မင်းဂွတ်သီး ကြောင့် ကင်ဆာရောဂါ ပျောက်ကင်းသွားသူ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လူသားတိုင္း တစ္ေန႔တစ္ခ်ိန္တြင္ ေသၾကရမည္ခ်ည္းသာျဖစ္ပါ၏။ သို႔ေသာ္အသက္ကို ဉာဏ္ေစာင့္ စကားအရ ဆိုး႐ြားေသာ ေရာဂါေဝဒနာ တစ္ခုခုျဖစ္ခဲ့ပါလွ်င္ အားကိုးရာ ေဆးဝါးဓာတ္စာ ကုသမႈတစ္ခုခုကို ယုံၾကည္စြာ ျပဳလုပ္သင့္ေပသည္။

မိတ္ေဆြတစ္ဦး က်န္းမာေရးစစ္ေဆးမႈျပဳလုပ္စဥ္ ဆရာဝန္က ဆီးက်ိတ္ေရာဂါ သံသယရွိသျဖင့္ ဆီးပါရဂူထံ လႊဲေျပာင္းစမ္းသပ္ေစပါသည္။ ဆီးပါရဂူကထပ္မံစစ္ေဆးခ်က္အရ အသားစယူစစ္ေဆးရာ ကင္ဆာဆဲလ္ေတြ႕ရွိပါေတာ့သည္။

ဆီးပါရဂူက ခြဲစိတ္ကုသျခင္း(သို႔) ဓာတ္ကင္ကုသရန္ အႀကံေပးတိုက္တြန္းခဲ့သည္။သို႔ေသာ္မိတ္ေဆြ ခြဲစိတ္ကုသရန္ႏွင့္ ဓာတ္ကင္ျခင္းလည္း မလုပ္လို၊ ဘာလုပ္ရမည္မသိ အေျဖမ ရွိျဖစ္ေလသည္။

ဆီးပါရဂူက ဘာမွမလုပ္ဘူးဆိုရင္ ေလးလတစ္ႀကိမ္ ေသြးစစ္သင့္ေၾကာင္း၊ ေသြးစစ္လို႔ PSD ၀.၈ထက္ပိုတက္ရင္ေတာ့ တစ္ခုခု လုပ္မွသင့္ပါမယ္ဟု ထပ္မံအႀကံေပးေလသည္။ လက္တစ္ေလာလုပ္သည္က ကင္ဆာဆဲလ္မ်ားကို ၿဖိဳဖ်က္ႏိုင္ေသာ ဟင္းသီးဟင္း႐ြက္မ်ား မ်ားစြာစားေနျခင္းသာျဖစ္ေလသည္။

အင္တာနက္မွရေသာ ထူးျခားေသာအႀကံ

ေခတ္ကာလအရ အင္တာနက္၊ေဖ့ဘုတ္သုံးစြဲျခင္းမွ ေကာင္းစြာေသာ အက်ိဳးကို ရလိုက္ျခင္းျဖစ္၏။အေၾကာင္းကား မင္းဂြတ္သီးသည္ ကင္ဆာအတြက္ အလြန္အစြမ္းထက္ျမက္ၿပီး ေကာင္းက်ိဳး အာနိသင္ႀကီးျခင္းေၾကာင့္ျဖစ္ေလသည္။ ထိုေၾကာင့္ မင္းဂြတ္သီးကို ယုံၾကည္စြာအသုံးျပဳရန္ ဆုံးျဖတ္ခဲ့ေလသည္။

အာနိသင္ထက္ေသာ မင္းဂြတ္သီး

မင္းဂြတ္သီးတြင္ အလြန္အာနိသင္ထက္ျမက္ေသာ Xanthone ဆိုေသာဓာတ္က အင္အားကိုျဖစ္ေစေလသည္။ ခုခံအားကိုႏိုးထေစ၏။ ကင္ဆာဆဲလ္ကို က်ဳံ႕ေစေသေစသည့္အျပင္ အဆီကိုက်ေစသလို အေရာင္ကိုလည္း က်ေစ၏။ အဓိကမင္းဂြတ္တြင္ Xanthone ဓာတ္သည္ အျပင္ခြံ႕ႏွင့္ အေစ့တြင္ အမ်ားဆုံးပါရွိၿပီး အညႇာႏွင့္ ႐ြက္ဖတ္ကလြဲ၍ ပစ္စရာမရွိေၾကာင္း သုေတသီတို႔ အေထာက္အထားမ်ားအရ သိခြင့္ရျခင္းပင္ျဖစ္၏။

ယခုေခတ္တြင္ ေစ်းကြက္ဝင္

ယခုအခါ မင္းဂြတ္သီးသည္ ေဆးစြမ္းထက္မွန္း စီးပြားေရးသမားမ်ားသိလာၾက၍ မင္းဂြတ္သီးရည္ႏွင့္ မင္းဂြတ္သီးေဆးေတာင့္ပင္ စီးပြားျဖစ္ထုတ္လုပ္ေရာင္းခ်ေနေလသည္။

