မြန်မာ့ရုပ်ရင်ထူးချွန်ဆု အကယ်ဒမီပေးပွဲ ကျင်းပမည့် နေ့ရက်လျာထားချက် ထွက်ပေါ်လာ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားဟာ နှစ်စဉ်ကျင်းပေနေကြဖြစ်ပါတယ်…မြန်မာ့ရုပ်ရှင်လောကမှာ ထူးချွန်သူတွေကို ရွေးချယ်ပြီး အကယ်ဒမီဆုပေးအပ်တာမို့ အနုပညာရှင်တိုင်းက တန်ဖိုးထားလိုချင်ကြပါတယ်…ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ဆုပေးမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကိုတော့ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ကျင်းပဖို့ လျာထားတယ်လို့ 7Day ကဖော်ပြတဲ့ သတင်းတစ်ပုဒ်အရသိရပါတယ်…

မတ်လ ၂၉ ရက်နေ့မှာ ကျင်းပဖို့ လျာထားကြောင်းကိုတော့ လက်ရှိဥက္ကဋ္ဌအသစ်ဖြစ်လာခဲ့တဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောကြားခဲ့တာဖြစ်ပြီး ပွဲကျင်းပမယ့်နေရာကိုလည်း ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ဖို့ ခွင့်ပြုချက်တင်ထားတယ်လို့လည်း ဆိုပါတယ်…

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေကတော့ အကယ်ဒမီစာရင်းဝင် ၉၇ ကားထိရှိနေတာဖြစ်ပြီး ဒီအရေအတွက်ဟာ ဇာတ်ကားအများဆုံးနှစ်တစ်နှစ်ဖြစ်တယ်လို့လည်း သိရပါတယ်…ဒီဇာတ်ကားတွေကိုတော့ ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က ကြည့်ရှုခဲ့ပြီး စံကာတင် ၂၉ ကားရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်…

ဒီနှစ်မှာတော့ ဘယ်သူတွေကများ အကယ်ဒမီရွှေစင်ရုပ်တုတွေကို ပိုင်ဆိုင်သွားမလဲ…ပရိသတ်ကြီးတို့ရစေချင်သူတွေ ရသွားမလားဆိုတာကတော့ တကယ့်ကို စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်နော်..7Day