မိခင်ဖြစ်သူ ရန်ကုန်အလည်ရောက်တုန်း ရွှေဆွဲကြိုးနဲ့ ကန်တော့လိုက်တဲ့ ခြိမ့်ကေကို
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Image may contain: 1 person, outdoor and closeup
Image may contain: 1 person, sitting and indoor
Image may contain: 1 person, sitting
Image may contain: one or more people, people standing and indoor
Image may contain: 2 people, people sitting
Image may contain: 1 person, standing
Image may contain: 1 person, standing and indoor
No photo description available.
Image may contain: 1 person, closeup
Photos-Chaink K Ko
Unicode ဖြင့်ဖတ်ပါ
★★★★★
Banana လို့အွန်လိုင်းသုံးစွဲသူတွေ ခေါ်ကြတဲ့ ခြိမ့်ကေကိုက သူ့ရဲ့မိခင်ဖြစ်သူကို ရွှေဆွဲကြိုးနဲ့ ကန်တော့လိုက်ပါတယ်။
ခြိမ့်ကေကိုဟာ အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်ပြီး လူကြိုက်များစိတ်ဝင်တစားရှိလှတဲ့ မြန်မာအိုင်ဒေါ Season-3 မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲဝင်တစ်ဦးပါ။ ပြိုင်ပွဲဝင်စဉ် ဗိုက်ဆာနေတာကြောင့် ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန်က ငှက်ပျောသီးကျွေးခဲ့ရာကစပြီး Banana  လို့ မှည့်တွင် ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
အွန်လိုင်းသုံးစွဲသူတွေကြားရေပန်းစားလာတဲ့ Banana ဟာ သူကိုယ်တိုင်ရေးသားထားတဲ့ သီချင်းအချို့ကိုလည်း ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ ထိုသီချင်းတွေကလည်း ပရိသတ်တွေကြား ပြောစမှတ်တွင်အောင် ပေါက်ခဲ့တယ်လို့ဆိုရမှာပါ။
Image may contain: 1 person, smiling, guitar
ရန်ကုန်မြို့မှာနေထိုင်ပြီး သူဝါသနာပါတဲ့ လမ်းကြောင်းကိုလျှောက်လှမ်းနေတဲ့ ခြိမ့်ကေကိုဟာ ဘဝလမ်းခရီးကိုလည်း အခက်အခဲတွေကြားက ဖြတ်သန်းနေသူတစ်ဦးပါ။
ဒီနေ့လေးမှာတော့ မိခင်ဖြစ်သူ ရန်ကုန်ရောက်ချိန်မှာ သူရတဲ့အနုပညာကြေးလေးတွေကိုစုဆောင်းပြီး ရွှေဆွဲကြိုးဝယ်ပေးခဲ့တဲ့အကြောင်းရေးသားထားပါတယ်။
“ကျွန်တော်banana အမေ ရန်ကုန်သို့အလည်ရောက်တုန်းလေး ကျွန်တော်banana ရတဲ့အနုပညာကြေးလေးတွေစုပြီး အမေအားဆွဲကြိုးလေးဝယ်ပြီ ကန်တော့လိုကိပါတယိအမျိုးတို့ အရမ်းပီတိဖြစ်မိပါတယ်”
ခြိမ့်ကေကိုရဲ့ မိဘကျေးဇူးသိတတ်မှုကတော့ အတုယူ လေးစားစရာကောင်းလှပါတယ်။ ဘနားနားတစ်ယောက် သူလျှောက်လှမ်းချင်တဲ့အနုပညာလောကမှာ ဒီထက်မကပိုမိုအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။We Love Cele
Photos-Chaink K Ko