေးကတော့ ပိုင်တံခွန်က ကစ်ကို ကြင်ကြင်နာနာလေးသိုင်းဖက်ထားတဲ့ ပုံလေးဖြစ်ပြီး ပုံလေးကိုကြည့်လိုက်တာနဲ့တင် တစ်ယောက်ကိုတစ်ယောက် အရမ်းကိုသံယောဇဉ်ကြီးပြီးချစ်ကြတဲ့ vibe မျိုးခံစားရမှာသေချာပါတယ်။ အဲဒီဓာတ်ပုံလေးကို ပိုင်တံခွန်က အိပ်မက်မြစ်ဇာတ်ကားထဲမှာပါဝင်မယ့် လွမ်းမောစရာစာသားလေးနဲ့ တင်ထားခဲ့တာပါ။ ပိုင်တံခွန်က ကစ်နဲ့လိုက်ဖက်လွန်းတဲ့ ချစ်စရာပုံလေးကို “ကမ်းတဖက်မှာ သောင်ထွန်းဖို့ တဖက်မှာ ကမ်းပါးတွေ ပြိုကျပေးရတာက မြစ်တစင်းရဲ့ဖြစ်တည်မှုတဲ့” ဆိုတဲ့ စာလေးနဲ့ တင်ထားခဲ့တာတွေ့ရပါတယ်။ ပရိသတ်တွေက အဲဒီပုံလေးအောက်မှာ ပိုင်တံခွန်နဲ့ ကစ်နဲ့ အရမ်းကိုလိုက်ဖက်ကြောင်း ချီးကျူးထားကြပြီး အိပ်မက်မြစ်ဇာတ်ကားကို အမြန်ဆုံး ကြည့်ချင်နေပြီလို့လည်း အားပေးထားကြတာတွေ့ရပါတယ်။
ကစ်နဲ့ ပိုင်တံခွန်ရဲ့ ရိုမန်းတစ်ဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုင်တံခွန်နဲ့ ဝတ်မှုန်ရွှေရည်ရဲ့ အိပ်မက်မြစ်ဇာတ်ကားကြီးကို ကြည့်ချင်နေကြပြီလား။ ပိုင်တံခွန်နဲ့ ကစ်ရဲ့ romance လေးကိုရော ရင်ခုန်နေကြလား။ ခံစားချက်လေးတွေ ဝေမျှခဲ့ကြပါဦး။