အကယ်ဒမီရရင် လိုချင်တယ်လို့ ပြောလိုက်တဲ့ ကိုပေါက်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ကုိေပါက္ဟာ က်ရာဇာတ္ရုပ္ကုိအေကာင္းဆံုးသရုပ္ေဆာင္နို္္င္တဲ့ သရုပ္ေဆာင္ေကာင္းတစ္ဦးျဖစ္ျပီး video ေခတ္ကတည္းက ရုပ္ရွင္ဇာတ္ကားၾကီးေတြေခတ္အခုအခ်ိန္အထိ ဇာတ္လမ္းေကာင္းေတြရိုက္ကူးလာတဲ့အရည္အခ်င္းရွိဒါရိုက္တာတစ္ဦးလည္းျဖစ္ပါေသးတယ္။ ဒါရိုိက္တာဝင္းလြင္ထက္ကေတာ့ သူမတူေအာင္ထူးခြ်န္တဲ့အရည္အခ်င္းနဲ႔ အနုပညာကုိ စ်ာန္ဝင္ခံစားျပီးရုိက္ကူးတတ္တာေၾကာင့္အခ်ိန္တိုအတြင္းနာမည္ၾကီးလာသလို ပရိသတ္အခို္င္အမာရရွိထားတဲ့ လူငယ္ဒါရုိက္တာတစ္ဦးျဖစ္ပါတယ္။

ကုိေပါက္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ သူ႔ရဲ႕ အကယ္ဒမီရင္ခုန္သံေတြကုိလည္း ေျဖၾကားသြားပါေသးတယ္။ ကုိေပါက္က အကယ္ဒမီရင္ခုန္သံနဲ႔ ပတ္သက္ျပီး “ကုိယ့္ကားကုိ မွန္းလားဆိုေတာ့လည္း တစ္ခန္းပဲရိုက္ရုိက္၊နွစ္ခန္းပဲ ရုိက္ရိုက္၊သံုးခန္းပဲ ရိုက္ရုိက္ အကယ္ဒမီမလိုခ်င္တဲ့သူ မရွိပါဘူး။ လိုခ်င္ပါတယ္ကုိယ္လည္။ ဒါေပမယ့္ 2020 ထဲမွာ ကုိယ္ထက္ေတာ္တဲ့လူေတြအမ်ားၾကီးရွိတယ္။ ကားေကာင္းေတြအမ်ားၾကီးရွိတယ္။ ဆိုေတာ့ အမ်ားၾကီးလည္း မေမွ်ာ္လင့္ပါဘူး။ ေပးရင္ေတာ့ ကြ်န္ေတာ္ေက်ေက်နပ္နပ္နဲ႔ လိုခ်င္ပါတယ္လို႔” ရင္ဖြင့္ထားပါတယ္။

ဒါရိုက္တာ ကုိေပါက္

ကုိေပါက္က ရိုးမေပၚက်တဲ့မ်က္ရည္ဇာတ္ကားမွာ အကယ္ဒမီရေစခ်င္တဲ့သူေတြနဲ႔ ပတ္သက္ျပီးေတာ့လည္း “ကြ်န္ေတာ္က အၾကမ္းဖ်င္းေျပာရမယ္ဆိုရင္ အကုန္လံုးကုိ ရေစခ်င္တာေပါ့ေနာ္။ ကုိေပါက္ကားနဲ႔တစ္ခါမွမရဖူးတဲ့သူေတြကုိရေစခ်င္တယ္။ ရျပီးတဲ့သူေတြကလည္း ကုိေပါက္ကားနဲ႔ ေနာက္ထပ္ဆုတစ္ခုရမယ္ဆိုရင္ ရေစခ်င္တယ္။ ဒီဇာတ္ကားမွာ အကယ္ဒမီရေလာက္ေအာင္ လုပ္ခြင့္မရၾကတဲ့ သရုပ္ေဆာင္ေတြလည္း ရွိၾကတာေပါ့။ ကြ်န္ေတာ့္အေနနဲ႔ ဒီဇာတ္ကားမွာ အကုန္လံုးကုိရေစခ်င္တယ္။ ဒီဇာတ္ကားထဲမွာမွ လုပ္ခြင့္ရျပီးရေစခ်င္တာကေတာ့ နံပါတ္တစ္ ပရိုဂ်ဴဆာကုိ ရေစခ်င္တယ္။

