Show ဆိုလို့ရတဲ့ ပိုက်ဆံနဲ့ ကင်ဆာရောဂါသည် တွေကို အလှူငွေတွေ လှူဒါန်း ခဲ့တဲ့ မီးမီးခဲ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႏိုင္ငံေက်ာ္ ေတးသံရွင္ မီးမီးခဲ ဟာဆိုရင္ ပရိသတ္ေတြ ခ်စ္ခင္အားေပးရတဲ့ ႏိုင္ငံေက်ာ္အႏုပညာရွင္တစ္ဦးပါ။ သူ႔ရဲ႕ သီခ်င္းေလးေတြက ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အျမဲရွိၿပီး ပရိသတ္ေတြကို သူမရဲ႕ ထူးျခားတဲ့ အသံေလးနဲ႔ ဆြဲေဆာင္ထားတာေၾကာင့္ သူမကို ခ်စ္တဲ့ ပရိသတ္အခိုင္အမာရရွိထားသူပါ။ ဒီတစ္ခါမွာေတာ့ မိုမိုေလးပရိသတ္ႀကီးအတြက္ မီးမီးခဲ က ကင္ဆာေရာဂါ သည္မ်ားအားသြားေရာက္ အားေပးၿပီး အလွဴေငြ လွဴဒါန္း ခဲ့တဲ့ အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

မီးမီးခဲက သူမရဲ႕ ႏွစ္အေတာ္ၾကာမွ ထြက္ရွိလာတဲ့ သီခ်င္းအသစ္ကေလး ျဖစ္တဲ့ ငါ့ရဲ႕ မ်က္ဝန္းညိဳ သီခ်င္းေလးကလည္း ပရိသတ္ေတြၾကားမွာ နာမည္ႀကီးသြားတာပဲ ျဖစ္ပါတယ္။မီးမီးခဲက လက္ရွိမွာ ရင္သားကင္ဆာ အဆင့္၄ ကို ခံစားေနရတဲ့ အျပင္ ေနာက္ထပ္ အသစ္ေပၚလာတဲ့ ဘက္ဦးခြံ မွကင္ဆာကို ဓာတ္ေရာင္ျခည္နဲ႔ ကုေနရၿပီး သက္သာသြားၿပီလို႔ လည္ဴ သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေဖာ္ျပထားပါတယ္။

ဒီေန႔မွာေတာ့ မီးမီးခဲ က First Solo Show ပြဲ မွ ရတဲ့ အႏုပညာေၾကးကို ေျမာက္ဥကၠလာ ေဆးရံု က ကင္ဆာေရာဂါ သည္ေတြကို သြားေရာက္လွဴဒါန္းခဲ့ ေၾကာင္း ခုလို ေျပာထားပါတယ္။

မီးမီးခဲ က ” ေျမာက္ဥကၠလာ ေဆးရံု က ကင္ဆာေရာဂါ သည္ေတြဆီ ခြန္အားေပး ,အားေပးသီခ်င္းေလးေတြဆိုရင္းအလွဴေငြေတြ လွဴဒါန္း ခဲ့ပါတယ္..
Show က ပရိတ္သတ္မိတ္ေဆြမ်ားေပးတဲ့ ေမတၱာေၾကာင့္ အခုလို သြားေရာက္ လွဴဒါန္းႏိုင္ခဲ့တာပါ..
God Bless You All..အတူပါဝင္ ၾကတဲ့ဆရာစံပီး ,လားေဖာဆက္,အယ္စတာေဒြး,ပါဝင္ကူညီတဲ့အေယာက္တိုင္း ဘုရားရွင္သာ၍ ေကာင္းၾကီးေပးပါေစ ” ဆိုၿပီးေျပာထားပါတယ္။

အဆိုေတာ္ မီးမီးခဲ ရဲ႕ မြန္ျမတ္တဲ့ အလွဴအေၾကာင္း ကို ပရိသတ္ေတြ သိရေလာက္ၿပီ ထင္ပါတယ္။

Moekalay
Source;real mee mee khal

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် တေးသံရှင် မီးမီးခဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိပြီး ပရိသတ်တွေကို သူမရဲ့ ထူးခြားတဲ့ အသံလေးနဲ့ ဆွဲဆောင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးအတွက် မီးမီးခဲ က ကင်ဆာရောဂါ သည်များအားသွားရောက် အားပေးပြီး အလှူငွေ လှူဒါန်း ခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မီးမီးခဲက သူမရဲ့ နှစ်အတော်ကြာမှ ထွက်ရှိလာတဲ့ သီချင်းအသစ်ကလေး ဖြစ်တဲ့ ငါ့ရဲ့ မျက်ဝန်းညို သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားတာပဲ ဖြစ်ပါတယ်။မီးမီးခဲက လက်ရှိမှာ ရင်သားကင်ဆာ အဆင့်၄ ကို ခံစားနေရတဲ့ အပြင် နောက်ထပ် အသစ်ပေါ်လာတဲ့ ဘက်ဦးခွံ မှကင်ဆာကို ဓာတ်ရောင်ခြည်နဲ့ ကုနေရပြီး သက်သာသွားပြီလို့ လည်ူ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

ဒီနေ့မှာတော့ မီးမီးခဲ က First Solo Show ပွဲ မှ ရတဲ့ အနုပညာကြေးကို မြောက်ဥက္ကလာ ဆေးရုံ က ကင်ဆာရောဂါ သည်တွေကို သွားရောက်လှူဒါန်းခဲ့ ကြောင်း ခုလို ပြောထားပါတယ်။

မီးမီးခဲ က ” မြောက်ဥက္ကလာ ဆေးရုံ က ကင်ဆာရောဂါ သည်တွေဆီ ခွန်အားပေး ,အားပေးသီချင်းလေးတွေဆိုရင်းအလှူငွေတွေ လှူဒါန်း ခဲ့ပါတယ်..
Show က ပရိတ်သတ်မိတ်ဆွေများပေးတဲ့ မေတ္တာကြောင့် အခုလို သွားရောက် လှူဒါန်းနိုင်ခဲ့တာပါ..
God Bless You All..အတူပါဝင် ကြတဲ့ဆရာစံပီး ,လားဖောဆက်,အယ်စတာဒွေး,ပါဝင်ကူညီတဲ့အယောက်တိုင်း ဘုရားရှင်သာ၍ ကောင်းကြီးပေးပါစေ ” ဆိုပြီးပြောထားပါတယ်။

အဆိုတော် မီးမီးခဲ ရဲ့ မွန်မြတ်တဲ့ အလှူအကြောင်း ကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။

Moekalay
Source;real mee mee khal