ရှုတင်နားချိန် ရထားလုံးလေးစီးပြီး ပြင်ဦးလွင်မှာ လျှောက်လည်ခဲ့တဲ့ မြင့်မြတ်တို့ မိသားစု

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Rowena
Source: Myat Wai Tun’s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေချစ်ကြတဲ့ မင်းသားချော မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘာဝမင်းသားလို့တောင် တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မြင့်မြတ်က အကယ်ဒမီထူးချွန်ဆုကြီးကို ရရှိခဲ့ပြီး ရုပ်ရှင်ဇာတ်ကား တော်တော်များများကို သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြင့်မြတ်ကို စွဲစွဲမြဲမြဲ အားပေးကြတာ ဖြစ်ပါတယ်။

မြင့်မြတ်က လက်ရှိမှာတော့ အိချောပိုက ဒါရိုက်တာ ခင်လှိုင် ရိုက်ကူးပုံဖော်တဲ့ “အထိန်းတော်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အိချောပို၊ ရှင်မွေလ၊ လင်းလင်း၊ သုသု တို့နဲ့အတူတူ ပြင်ဦးလွင်မြို့မှာ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်က ရုပ်ရှင်ရိုက်ကူးနေရင်း ရှုတင်နားတဲ့အချိန်လေးမှာ ဇနီးနဲ့ သားလေးကိုခေါ်ပြီး ရထားလုံးလေးစီးကာ ပြင်ဦးလွင်မြို့မှာ ပျော်ပျော်ပါးပါး လျှောက်လည်ခဲ့တာပဲ ဖြစ်ပါတယ်။

မြင့်မြတ်က ဇနီးချော မန္တလေးသူလေး မခင်သူအောင်နဲ့ (၂၀၁၇) ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆို သားလေး တစ်ဦးကိုပါ မွေးဖွားထားတာ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ မခင်သူအောင်က အိမ်ထောင်မပြုခင်ကတည်းက (၅) နှစ်ကျော်လောက် ချစ်သူတွေအဖြစ် လက်တွဲခဲ့တာ ဖြစ်ပါတယ်။

မြင့်မြတ်ကတော့ သူ့ရဲ့ အားလပ်တဲ့အချိန်လေးကို မိသားစုကို ပုံအောပေးထားတဲ့ အိမ်ထောင်ရှင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ မိသားစုပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Myat Wai Tun’s fb