ဒါရိုက္တာ ကုိေပါက္

ပရိုဂ်ဴဆာက ဒရာမာေတြရိုက္ဖို႔ သူ႔မွာ ဟာသကားကုိရုိက္ခ်င္တဲ့သူတစ္ေယာက္ျဖစ္ေတာ့ ဒရာမာနဲ႔ အကယ္ဒမီစင္ျမင့္ေပၚကုိေရာက္ေစခ်င္တယ္။ ျပီးေတာ့ အာကာေပ့ါ။ အာကာက လူငယ္ျဖစ္တယ္။ ၾကိဳးလည္းၾကိဳးစားတယ္။ အလုပ္လုပ္ဖုိ႔အျမဲတမ္း တက္ၾကြေနတဲ့ ကေလးတစ္ေယာက္ ေတာ္လည္းေတာ္တယ္။ သူ႔ကုိရေစခ်င္တယ္။ ျပီးေတာ့ ျမင့္ျမတ္ေပါ့။ ျမင့္ျမတ္ကုိ ကာရိုက္တာအရ ကြ်န္ေတာ္တကယ္ဖန္တီးတဲ့သူေတာင္ အရမ္းၾကိဳက္ရတဲ့ ကာရုိက္တာေပါ့ေနာ္။ ကာရိုက္တာအရဆို ျမင့္ျမတ္ကုိရေစခ်င္တယ္။ ကုိတိုးေပ့ါ။ အူဝဲကုိလည္းရေစခ်င္တယ္။ ေမျမင့္မိုရ္ ကုိယ့္သမီးလိုလည္းျဖစ္တဲ့ ေမျမင့္မိုရ္ကုိလည္း သူ႔ရဲ႕ေနရာကေန ရေစခ်င္ပါတယ္”လို႔ ေျဖၾကားသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ရိုးမေပၚက်တဲ့မ်က္ရည္ဇာတ္ကားၾကီးနဲ႔ ကုိေပါက္ကို အကယ္ဒမီ ရေစခ်င္ၾကလား။ ရုိးမေပၚက်တဲ့ မ်က္ရည္ဇာတ္ကားထဲမွာမွ ဘယ္သူ႔ကုိ အကယ္ဒမီရေစခ်င္လဲ။ ရင္ခုန္သံေလးေတြ ေဝမွ်ခဲ့ပါဦး။

Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုပေါက်ဟာ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နို်င်တဲ့ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပြီး video ခေတ်ကတည်းက ရုပ်ရှင်ဇာတ်ကားကြီးတွေခေတ်အခုအချိန်အထိ ဇာတ်လမ်းကောင်းတွေရိုက်ကူးလာတဲ့အရည်အချင်းရှိဒါရိုက်တာတစ်ဦးလည်းဖြစ်ပါသေးတယ်။ ဒါရိုက်တာဝင်းလွင်ထက်ကတော့ သူမတူအောင်ထူးချွန်တဲ့အရည်အချင်းနဲ့ အနုပညာကို ဈာန်ဝင်ခံစားပြီးရိုက်ကူးတတ်တာကြောင့်အချိန်တိုအတွင်းနာမည်ကြီးလာသလို ပရိသတ်အခိုင်အမာရရှိထားတဲ့ လူငယ်ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။