မင္းဂြတ္ေဆး

မင္းဂြတ္သီး ၏အညႇာခ်က္ကိုဖယ္ကာ ေရစင္ေအာင္ေဆးၿပီး အခြံအပါအဝင္ အေစ့ကို အတုံးငယ္ေလးမ်ားျဖစ္ေအာင္လွီးၿပီး အသားမ်ားပါအားလုံး သစ္သီးေဖ်ာ္စက္ထဲတြင္ ထည့္ၿပီးႀကိတ္ေမႊေပး၍ ပ်စ္ပ်စ္ႏွစ္ႏွစ္ ရေအာင္ေဆာင္႐ြက္လိုက္ျခင္းျဖစ္ေလသည္။ ထိုက္သင့္သမွ်ၾကာရွည္ခံေစေအာင္ ေရခဲေသတၱာတြင္ ထည့္သြင္း သိမ္းဆည္းထားခဲ့ပါသည္။

မင္းဂြတ္ေဆးအသုံး

ပ်စ္ပ်စ္ႏွစ္ႏွစ္ႀကိတ္ေခ်ထားေသာ မင္းဂြတ္သီးေဆးကို နံနက္တစ္ႀကိမ္၊ညေနတစ္ႀကိမ္ ထမင္းစားဇြန္းျဖင့္ ထမင္းစားၿပီးေလတိုင္း တစ္ဇြန္းစာ ေရႏွင့္ ေရာကာ ေသာက္ေပးျခင္းျဖစ္သည္။

ျပန္လည္ေဆးစစ္ျခင္း

ခြဲစိတ္ကုသျခင္းစိတ္မရွိေသာ္လည္း ဆရာဝန္ၫႊန္ၾကားခ်င္အတိုင္း (၄) လတစ္ႀကိမ္ ေသြးစစ္ေဆးရာ PSD မ်ားစြာ မတက္ေတာ့သလို တစ္ႏွစ္ျပည့္ၿပီး အသားစယူစစ္ေဆးျခင္းေဆာင္႐ြက္ရာ အသားစမ်ားတြင္ ကင္ဆာဆဲလ္မ်ား မေတြ႕ရေတာ့ျခင္းျဖစ္ပါသည္။

တင္ျပပါ မင္းဂြတ္သီးႏွင့္ကင္ဆာေရာဂါအေၾကာင္းမွာ ကင္ဆာႏွင့္အစားအစာစာအုပ္ ကိုဖတ္ရႈၿပီး ကင္ဆာေဝဒနာခံစားေနရာက ေပ်ာက္ကင္းသူမိတ္ေဆြ၏ ေျပာျပခ်က္အား ျပန္လည္ေဝမွ်ျခင္းျဖစ္ပါသည္။

လိုသူယူသုံးေစတနာအၿပဳံးျဖင့္ ႐ႊင္ၿပံဳးႏိုင္ပါေစ။

Credit : ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Unicode ဖြင့်ဖတ်ပါ
★★★★★

လူသားတိုင်း တစ်နေ့တစ်ချိန်တွင် သေကြရမည်ချည်းသာဖြစ်ပါ၏။ သို့သော်အသက်ကို ဉာဏ်စောင့် စကားအရ ဆိုးရွားသော ရောဂါဝေဒနာ တစ်ခုခုဖြစ်ခဲ့ပါလျှင် အားကိုးရာ ဆေးဝါးဓာတ်စာ ကုသမှုတစ်ခုခုကို ယုံကြည်စွာ ပြုလုပ်သင့်ပေသည်။

မိတ်ဆွေတစ်ဦး ကျန်းမာရေးစစ်ဆေးမှုပြုလုပ်စဉ် ဆရာဝန်က ဆီးကျိတ်ရောဂါ သံသယရှိသဖြင့် ဆီးပါရဂူထံ လွှဲပြောင်းစမ်းသပ်စေပါသည်။ ဆီးပါရဂူကထပ်မံစစ်ဆေးချက်အရ အသားစယူစစ်ဆေးရာ ကင်ဆာဆဲလ်တွေ့ရှိပါတော့သည်။

ဆီးပါရဂူက ခွဲစိတ်ကုသခြင်း(သို့) ဓာတ်ကင်ကုသရန် အကြံပေးတိုက်တွန်းခဲ့သည်။သို့သော်မိတ်ဆွေ ခွဲစိတ်ကုသရန်နှင့် ဓာတ်ကင်ခြင်းလည်း မလုပ်လို၊ ဘာလုပ်ရမည်မသိ အဖြေမ ရှိဖြစ်လေသည်။

ဆီးပါရဂူက ဘာမှမလုပ်ဘူးဆိုရင် လေးလတစ်ကြိမ် သွေးစစ်သင့်ကြောင်း၊ သွေးစစ်လို့ PSD ၀.၈ထက်ပိုတက်ရင်တော့ တစ်ခုခု လုပ်မှသင့်ပါမယ်ဟု ထပ်မံအကြံပေးလေသည်။ လက်တစ်လောလုပ်သည်က ကင်ဆာဆဲလ်များကို ဖြိုဖျက်နိုင်သော ဟင်းသီးဟင်းရွက်များ များစွာစားနေခြင်းသာဖြစ်လေသည်။

အင်တာနက်မှရသော ထူးခြားသောအကြံ

ခေတ်ကာလအရ အင်တာနက်၊ဖေ့ဘုတ်သုံးစွဲခြင်းမှ ကောင်းစွာသော အကျိုးကို ရလိုက်ခြင်းဖြစ်၏။အကြောင်းကား မင်းဂွတ်သီးသည် ကင်ဆာအတွက် အလွန်အစွမ်းထက်မြက်ပြီး ကောင်းကျိုး အာနိသင်ကြီးခြင်းကြောင့်ဖြစ်လေသည်။ ထိုကြောင့် မင်းဂွတ်သီးကို ယုံကြည်စွာအသုံးပြုရန် ဆုံးဖြတ်ခဲ့လေသည်။

အာနိသင်ထက်သော မင်းဂွတ်သီး

မင်းဂွတ်သီးတွင် အလွန်အာနိသင်ထက်မြက်သော Xanthone ဆိုသောဓာတ်က အင်အားကိုဖြစ်စေလေသည်။ ခုခံအားကိုနိုးထစေ၏။ ကင်ဆာဆဲလ်ကို ကျုံ့စေသေစေသည့်အပြင် အဆီကိုကျစေသလို အရောင်ကိုလည်း ကျစေ၏။ အဓိကမင်းဂွတ်တွင် Xanthone ဓာတ်သည် အပြင်ခွံ့နှင့် အစေ့တွင် အများဆုံးပါရှိပြီး အညှာနှင့် ရွက်ဖတ်ကလွဲ၍ ပစ်စရာမရှိကြောင်း သုတေသီတို့ အထောက်အထားများအရ သိခွင့်ရခြင်းပင်ဖြစ်၏။

ယခုခေတ်တွင် စျေးကွက်ဝင်

ယခုအခါ မင်းဂွတ်သီးသည် ဆေးစွမ်းထက်မှန်း စီးပွားရေးသမားများသိလာကြ၍ မင်းဂွတ်သီးရည်နှင့် မင်းဂွတ်သီးဆေးတောင့်ပင် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနေလေသည်။

မင်းဂွတ်ဆေး

မင်းဂွတ်သီး ၏အညှာချက်ကိုဖယ်ကာ ရေစင်အောင်ဆေးပြီး အခွံအပါအဝင် အစေ့ကို အတုံးငယ်လေးများဖြစ်အောင်လှီးပြီး အသားများပါအားလုံး သစ်သီးဖျော်စက်ထဲတွင် ထည့်ပြီးကြိတ်မွှေပေး၍ ပျစ်ပျစ်နှစ်နှစ် ရအောင်ဆောင်ရွက်လိုက်ခြင်းဖြစ်လေသည်။ ထိုက်သင့်သမျှကြာရှည်ခံစေအောင် ရေခဲသေတ္တာတွင် ထည့်သွင်း သိမ်းဆည်းထားခဲ့ပါသည်။

မင်းဂွတ်ဆေးအသုံး

ပျစ်ပျစ်နှစ်နှစ်ကြိတ်ချေထားသော မင်းဂွတ်သီးဆေးကို နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ် ထမင်းစားဇွန်းဖြင့် ထမင်းစားပြီးလေတိုင်း တစ်ဇွန်းစာ ရေနှင့် ရောကာ သောက်ပေးခြင်းဖြစ်သည်။

ပြန်လည်ဆေးစစ်ခြင်း

ခွဲစိတ်ကုသခြင်းစိတ်မရှိသော်လည်း ဆရာဝန်ညွှန်ကြားချင်အတိုင်း (၄) လတစ်ကြိမ် သွေးစစ်ဆေးရာ PSD များစွာ မတက်တော့သလို တစ်နှစ်ပြည့်ပြီး အသားစယူစစ်ဆေးခြင်းဆောင်ရွက်ရာ အသားစများတွင် ကင်ဆာဆဲလ်များ မတွေ့ရတော့ခြင်းဖြစ်ပါသည်။

တင်ပြပါ မင်းဂွတ်သီးနှင့်ကင်ဆာရောဂါအကြောင်းမှာ ကင်ဆာနှင့်အစားအစာစာအုပ် ကိုဖတ်ရှုပြီး ကင်ဆာဝေဒနာခံစားနေရာက ပျောက်ကင်းသူမိတ်ဆွေ၏ ပြောပြချက်အား ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။

လိုသူယူသုံးစေတနာအပြုံးဖြင့် ရွှင်ပြံုးနိုင်ပါစေ။

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)