ကြွေရုပ်လေးအလား အထင်မှားသွားစေလောက်တဲ့ နန်းစုရတီစိုးရဲ ့ အလှ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ နန်းစုရတီစိုးကတော့ မော်ဒယ်၊သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း နယ်ပွဲတွေမှာ ဖျော်ဖြေနေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတာဖြစ်ပါတယ်။

နန်းစုရတီစိုးကတော့ သူမရဲ့ အလှဆုံးပုံရိပ်တွေကိုလည်း ပရိသတ်တွေကို အမြဲမျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဒီကနေ့မှာလည်း ဖေစ်ဘုတ်ပေါ်ကနေတစ်ဆင့် ဓါတ်ပုံတွေကို တင်ပေးလိုက်ပြန်ပါပြီ။

နန်းစုရတီစိုးကတော့ ပျော်ပွဲစားထွက်နေတဲ့ ကောင်မလေးတစ်ယောက် သာသာယာယာ အပန်းဖြေနေတဲ့ပုံစံလေးကို ပုံဖော်ပြီး ဓါတ်ပုံတွေရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ထိလိုက်ရင် ကြွေကျသွားမှာစိုးရလောက်အောင် ကြွေရုပ်လေးလို လှနေတဲ့ နန်းစုရတီစိုးရဲ့ ဓါတ်ပုံတွေကို သဘောကျနှစ်ခြိုက်ကြရဲ့လား ပရိသတ်ကြီးရေ။