ကိုပေါက်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ သူ့ရဲ့ အကယ်ဒမီရင်ခုန်သံတွေကိုလည်း ဖြေကြားသွားပါသေးတယ်။ ကိုပေါက်က အကယ်ဒမီရင်ခုန်သံနဲ့ ပတ်သက်ပြီး “ကိုယ့်ကားကို မှန်းလားဆိုတော့လည်း တစ်ခန်းပဲရိုက်ရိုက်၊နှစ်ခန်းပဲ ရိုက်ရိုက်၊သုံးခန်းပဲ ရိုက်ရိုက် အကယ်ဒမီမလိုချင်တဲ့သူ မရှိပါဘူး။ လိုချင်ပါတယ်ကိုယ်လည်။ ဒါပေမယ့် 2020 ထဲမှာ ကိုယ်ထက်တော်တဲ့လူတွေအများကြီးရှိတယ်။ ကားကောင်းတွေအများကြီးရှိတယ်။ ဆိုတော့ အများကြီးလည်း မမျှော်လင့်ပါဘူး။ ပေးရင်တော့ ကျွန်တော်ကျေကျေနပ်နပ်နဲ့ လိုချင်ပါတယ်လို့” ရင်ဖွင့်ထားပါတယ်။

ကိုပေါက်က ရိုးမပေါ်ကျတဲ့မျက်ရည်ဇာတ်ကားမှာ အကယ်ဒမီရစေချင်တဲ့သူတွေနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်က အကြမ်းဖျင်းပြောရမယ်ဆိုရင် အကုန်လုံးကို ရစေချင်တာပေါ့နော်။ ကိုပေါက်ကားနဲ့တစ်ခါမှမရဖူးတဲ့သူတွေကိုရစေချင်တယ်။ ရပြီးတဲ့သူတွေကလည်း ကိုပေါက်ကားနဲ့ နောက်ထပ်ဆုတစ်ခုရမယ်ဆိုရင် ရစေချင်တယ်။ ဒီဇာတ်ကားမှာ အကယ်ဒမီရလောက်အောင် လုပ်ခွင့်မရကြတဲ့ သရုပ်ဆောင်တွေလည်း ရှိကြတာပေါ့။ ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားမှာ အကုန်လုံးကိုရစေချင်တယ်။ ဒီဇာတ်ကားထဲမှာမှ လုပ်ခွင့်ရပြီးရစေချင်တာကတော့ နံပါတ်တစ် ပရိုဂျူဆာကို ရစေချင်တယ်။

ပရိုဂျူဆာက ဒရာမာတွေရိုက်ဖို့ သူ့မှာ ဟာသကားကိုရိုက်ချင်တဲ့သူတစ်ယောက်ဖြစ်တော့ ဒရာမာနဲ့ အကယ်ဒမီစင်မြင့်ပေါ်ကိုရောက်စေချင်တယ်။ ပြီးတော့ အာကာပေ့ါ။ အာကာက လူငယ်ဖြစ်တယ်။ ကြိုးလည်းကြိုးစားတယ်။ အလုပ်လုပ်ဖို့အမြဲတမ်း တက်ကြွနေတဲ့ ကလေးတစ်ယောက် တော်လည်းတော်တယ်။ သူ့ကိုရစေချင်တယ်။ ပြီးတော့ မြင့်မြတ်ပေါ့။ မြင့်မြတ်ကို ကာရိုက်တာအရ ကျွန်တော်တကယ်ဖန်တီးတဲ့သူတောင် အရမ်းကြိုက်ရတဲ့ ကာရိုက်တာပေါ့နော်။ ကာရိုက်တာအရဆို မြင့်မြတ်ကိုရစေချင်တယ်။ ကိုတိုးပေ့ါ။ အူဝဲကိုလည်းရစေချင်တယ်။ မေမြင့်မိုရ် ကိုယ့်သမီးလိုလည်းဖြစ်တဲ့ မေမြင့်မိုရ်ကိုလည်း သူ့ရဲ့နေရာကနေ ရစေချင်ပါတယ်”လို့ ဖြေကြားသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရိုးမပေါ်ကျတဲ့မျက်ရည်ဇာတ်ကားကြီးနဲ့ ကိုပေါက်ကို အကယ်ဒမီ ရစေချင်ကြလား။ ရိုးမပေါ်ကျတဲ့ မျက်ရည်ဇာတ်ကားထဲမှာမှ ဘယ်သူ့ကို အကယ်ဒမီရစေချင်လဲ။ ရင်ခုန်သံလေးတွေ ဝေမျှခဲ့ပါဦး။

Credit : ygn-news