စပွန်ဆာနဲ့ ဟိုတယ်ပေါ်မှာ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ပေါက်ကြားဆိုတဲ့ သတင်းကို တုံ့ပြန်လိုက်တဲ့ ပတ်ထရစ်ရှာ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★


Image may contain: 1 person, smiling, indoor


Image may contain: 1 person


Image may contain: 1 person, sitting and closeup


Image may contain: 1 person, smiling

Image may contain: 2 people, people smiling, text and indoor


Image may contain: 1 person, smiling, outdoor

မိုမိုလေး

Unicode ဖြင့်ဖတ်ပါ
★★★★★

မင်းသမီးချောလေး ပတ်ထရစ်ရှာက ချစ်စရာကောင်းပြီး နိုင်ငံခြားသူလေးတစ်ယောက်လို စတိုင်လ်ကျ လှပလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ပတ်ထရစ်ရှာက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့ပြီး အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပတ်ထရစ်ရှာရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြပါတယ်။

အောင်မြင်လာတာနဲ့အမျှ မနာလိုသူတွေရဲ့ တိုက်ခိုက်ဝေဖန်မှုတွေကို ကြုံရတဲ့ အနုပညာရှင်ပီပီ ပတ်ထရစ်ရှာလည်း ထိုနည်းလည်းကောင်း သတင်းအတုအယောင်တွေ ထုတ်လွှင့်ခြင်း ခံရရှာပါတယ်။ ဒီနေ့မှာတော့ ပတ်ထရစ်ရှာက စပွန်ဆာနဲ့ ဟိုတယ်ပေါ်က ဗီဒီယိုပေါက်ကြားဆိုတဲ့ သတင်းမှားနဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။

ပတ်ထရစ်ရှာက “ ဟာ… စပွန်ဆာကြီး Liam ရိုက်ပေးထားတဲ့ video တွေပေါက်ကြားကုန်ပြီ ငါ့နှယ်လည်းကြုံလိုက်ရင်အဆန်းအကြယ်တွေပါအေ။ ငါကိုယ်တိုင်တင်ထားတဲ့ video clip ကိုယူပြီး ပရိသတ်တွေကိုဂျင်းထည့်တာ။ နောက်ဆိုတစ်မျိုးလုံးတစ်ဆွေလုံး video ရိုက်ပြရမလိုဖြစ်နေပြီ ” ဆိုပြီး ပြောလာပါတယ်။

ထိုပုံက ပြီးခဲ့တဲ့လက ပတ်ထရစ်ရှာရဲ့ မွေးနေ့မှာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းက Surprise လုပ်ပေးခဲ့တဲ့ ပုံရိပ်ဖြစ်ပြီး ထိုပုံကို ပတ်ထရစ်ရှာကိုယ်တိုင် သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာကတော့ ဝေဖန်မှုတွေကို အရေးတယူသိပ်မလုပ်ပဲ သူမ လျှောက်ရမယ့်လမ်းကိုသာ အကောင်းဆုံး လျှောက်လှမ်းနေသူလေး တစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး