ကျော်ထက်အောင်ကို သူ့ရဲ့ ချာတိတ်လို့ ထင်နေလားဆိုပြီး မေးလာတဲ့ မယ်လိုဒီ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★



ကျော်ထက်အောင်နဲ့မယ်လိုဒီ


ကျော်ထက်အောင်နဲ့မယ်လိုဒီ


Unicode ဖြင့်ဖတ်ပါ
★★★★★

လက်ရှိချိန်ထိကို အမိုက်စား ခန္ဓာကိုယ် အချိုးအစားနဲ့ မျက်နှာထားကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မယ်လိုဒီကိုတော့ ပရိသတ်တွေလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ သရုပ်ဆောင် မယ်လိုဒီကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာလောကကို ဝင်ရောက်လာတာ ဖြစ်ပြီး ဗိုလ်ဆန်တဲ့ ရုပ်လေးကြောင့်လည်း ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။

မယ်လိုဒီကတော့ လက်ရှိအချိန်မှာလည်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး သူ့ကိုအားပေးတဲ့ ပရိသတ်တွေကတော့ များပြားနေတုန်းပါပဲ။ မယ်လိုဒီကတော့ ချစ်စရာကောင်းတဲ့ သားလေးလည်း ရှိပြီး သားလေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း အမြဲတမ်းလိုလို တင်လေ့ရှိပါတယ်။

ဒါအပြင့် မယ်လိုဒီကတော့ သူ့ပရိသတ်တွေနဲ့ အဆက်မပြတ်ဖို့ အတွက် သူမရဲ့ ဖေ့ဘုတ်ပေါ်မှာလည်း ပုံလေးတွေကို အမြဲတမ်းလိုလို တင်လေ့ရှိပါတယ်။ မယ်လိုဒီကတော့ ဒီတခေါက်မှာလည်း မင်းသား အစီအစဉ် တင်ဆက်သူ ကျော်ထက်အောင် တယောက်နဲ့ ရင်းရင်းနှီးနှီး ချစ်စရာကောင်းတဲ့ ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

မယ်လိုဒီကတော့ “ယူတို့ရဲ့ အစ်ကိုအောင် ကိုတို့ရဲ့ ချာတိတ်လို့ ထင်နေတာလား ကြည့်နေတယ်နော် မီးမပိတ်သေးဘူး” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ မယ်လိုဒီကတော့ ကျော်ထက်အောင်နဲ့ ပုံလေး တင်ထားတာ ဖြစ်ပြီး ဒို့ရဲ့ ချာတိတ်လို့ ထင်နေလားဆိုပြီး အရွှန်းဖောက်ထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ရင်းနှီးကြတဲ့ သူတွေ ဖြစ်ပြီး ပြောချင်လွန်းလို့ ပရိသတ်ထဲမှာရော် သူတို့ကို အားပေးတဲ့ သူတွေ ရှိကြလား။

Credit : ygn-news