နာမည်ကြီးရုပ်သံကုမ္ပဏီတစ်ခုရဲ့ လိမ်လည်မှုကိုဖော်ထုတ်လိုက်တဲ့ ဖွေးဖွေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အကယ္ဒမီေ႐ႊစင္႐ုပ္ထု သုံးဆုကို ပိုင္ဆိုင္ထားတဲ့ ပရိသတ္ရဲ႕အခ်စ္ေတာ္ေဖြးေဖြးကေတာ့ လက္ရွိေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ၾကယ္တစ္ပြင့္ပါ။Brand Ambassador အျဖစ္ကုမၸဏီေတြနဲ႔လက္တြဲၿပီး လုပ္ေဆာင္ေနသလို အႏုပညာအလုပ္ေတြနဲ႔မအားလပ္သူတစ္ေယာက္ပါ။ေဖြးေဖြးကေတာ့ ဒီေန႔မွာနာမည္ေက်ာ္ကုမၸဏီႀကီးတစ္ခုရဲ႕ လူလည္က်မႈတစ္ခုကို အမ်ားသိေအာင္ေဖာ္ထုတ္ခဲ့တာပါ။

အဲ့ဒါကေတာ့ လက္ရွိျမန္မာႏိုင္ငံမွာ ႐ုပ္ရွင္ခ်စ္ပရိသတ္ေတာ္ေတာ္မ်ားမ်ားအသုံးျပဳေနတဲ့ Application တစ္ခုျဖစ္တဲ့ မေလးရွားႏိုင္ငံအေျခစိုက္ iflix ကုမၸဏီကေန အေႂကြးရရွိရန္က်န္ေနတဲ့အေၾကာင္းကို သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာမွ်ေဝခဲ့တာပါ။

“Dear iflix! For the Debts you have to give me…you are still on my mind… Don’t you think I m done with u coz I’m on my vacation” ဆိုတဲ့အဂၤလိပ္စာသားေလးနဲ႔အတူ “ဘယ္ေတာ့မွ ကိုယ္ေၾကာင့္လူေတြကို စိတ္ဒုကၡမေပးခ်င္ဘူး… မထင္ထားတဲ့လူေတြက အဲ့လိုလုပ္တတ္တာလား… ဒါေပမယ့္ ကိုယ္မွန္ရင္ေတာ့ ေခါင္းငုံ႔ခံေနလို႔လည္း မရျပန္ဘူး..ျမန္မာျပည္ကလူေတြကို အဲ့လိုလာလုပ္လို႔ ရတာလားဟင္?” လို႔ေရးသားၿပီး မွ်ေဝခဲ့တာပါ။

ဆက္လက္ၿပီးေတာ့လည္း စိတ္ပူေနၾကမယ့္ပရိသတ္ႀကီးအတြက္ “ခ်စ္ Darlings ေလးေတြစိတ္မပူနဲ႔ေနာ္ …iflix ကကြၽန္မအပါအဝင္ ျမန္မာျပည္က အႏုပညာရွင္အမ်ားစုကို ထိုက္သင့္တဲ့ စာခ်ဳပ္ကအတိုင္း အႏုပညာေၾကးမ်ား မေပးေခ်သြားပါဘူး.. အမွန္တရားတစ္ခု ေျပာသင့္ေျပာျပထိုက္တာတစ္ခုကို ေျပာျပအသိေပး႐ုံပါ…ေဖြး ဘာမွမျဖစ္ပါဘူး စိတ္ထားတတ္ၿပီးသားပါ… သူ႔တန္ဖိုးသူသတ္မွတ္တာပါ…

ကိုယ္လဲကိုယ့္တန္ဖိုးနဲ႔ကိုယ္ပါပဲ…ေအးေဆး… တျခားမွန္ကန္႐ိုးသားသူေတြနဲ႔ အလုပ္တဝႀကီးဆက္လုပ္ရဦးမွာမို႔…ျမန္မာျပည္မွာ ေနာက္ထပ္ အဲ့လိုႏိုင္ငံျခား company ေတြလူလည္လာမက်ႏိုင္ဖို႔ ျမန္မာအခ်င္းခ်င္းေတာ့ စည္းလုံးဖို႔လိုပါမယ္… ကိုယ့္ကို ၾကားက ဆက္သြယ္အလုပ္လုပ္ခဲ့တဲ့ iflix ကဘယ္ျမန္မာကိုမွလည္း နာမည္တတ္မေျပာခ်င္ေတာ့ပါဘူး” လို႔အားေပးသူပရိသတ္ႀကီးစိုးရိမ္ေနမွာစိုးလို႔ ထပ္မံေရးသားခဲ့ပါေသးတယ္။

