The Mask Singerမှာ ပါဝင်ခွင့်ရလို့ အရမ်းပျော်တယ် ဆိုတဲ့ ကြောင်မလေး (မိတ်ကပ် မထက်)

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Moekalay
Source;ma htet
Photo;me

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် ဟာဆိုရင် အနုပညာရှင်တွေကို ခြယ်သပြင်ဆင်ပေးပြီး မြန်မာနိုင်ငံရဲ့ အလှဖန်တီရှင်များထဲမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးပါ။ သူမ သရုပ်ဆောင်ရိုက်ကူးထားတဲ့ ” ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ The Mask singer မှာ ကြောင်မလေး အဖြစ်ပါဝင်ခဲ့တဲ့ မထက် ပုံရိပ်ကလေးတွကို ဖော်ပြပေးလိုက်ပါတယ်နော်။

မထက်ဟာဆိုရင် LGBT လောကထဲမှာ အမျိုးသမီး တစ်ဦးလို အမြဲလှပနေတဲ့ နာမည်ကြီး သူတစ်ဦးပါ။ အမျိုးသမီးတစ်ဦးလို ပြေပြစ်လှပတဲ့ Body ကို ပိုင်ဆိုင်ထားတာကြောင့်လည်း သူမကို ချစ်တဲ့ သူတွေများနေတာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတာတွေ့ရပါတယ်။

အလှအပနဲ့ ပတ်သက်ပြီး ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ သူမက ဒီတစ်ခါမှာတော့ ပရိသတ်တွေကြား လက်ရှိစိတ်ဝင်စားမှုရရှိနေတဲ့ The Mask singer မှာ ကြောင်မလေး အဖြစ် ပါဝင်ခဲ့တာပါ။

မထက် က ” သီအိုရီတွေ မှားသွားလည်းဘဲ ငါရင်ခုန်တာ မင်းတယောက်ဘဲ….The Mask Singerမှာ ပါဝင်ခွင့်ရလို့ အရမ်းလည်းပျော်သလို ခင်ကြချစ်ပေးကြလို့လည်း အရမ်းပျော်ပါတယ် အသံဆိုးလေးကို နားလည်ပေးကြပါနော်အားပေးကြတဲ့ တဦးတယောက်ချင်းကို အရမ်းကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောထားပါတယ်။

နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။

Moekalay
Source;ma htet
Photo;me