ရုပ်သံဇာတ်လမ်းတွဲကြီးမှ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်မြင်တွေ့ရမယ့် “အချစ်ဖြင့်လွမ်းစေ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




DarDar-CeleGabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်အချစ်တော် နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ရဲ့ နာမည်ကြီး “အချစ်ဖြင့်လွမ်းစေ” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲကြီးမှ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် မြင်တွေ့ရမယ့် “အချစ်ဖြင့်လွမ်းစေ”ရဲ့ Official Trailer ကတော့ထွက်ရှိလာပြီလည်းဖြစ်ပါတယ်။ “အချစ်ဖြင့်လွမ်းစေ” ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရိုက်ကူးခဲ့ပြီး ကျောင်းသားဘဝကို ပြန်လည်ရောက်ရှိသွားသလို ခံစားမှုကိုပေးစွမ်းနိုင်သလို ဇာတ်လမ်းတွဲကိုကြည့်ပြီး ငိုခဲ့ရတာလည်း မနည်းပါဘူးနော်။

ဒီဇာတ်လမ်းတွဲကြီးထဲမှာတော့ ပရိသတ်အချစ်တော် မင်သမီးချောလေးပိုင်ဖြိုးသုကတော့ သူငယ်ချင်းဖြစ်သူကို တိတ်တခိုးခိုးချစ်ပြီး တစ်ဖတ်သက်အချစ်က ဘယ်လောက်ပင်ပူလောင်ပါစေ ချစ်ရသူစိတ်ချမ်းသာနေတာကိုသာ ငေးကြည့်ပြီးချစ်နေတတ်တဲ့ “မိုးမူ” ဆိုတဲ့ ကောင်းမလေးနေရာမှ ပရိသတ်ရဲ့ နှလုံးသာကိုအရည်ဖျော်ချခဲ့သူလည်းဖြစ်ပါတယ်။ နိုင်ငံကျော်မင်းသားချော ဒေါင်းကတော့ ကိုယ်နဲ့အခြေအနေမတူတဲ့ သူကိုမှချစ်မိပြီး ထားခဲ့မှာသိရက်နဲ့ လက်မလွှတ်နိုင်တဲ့အထိ ချစ်ခဲ့မိကာ နောက်ဆုံးမှာ ကိုယ့်ကိုတကယ်ချစ်သူကို လက်လွှတ်ဆုံးရှုံးလိုက်တဲ့ “မင်းလတ်”နေရာမှအကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။ထိုဇာတ်လမ်းတွဲမှာတော့ အိန်ဂျယ်လမုန် ကတော့ မိမိရဲ့ရည်မှန်းချက်ပန်းတိုင်ကို လျှောက်မည့်လမ်းမှာ ဘာနဲ့ပဲတွေ့တွေ့ နောက်မဆုတ်တဲ့ “ညို “နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ပိုင်ဖြိုးသုနဲ့ ဒေါင်းတို့ရဲ့ နာမည်ကြီး “အချစ်ဖြင့်လွမ်းစေ” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲတဲ့နော်။ ပရိသတ်ကြီးရေ မိုးမူ၊ မင်းလတ်နဲ့ ညိုတို့ကိုတော့ မြန်မာ့အထင်ကရနေ့တစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်မွေးနေ့မှာ ပိတ်ကားထက်မှာ တွေ့ဆုံလိုက်ရအောင်နော်။

Source: အချစ်ဖြင့်လွမ်းစေ- Longing with Love
DarDar-CeleGabar