ေဖြးေဖြးကေတာ့ ႏိုင္ငံျခားကုမၸဏီေတြ ေနာက္တစ္ခါျမန္မာႏိုင္ငံကို ထပ္ၿပီးလူလည္က်လို႔မရေအာင္ အခ်င္းခ်င္းစည္းလုံးႏိုင္ဖို႔အတြက္ သူကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အႀကဳံကိုမွ်ေဝေပးခဲ့တာျဖစ္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

အကယ်ဒမီရွှေစင်ရုပ်ထု သုံးဆုကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်ရဲ့အချစ်တော်ဖွေးဖွေးကတော့ လက်ရှိအောင်မြင်ကျော်ကြားနေတဲ့ ကြယ်တစ်ပွင့်ပါ။Brand Ambassador အဖြစ်ကုမ္ပဏီတွေနဲ့လက်တွဲပြီး လုပ်ဆောင်နေသလို အနုပညာအလုပ်တွေနဲ့မအားလပ်သူတစ်ယောက်ပါ။ဖွေးဖွေးကတော့ ဒီနေ့မှာနာမည်ကျော်ကုမ္ပဏီကြီးတစ်ခုရဲ့ လူလည်ကျမှုတစ်ခုကို အများသိအောင်ဖော်ထုတ်ခဲ့တာပါ။

အဲ့ဒါကတော့ လက်ရှိမြန်မာနိုင်ငံမှာ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများအသုံးပြုနေတဲ့ Application တစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံအခြေစိုက် iflix ကုမ္ပဏီကနေ အကြွေးရရှိရန်ကျန်နေတဲ့အကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာမျှဝေခဲ့တာပါ။

“Dear iflix! For the Debts you have to give me…you are still on my mind… Don’t you think I m done with u coz I’m on my vacation” ဆိုတဲ့အင်္ဂလိပ်စာသားလေးနဲ့အတူ “ဘယ်တော့မှ ကိုယ်ကြောင့်လူတွေကို စိတ်ဒုက္ခမပေးချင်ဘူး… မထင်ထားတဲ့လူတွေက အဲ့လိုလုပ်တတ်တာလား… ဒါပေမယ့် ကိုယ်မှန်ရင်တော့ ခေါင်းငုံ့ခံနေလို့လည်း မရပြန်ဘူး..မြန်မာပြည်ကလူတွေကို အဲ့လိုလာလုပ်လို့ ရတာလားဟင်?” လို့ရေးသားပြီး မျှဝေခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း စိတ်ပူနေကြမယ့်ပရိသတ်ကြီးအတွက် “ချစ် Darlings လေးတွေစိတ်မပူနဲ့နော် …iflix ကကျွန်မအပါအဝင် မြန်မာပြည်က အနုပညာရှင်အများစုကို ထိုက်သင့်တဲ့ စာချုပ်ကအတိုင်း အနုပညာကြေးများ မပေးချေသွားပါဘူး.. အမှန်တရားတစ်ခု ပြောသင့်ပြောပြထိုက်တာတစ်ခုကို ပြောပြအသိပေးရုံပါ…ဖွေး ဘာမှမဖြစ်ပါဘူး စိတ်ထားတတ်ပြီးသားပါ… သူ့တန်ဖိုးသူသတ်မှတ်တာပါ…

ကိုယ်လဲကိုယ့်တန်ဖိုးနဲ့ကိုယ်ပါပဲ…အေးဆေး… တခြားမှန်ကန်ရိုးသားသူတွေနဲ့ အလုပ်တဝကြီးဆက်လုပ်ရဦးမှာမို့…မြန်မာပြည်မှာ နောက်ထပ် အဲ့လိုနိုင်ငံခြား company တွေလူလည်လာမကျနိုင်ဖို့ မြန်မာအချင်းချင်းတော့ စည်းလုံးဖို့လိုပါမယ်… ကိုယ့်ကို ကြားက ဆက်သွယ်အလုပ်လုပ်ခဲ့တဲ့ iflix ကဘယ်မြန်မာကိုမှလည်း နာမည်တတ်မပြောချင်တော့ပါဘူး” လို့အားပေးသူပရိသတ်ကြီးစိုးရိမ်နေမှာစိုးလို့ ထပ်မံရေးသားခဲ့ပါသေးတယ်။

ဖွေးဖွေးကတော့ နိုင်ငံခြားကုမ္ပဏီတွေ နောက်တစ်ခါမြန်မာနိုင်ငံကို ထပ်ပြီးလူလည်ကျလို့မရအောင် အချင်းချင်းစည်းလုံးနိုင်ဖို့အတွက် သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။